ကြော်ငြာကဏ္ဍ

Mudita Shwekyaung – အရှင်ဥာဏီကာဘိဝသ ကျောင်းထိုင်တဲ့ မုဒိတာရွှေကျောင်း တနှစ်ပြည့်အလှူပွဲ ဖိတ်


အရှင်ဥာဏီကာဘိဝသ ကျောင်းထိုင်တဲ့ မုဒိတာရွှေကျောင်း တနှစ်ပြည့်အလှူပွဲ ဖိတ်

မိုးမခရွာဆော်ကြီး၊ ဇူလိုင်၊ ၁၁၊ ၂၀၁၂

မုဒိတာရွှေကျောင်းရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်ပွဲကို ကာလီဖိုးနီးယားပြည်နယ် ဟေးဝပ်မြို့၊ မုဒိတာရွှေကျောင်းမှာ အကြိုဓမ္မသင်တန်းများ၊ ရွှေဓမ္မသဘင်များနဲ့  ၂၀၁၂ ခု ဇူလိုင်လ ၁၅ ရက် (July 15, 2012) တနဂ င်္နွေနေ့ နံနက် ၁၀ နာရီမှ   နေ့လယ် ၁ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါမယ်။ ကျောင်းတည်စက စလို့တစ်နှစ်တာအတွင်း မိမိတို့လှူဒါန်းထားခဲ့ကြတဲ့ ကုသိုလ်တံဆိပ် မုဒိတာရွှေကျောင်း ကျောင်းတော်ရိပ်မှာ ခေတ္တခဏ လာရောက်ခိုနား မုဒိတာပွားရင်း ကုသိုလ်ရှင်များရဲ့စေတနာထားကာ လှူဒါန်းကြမယ့် မြန်မာ့ရိုးရာ စားသောက်ဖွယ်များကိုလည်း ကြွရောက်သုံးဆောင်ကြဖို့လေးစားစွာ ဖိတ်ကြားပါတယ်။

တရားသင်တန်းနှင့်တရားပွဲများ

ဇူလိုင်လ ၁၀ ရက်မှ၁၃ ရက်နေ့အထိ ညစဉ်၇ နာရီ

တောင်စွန်း ဓမ္မဘေရီဆရာတော်-၏ ဓမ္မစင်္ကြာသင်တန်းနှင့်

၁၄ ရက်နေ့နှစ်လည်အကြိုည မုဒိတာရွှေတရားပွဲ

ဇူလိုင်လ ၁၅ ရက်ညနေ ၇ နာရီ

မန္တလေးမြို့၊ စွယ်တော်ကျောင်းတိုက် ဆရာတော် ဦးသုစာရိန္ဒ (မန္တလေး ပရိယတ္တိ သာသနာ့တက္ကသိုလ် အဘိဓမ္မာပါမောက္ခ နှင့်ပါမောက္ခချုပ်(၁၉၈၆-၁၉၉၈) ၏ နှစ်လည်အောင်ပွဲ တရားပွဲ

အလှူရှင်များမှာ အောက်ဖော်ပြပါ စာရင်းအပြင် အခြားအလှူရှင်များကလည်း မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများ ထပ်မံတိုးချဲ့ပြီး စတုဒိသာမဏ္ဍပ်များနဲ့ ဧည့်ခံကုသိုလ်ပြုကြမယ်လို့ သိရပါတယ်။

မိခင်ကြီး ဒေါ်မိလီအမှူးထားပြီး သားသမီးမြေးမြစ်နှင့်မိတ်ဆွေများက   မုန့်ဟင်းခါး

မိခင်ကြီး ဒေါ်ဟယ်လင်လင်းအမှူးထားကာ မာဂရက်လင်း ဒေစီလင်းမိသားစု   ဖာလူဒါ

ခြူးမိသားစု   ဗယာကြော်သုပ်

ဦးကျော်လင်း ဒေါ်နန်းခမ်းရွှေ၊ ဦးဂျက်ဆင်ဒေါ်အေးအေးနွယ်မိသားစု   ရှမ်းခေါက်ဆွဲ တို့ဟူးနွေး

ကိုဂျေဆင်မတင်တင်အေး   ဒန်ပေါက်

ဦးကြည်တိုး ဒေါ်သန်းငြိမ်း ညီမ ဒေါ်နီမိသားစု   ရေခဲသုပ်

နှစ်ဖက်မိဘများအမှူးထား၍ ကိုအောင်မင်း မစန္ဒရာ   ခေါက်ဆွဲသုပ်

မိုးမခမိသားစု   ဆီထမင်း ကြက်ကြော်

ကိုညွန့်သန်း မထွေးထွေးဝင်းမိသားစု   ကြက်သားဆာတေး

မေတ္တာရောင်ခြည်ဝတ်အသင်း   ဆွမ်း ဆွမ်းဟင်း သစ်သီးစုံ

          တနှစ်ပြည့်အထိမ်းအမှတ် ကျောင်းဆောင်နဲ့ ကျောင်းမြေ တိုးချဲ့မည့် သတင်းကောင်း

            လက်ရှိ ကျောင်းနေရာနှင့် ကပ်လျက် ခြံမြေကိုပါ တိုးချဲ့ပြီး မုဒိတာရွှေကျောင်းရဲ့ သာသနာရေးနဲ့ မြန်မာမိသားစုများအတွက် သာရေး နာရေးများပါ နေရာပေး ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်းနဲ့ ကျောင်းနဲ့ မြေ အလှူရှင်များကိုလည်း ဖိတ်ခေါ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ဆက်သွယ်ရန်

Mudita Shwe Kyaung, 27695 Leidig Ct, Hayward, CA 94544 Phone: 510 785 0787/ 510 574 5442 (c)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts