ဝေဖန်ရေးရာ

Shwe Pyi Soe – ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီး သမ္မတကြီး ငြှိမ်းပေးပါ

ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီး သမ္မတကြီး ငြှိမ်းပေးပါ

ရွှေပြည်စိုး။ ဇူလိုင် ၁၀၊ ၂၀၁၂

ဗိုလ်ချုပ်မှူးကြီးမွှေးခဲ့တဲ့မီးရဲ့ နောက်ဆက်တွဲအဖြစ် “သားသမီးနှစ်ဦးလုံးဖြစ်နေတာ ကြောင့် အမွေတွေကို အညီအမျှ တ၀က်စီခွဲယူဖို့ဟူသော ရန်ကုန်အနောက်ပိုင်းခရိုင်တရားသူကြီးက ဆုံးဖြတ်”ဆိုတဲ့ “မီး” တောက်က ဆက်လက်တောက်လောင်နေပါတယ်။ ၂၀၁၂-၆-၂၂ ရက်နေ့က ဆုံးဖြတ်ချက်ချကြောင်း ၂၀၁၂-၆-၂၄ ရက်နေ့ ထုတ် အာအက်ဖ်အေသတင်းမှာ တွေ့ရပါတယ်။ ဒီမီးဟာ န၀တ၊နအဖ ဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရှို့ခဲ့တဲ့မီးရဲ့ နောက်ဆက်တွဲမီးတွေ ဖြစ်တယ်လို့သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ မနာလိုမုန်းတီးမှုအစ

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ အရေးအခင်းမှာပါဝင်လာတာက ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ် မနာလိုမုန်းတီးမှုက စတာပါ။

ဖျောက်ဖျက်ကွယ်ဝှက်လို့မရတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ်မုန်းတီးမှုများ

များစွာသော ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ်မုန်းတီးမှုတွေထဲက ဖျောက်ဖျက်ကွယ်ဝှက် လို့မရတဲ့ သာဓကကြီးသုံးခုကို တင်ပြပါမယ် ဒီသုံးခုစလုံးဟာ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြချက်အရ သိရှိရသလို လူတိုင်းနားလည်ထားတဲ့ အတိုင်းဖြစ်ပါတယ်။ အဲဒါတွေက –

၁။  ၁၉၉၆ နောက်ပိုင်းမှာ NLD ပါတီဝင်တွေကို အမြစ်ပြတ်ခြေမှုန်းဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ်ခဲ့တဲ့အတွက် NLD ပါတီဝင်တွေကို အပြစ်ရှာနှိမ်နင်းခဲ့တယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောကြားကြောင်း သိရှိရပါတယ်။ (မိုးမခ၊ ၂၅-ဖေဖေါ်ဝါရီ-၂၀၁၂)

အဲဒီအမိန့်အရ NLD ပါတီဝင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီလှုပ်ရှားသူတွေဟာ ရေဖြတ်၊မီးဖြတ်တာကအစ အပြစ်ရှာ၊ ပြဿနာဖန်တီးပြီး ကျူပင်ခုတ်၊ကျူငုတ်မကျန်၊ သားစဉ် မြေးဆက် အကုန်လုံးကိုဒုက္ခပေးခံခဲ့ကြရပါတယ်။ ဒါလည်းအားလုံးသိပြီး ဖြစ်ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မလိုမုန်းတီးရာကစတဲ့မီးတောက်များထဲက တခုပါ။ ဒီပြဿနာတွေဟာ သမတကြီး ဦးသိန်းစိန်ကိုယ်တိုင် တွေ့မြင်သိရှိခဲ့ပြီးဖြစ်တဲ့ ပြဿနာတွေပါ။

၂။        ၂၀၀၃-ခု မေလ-၃၀ရက်ည၊ ဒီပဲယင်းအရပ်မှာ ဒေါ်အောင်ဆန်းဆုကြည်ကို အသေသတ် အပြတ်ရှင်းဖို့ကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လျှို့ဝှက်စီစဉ်ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းထံ ၂၀၀၅-ဧပြီလ-၁ရက်နေ့စွဲပါ နုတ်ထွက်စာတွင် အတိအလင်းဖေါ်ပြထားသလို ဒီလုပ်ကြံမှုကြီးဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ ပက်စက်တဲ့အကြံဆိုတာလည်း ပြည်သူအားလုံး သိကြပါတယ်။

ဒီလုပ်ကြံမှုကြီးကိုလည်းသမတကြီးကိုယ်တိုင် ဒီဖြစ်စဉ်တွေကို သိရှိပြီးသားလို့ ယုံကြည်ပါတယ်။ ဒီလုပ်ကြံမှုကြီးတွင် လက်နက်မဲ့အပြစ်မဲ့ပြည်သူ ၂၈၀ ကျော်သေဆုံးခဲ့ရပြီး အများ အပြားဒဏ်ရာရပြီး ဖမ်းဆီးချုပ်နှောင်၊ ထောင်ချခြင်းခံခဲ့ရပါတယ်။ ဘာကြောင့်ဗိုလ်ချုပ်မှူးကြီးက ဒီလိုလုပ်တယ်ဆိုတာနဲ့ တရားမျှတမှု မရှိဘူးဆိုတာလည်း သမတကြီးကသိရှိပြီးလို့ ယုံကြည်ပါတယ်။

ဒါဟာလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ် ဖျောက်ဖျက်ကွယ်ဝှက်လို့မရတဲ့ ဒေါသ မီးတောက်တွေထဲက တခုပါ။

၃။  လက်ရှိဒေါ်အောင်ဆန်းစုကြည်နေနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို မွေဆိုင်မှုဖြစ်အောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖန်တီးကြောင်းကိုလည်း ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ရေးတဲ့ စာကို ခေတ်ပြိုင်ဂျာနယ်တွင် ၂၀၀၈-၆-၂၀ရက်နေ့ ဖတ်ရပါတယ်။

စစ်ထောက်လှမ်းရေးအရာရှိဟောင်း မပြောခင်ကတည်းက ယင်းအိမ်အမွေဆိုင်မှုဟာ ယုတ်မာ၊ ကောက်ကျစ် စဉ်းလဲတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပက်စက်သောအကြံအစည်ဖြစ်တယ် ဆိုတာ အားလုံးသိကြပါတယ်။ ဗိုလ်မှူးဟောင်းရဲ့ ခေတ်ပြိုင်ဂျာနယ်မှာ ဖော်ပြတဲ့စာက ဟုတ်မှန် ကြောင်း အထောက်အထားပိုခိုင်လုံသွားပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်က ၂၀၀၈-၆-၂၀ရက်နေ့ ခေတ်ပြိုင်ဂျာနယ်၌ ဖေါ်ပြရာမှာ-

၁-  ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်မှာ မောင်နှမကြားပြဿနာတခု ဖန်တီးပေးထားခြင်းဖြင့် ဒေါ်စုဧ။်စိတ်မရွှင်လန်း စေသည့်အပြင် ပြည်တွင်း၊ ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်အား အဆိုး မြင်စေခြင်း၊

၂-  ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန်ဦးအောင်ဆန်းဦးဧ။်ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာစေရန် ဆွဲဆောင်ခြင်း၊

၃-  မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်ဧ။်မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီးပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်းသွင်းစေခြင်း

၎-  ဦးအောင်ဆန်းဦးလက်မှတ်ရေးထိုးရန်သေချာမှ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် တရားစွဲမည့် စာရွက် စာတမ်း များကို မြန်မာသံရုံး ၀ါရှင်တန်မြို့သို့ပေးပို့ကာ ၄င်းမှတဆင့် ဦးအောင်ဆန်းဦးထံ စာရွက်စာတမ်းများ ပေးပို့ပြီး လက်မှတ်ရေးထိုး၊ ပြန်ရောက်လာသောစာကို ထိုစဉ်က သံအမတ်ကြီး ဦးတင်ဝင်းမှ မှန်ကန်ကြောင်းထပ်ဆင့်လက်မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသံရုံးချောစာ (pouch) ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

အထက်ပါဗိုလ်မှူးအောင်လင်းထွဋ်ရဲ့စာမှာ ဗိုလ်ချုပ်မှူးကြီးအာဏာရှိစဉ်က  ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လောက် မလို မုန်းထားရန်ငြှိးမီးပွားနေတယ်ဆိုတာ သိလောက် ပါတယ်။ ဒါပေမယ့် ခုအခါမှာ ဗိုလ်ချုပ်မှူး ကြီးဟာ အနားယူသွားပြီးအရင်ကလို သြဇာအာဏာ မရှိတော့၊ ဦးသိန်းစိန်သာ သြဇာအာဏာအပြည့်ရှိတဲ့ သမ္မတကြိးဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီး ၁၉၈၈ ကစပြီး မွှေးခဲ့တဲ့မီးဟာ ဒီနေ့ထိမီးမငြိမ်းသေးဘဲ ဆက်လက်တောက်လောင်နေဆဲ ဖြစ်တယ်ဆိုတာ ၂၀၁၂-၆-၂၄ ရက်နေ့စွဲပါ အာအက်ဖ်အေ သတင်းမှာပါတဲ့အတိုင်း “အမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးစွဲဆိုထားတဲ့ အမွေဆိုင်ကိစ္စမှာ သားသမီးနှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီခွဲဝေယူဖို့ တရားရုံးက ဆုံးဖြတ်ချက်ချ” ဟူသော အမှုကိစ္စဟာ တနှစ်ကျော်လောက်ငြိမ်းနေတဲ့မီးဟာ ဘယ်သူ့လက်ချက် ကြောင့်မသိ အခုပြန်ပြီး တောက်လောင်လာပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီးကြောင့် လင်မယားချင်း၊ သားအမိ သားအဖချင်း၊ ညီကိုမောင်နှမချင်း၊ ဆွေမျိုးချင်း၊ သူငယ်ချင်း ချင်း၊ ရဟန်းသံဃာချင်း စိတ်ဝမ်းတွေကွဲခဲ့ကြရတာ သမတကြီးအသိဆုံးပါ။ (ခုဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မောင်နှမအရင်း ဖြစ်ပါလျက်နဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ သွေးထိုးမှုကြောင့် စိတ်ဝမ်းကွဲ ပြီး တရားရုံးရောက်နေကြတာ သမတကြီးအသိပါ။ ကျော်မကောင်း၊ ကြားမကောင်း၊ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီ။)

ဒီအိမ်အမွေကိစ္စဟာ ဗိုလ်မှူးအောင်လင်းထွဋ် မဖေါ်ထုတ်မီကတည်းက ဗိုလ်ချုပ်မှူး ကြီးရဲ့စနက်ဖြစ်နိုင်တယ်ဆိုတာ လူတိုင်းစိတ်မှာ ယုံကြည်ပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ –

၁။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ ဗိုလ်ချုပ်အောင်ဆန်း(ကွယ်လွန်)ရဲ့အမည်နဲ့ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များအားလုံးကို မှေးမှိန် ပျောက်ကွယ်အောင် လုပ်ခဲ့တာရယ်၊

၂။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်နဲ့လူမျိုးအတွက်အနစ်နာခံ၊ စွန့်လွှတ်စွန့်စားတာတွေကို အသိအမှတ် မပြုတဲ့အပြင် နေရာတိုင်း လိုက်ပြီး ဒုက္ခပေးရုံမက လူကိုပါလုပ်ကြံသတ်ဖြတ်ခိုင်းတာရယ်၊

၃။  ဦးအောင်ဆန်းဦးကလည်း နေစရာမရှိစားစရာမရှိသူလည်းမဟုတ်၊ အိမ်နဲ့ခြံနဲ့ အထက်တန်းကျကျ နေနိုင်၊ စားနိုင်သူဖြစ်နေတာကြောင့် အခုအမွေဆိုင်အိမ်ကို မက်လောက်စရာမရှိလို့ သူ့ပင်ကိုယ်အရ ဒီလောက် လောဘကြီးပုံမရတာရယ်စတဲ့ အထောက်အထားတွေကြောင့် ဖြစ်ပါတယ်။

သမတကြီးဦးသိန်းစိန်ဟာ နိုင်ငံရဲ့အထွဋ်အထိပ်ပုဂ္ဂိုလ်ကြီးဖြစ်နေတာကြောင့် အရာရာကိုအဆုံးအဖြတ်ပေးနိုင်သလို အခုအိမ်အမွေဆိုင်မှုကိုလည်း တရားဥပဒေအရ အမှန်တရားဘက် ကနေ ဆုံးဖြတ်ပိုင်ခွင့်ရှိ ပုဂ္ဂိုလ်ကြီးဖြစ် နေပါတယ်။ ယင်းအမွေဆိုင်မီးကို ငြှိမ်းသတ်နိုင်သော ပုဂ္ဂိုလ်မှာ သမတကြီးမှတပါးအခြားမရှိပါ။

သို့ဖြစ်ပါ၍ ယခုတောက်လောင်နေဆဲဖြစ်သော အမွေဆိုင်မီးကို အချိန်မီငြှိမ်းသတ် ပေးပါရန် သမတကြီးအား အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေပြည်စိုး

၂၉-၆-၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

9 thoughts on “Shwe Pyi Soe – ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီး သမ္မတကြီး ငြှိမ်းပေးပါ
  1. It had happened dam stupid things in past 20-years.
    (1) Bogyoke Aung Sun No
    (2) Thakhin Kotaw Hmaing No
    (3) Saya Min Thuwon No
    (4) Saya Zaw Gyi No
    (5) Ludu Daw A-mar No
    (6) Saya Dr. Than Tun No
    (7) Daw Aung Sun Su Kyi No
    (8) Tin Moe, Swan Yi, Win Pe, Ma Ma Aye No
    Will USDP carry on these stupid heritages?

  2. အစွယ်လိုသူ ဗိုလ်ချုပ်မှူးကြီး
    အသွားစေခိုင်းသူ လဲ့နွယ်သိန်း
    လေးပစ်သူ ဘုရားကျွန်တော် အောင်ဆန်းဦးကြီး ဖြစ်နေပါပေါ့လား……။
    သောနုတ္ထိုရ်ကြီး ဦးအောင်ဆန်းဦးရေ…
    ဖခင်ဗိုလ်ချုပ်အောင်ဆန်း လိုလားခဲ့တဲ့ ဒီမိုကရေစီလူဘောင်ဆီကို
    ဖခင်ကိုယ်စား တစ်တတ်တစ်အား မပါဝင်ရကောင်းလားလို့ခင်ဗျားကိုအပြစ်မတင်လိုပေမဲ့…..ဗမာပြည်သူ
    လူထုတစ်ရပ်လုံးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်မှုတွေနဲ့အတူ နိုင်ငံခေါင်းဆောင်များ ကမ္ဘာ့
    ပြည်သူများကပါ လေးစားအားကျ ဂုဏ်ယူနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေး
    လမ်းကြောင်းကို သမိုင်းသစ္စာဖေါက်တွေရဲ့အလိုကျ မိန်းမခိုင်းတဲ့အတိုင်းလုပ်နေတဲ့ ဦးအောင်ဆန်းဦးရဲ့
    တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်ဟာ ရှက်တတ်မယ်ဆိုရင် တော်တော့်ကို ရှက်ဖို့ကောင်းလှပါတယ်…
    ဖခင်ဗိုလ်ချုပ်ရဲ့ မွန်မြတ်လှတဲ့သမိုင်းနဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေဘို့အတွက် ခုချိန်မှာ ဖြစ်ပျက်ခဲ့သမျှ အမှန်တရားတွေကို ဖေါ်ထုတ်ဝန်ခံပြီး သမိုင်းမှာ အမဲစက်မကျန်ရအောင် ဆောင်ရွက်ဖို့အချိန်တန်ပါပြီ..။

  3. အိမ်သာစောင့်နတ်ရေ၊ မင်းဘာတွေလျှောက်ပြောနေတာလည်း၊ သူ့ဖာသာ နေတဲ့ ဦးအောင်ဆန်းဦးကို ဘာတွေဝဖန်သုံးသပ်နေတာလည်း၊ သူလည်း သူ့လွတ်လပ်ခွင့်ရှိတဲ့အတိုင်း သူ့ဖာသာ အေးအေးချမ်းချမ်း နေတာပါ၊ မင်းလို ချီးဘရိန်း ဦးနှောက်နဲ့ ၀င်ပြောမနေနဲ့၊ မင်းတို့ ဂုဏ်ယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် လက်တွေ့ကျကျ ဘာတွေလုပ်ပြီးပြီလည်း၊ ဥပမာတစ်ခုပြောမယ်ကွာ နာဂစ်မှာတုန်းက ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန် မင်းတို့လေးစား ဂုဏ်ယူပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က တစ်ပြားတစ်ချပ် လှူခဲ့ဖုးသလား၊ ငါတော့ ဘယ်သတင်းမှာမှ မဖတ်မိ၊ မကြားမိဘူး၊ ဒီနေ့အထိရော လက်တွေ့ကျကျ ဘာတွေလုပ်ပြီးနေပြီလည်း ပြန်သုံးသပ်ကြည့်အုံး၊ သူ့ကို ပြည်သူတွေက လေစားအားကိုးတာမှန်ပါတယ်၊ ဒါပေမဲ့ ပြည်သူတွေအတွက် ဒီနေ့အထိ ဘာတစ်ခုမှ လက်တွေ့ကျကျ လုပ်ခဲ့တာ မရှိဘူး၊ သူ့လင်ဘက်က အမျိုးတွေ ပေးစာကမ်းစာရအောင် လေပန်းပြနေတာပဲရှိတယ်၊ စားကောင်းပြီး အနေချောင်အောင် လုပ်ပြနေတာပါ၊ လက်တွေ့ကျကျလည်း သုံးသပ်ကြည့်ကြပါအုံး၊ မင်းတိုက့တော့ ကိုယ်တိုင်ကလည်း ဘာမှ မစွမ်းနိုင်၊ လုပ်လည်း မလုပ်တတ်၊ လုပ်လည်း မလုပ်ရဲတော့ အဖြစ်မရှိတဲ့သူကို အားကိုးမိနေတာပါ၊ တစ်ကယ်ဆိုရင် မင်းတို့ဟာ ၈၈ က မင်းကိုနိုင်၊ ကိုကိုကြီးတို့လောက်တောင် လက်တွေ့မကျ စိတ်ကူးယဉ်သမားသက်သက်တွေပဲ

  4. ခင်ဗျား ကကော ရူးနေလား နာဂစ် တုန်းက ခင်ဗျားရဲ့ ဘဘ ဗိုလ်ချုပ်ကြီးတွေ ကဘာတွေ များထူးထူးခြားကူညီ ခဲ့လို့လဲ။အကူညီ တွေ အားလုံးရဲ့ ၈၅% က နိုင်ငံခြား အကူညီတွေ ဗျ။ခင်ဗျားရဲ့ ဘဘတွေ က သူများလှူတာကို ကို့ အိတ်ထောင် ထဲထည့်ကြ သေးလို့ မနည်း ပြောခဲ့ကြသေးတယ် ဗျ။
    သူများလှူတာ ကို သယ်ပို့ ပေးတာဘဲ ရှိတယ်။NGO တွေ ခင်မျာလဲ အကူအညီ အရမ်းလိုနေတဲ့ သူတွေ ရောက်အောင်သွားချင်ခဲ့ ပေမယ့် ခင်ဗျားရဲ့ ဘဘ နေက ဟိုနေရာ မသွားရဘူး ဒီ နေရာ မသွားရဘူး လုပ်လို့ မကြွေသင့် ဘဲကြွေသွားရတဲ့ ပြည်သူတွေ ဒုနဲ့ဒေးဘဲ။နောက် ဆုံးဗျာ တောကြို အုံကြားမျာ သေဆုံး သွားတဲ့ ပိုင်ရှင်မဲ့ အလောင်းတွေ ကို လိုက်ကောင်ပြီး သဂြိုလ်တဲ့ ကိစ တွေ လုပ်ပေးခဲ့ တာတောင်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ကလူတွေ နဲ့ ဒေသခံ တပိုင်တနိုင် ကူညီပေး နေသူတွေ ဘဲဗျို့။ ခင်ဗျားရဲ့ ဘဘတွေ မဟုတ်ဘူး။ ခင်ဗျား ရဲ့ ဘဘတွေ ခောတ်ကုန်သွားတာ မချိတင်ကဲဖြစ်ပြီး လိုက်ပြီး မချိ တင်ကဲ ဖြစ်မနေပါနဲ့

  5. ဖြုတ်ဦးနှောက် ဖွတ်ခန္ဓာနဲ့ စုံလုံးကန်းနေတဲ့ သက်အူးရေ….
    “ဒေါ်စုက တိုင်းပြည်အတွက် လက်တွေ့ကျကျ ဘာတွေလုပ်ပြီးပြီလဲ”
    “စားကောင်းပြီး အနေချောင်အောင်လုပ်ပြနေတာပါ” ဆိုတဲ့စကားမျိုးပြောတတ်တဲ့ မင်းလိုကောင်ရဲ့ ပါးစပ်က ထမင်းစားဖို့ မတန်ဘူးဆိုတာ သိသင့်တယ်ကွ။ ၂၄နှစ်လုံးလုံး ဒေါ်စုကို မင်းပထွေး အာဏာရှင်က
    ဘာတွေလုပ်ခဲ့သလဲ မင်းမသိဘူးလား။ ဒါတောင်မှ ဒေါ်စုလုပ်ပြခဲ့တာတွေ လုပ်နေတာတွေကို မမြင် မကြား မသိချင်ယောင်ဆောင်ပြီး စုံလုံးကန်းပြနေတာတော့ ကောင်းဘူးပေါ့ကွာ။
    မင်းဟာနွားခြေရာခွက်ထဲက ဖားသူငယ်လို စကားမျိုးဘဲပြောတတ်တယ်။
    “နာဂစ်တုန်းက ဒေါ်စုဘယ်လောက်လှူခဲ့သလဲ” တဲ့ ……………… ဟုတ်လား။
    ဒေါ်စုက တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့သူကွ။ နာဂစ်ဖြစ်တဲ့ ဧရာဝတီ တိုင်းဒေသအချို့ကိုမပြောနဲ့ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ တို့ဗမာပြည်ကြီးနဲ့ တစ်မျိုးသားလုံး အတွက် သူ့အသက် သူ့ခန္ဓာ သူ့ဘ၀ အားလုံးကို မွန်မြတ်စွာပေးလှူပြီးသားဆိုတာ မင်းသိအောင်ပြောပြလိုက်မယ် ဖြုတ်ဦးနှောက်ရေ……
    နောက်တစ်ခုက မင်းပြောတဲ့ “သူ့ကိုပြည်သူတွေ လေးစားအားကိုးတာတော့ မှန်ပါတယ်” ဆိုတဲ့စကားက
    အလုံးစုံ မမှန်သေးဘူးကွ။ ဒေါ်စုကို ပြည်သူတွေက “အကြောက်တရားမဲ့” လေးစားအားကိုးကြတာကွ…
    လေးစားထိုက်သူ အားကိုးထိုက်သူမို့ မင်္ဂလာတရားနဲ့အညီ လေးစားအားကိုးကြတာ သိရဲ့လား။
    ဒါကို မင်းတို့လို မှူးကြီးနောက်လိုက် ချီးခြောက်ကောက်စားတွေက ဘယ်လိုမှ မုဒိတာ မပွားနိုင်ဘူးဆိုတာ အသိသာကြီးပါကွာ။ တစ်ခုတော့ပြောလိုက်မယ် ဖွတ်ကိုယ်လုံးကြီးနဲ့ သက်အူးရေ
    ဖထွေးကိုထိလို့ မချိအောင်နာတယ်ဆိုရင်တောင် ငါ့စကားနွားရ ပလီပလာတွေနဲ့ သမိုင်းကို ပြောင်းတိပြောင်းပြန် မလုပ်ပါနဲ့ကွာ။ သမိုင်းဆိုတာ မင်းတစ်ယောက် ဒါမှမဟုတ် မင်းတို့လူတစ်စု ဟောင်နေရုံနဲ့ ပျောက်ပျက်ပြောင်းလဲသွားမှာ မဟုတ်လို့ အမှန်ကို သိမြင်လက်ခံဖို့ ကြိုးစားလိုက်ပါဦးကွာ…………….
    (အောင်ဆန်းဦးဟာ မင်းပြောသလို သူ့ဟာသူ အေးအေးနေရင် ဘာမှပြောစရာ မလိုပေမယ့်… အေးအေးမနေ လုပ်သင့်မလုပ်သင့် မစဉ်းစားဘဲ……. မင်းလိုဖြုတ်ဦးနှောက်နဲ့ သူများအသုံးချခံ လက်ကိုင်ဒုတ်ဖြစ်နေလို့ ဒီစာကို ရေးရတာပါကွာ……)

  6. အိမ်စောင့်နတ်ပြောတာ ဟုတ်လိုက်လေကွာ အမေစုက ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့သူပဲ ချမ်းသာတဲ့သူမှ
    မဟုတ်တာ….ဘာတဲ့….အမေစုက အသက် ခန္ဓာ ဘဝ မိသားစု ကိုယ်ကျိုးစီးပွား အားလုံးကို…… အားလုံးအတွက် လှူဒါန်းထားတာ ဒီထက်မွန်မြတ်တာ ဘာရှိသေးလဲ မှန်ပါ့ကွာ
    ဟို…ကိုယ်ကျိုးရှာကြီးတွေနဲ့တော့ သောက်ကျိုးနဲကွာပါ့….တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေနဲ့ ကျိကျိတက်ချမ်းသာနေတဲ့ကောင်တွေကတော့ ရသမျှအိတ်ထဲထည့်ပြီး ဘာတစ်ခုမှ
    မလှူဒါန်းတဲ့ တစ်ကိုယ်ကောင်းသမားတွေနဲ့တော့ နံ့သာဆီနဲ့ အီးဘဲကွာ…ဒါဘဲ

  7.ိလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျက်နှာကို အိုးမဲသုတ်ဖို့ကြိုးစားနေတဲ့ အောင်ဆန်းဦးကို
    ဝေဖန်တာ ဘာဖြစ်လဲ ဝေဖန်သင့်လို့ ဝေဖန်တာကို မယားပါသားသက်ဦးဆိုတဲ့ သူတောင်းစားက
    ဘာဖြစ်လို့ ကြားထဲက ဝင်နာနေရတာလဲ
    “သူလည်းသူ့လွတ်လပ်ခွင့်ရှိတဲ့အတိုင်း သူ့ဖာသာ အေးအေးချမ်းချမ်းနေတာပါတဲ့” လခွီးမှဘဲ ဘာမှလည်း
    နားမလည်ပဲနဲ့ လူတတ်ကြီးလုပ်ပြီး လျှောက်ပြောမနေနဲ့
    ““လွတ်လပ်ခွင့်ဆိုတာ တာဝန်သိမှုနဲ့ပေါင်းစပ်နေရတယ်”” နားလည်လား……တာဝန်သိမှုကင်းမဲ့တဲ့
    လွတ်လပ်ခွင့်ဟာ ဗိုလ်ချုပ်အောင်ဆန်းစကားနဲ့ပြောရရင် တို့နိုင်ငံကို ဖာနိုင်ငံကြီးဖြစ်သွားစေနိုင်တယ်။

  8. thetoo ဆိုတဲ့ အစုတ်ပလုတ်ကောင်ရေ
    နင်ကများ တို့အမေစုကို ဘာမှအဖြစ်မရှိတဲ့သူလို့ပြောရအောင် နင်ကကော ဘာအဖြစ်ရှိတဲ့ကောင်မို့လို့လဲ အမေစုထမီအောက်နားမှာ ကပ်နေတဲ့ သဲတစ်မှုန်လောက်တောင်မှတန်ဘိုးမရှိအကောင်ကများ ရာရာစစ
    နင့်လိုကောင်ရဲ့ ပါးစပ်က အမေစုကို ဒီလိုစကားမျိုးရဲတာ အံ့ပါရဲ့ အမေစုအစားပြောလိုက်မယ်ဟေ့
    “ခွေးကိုက်ခံရတာထက်တောင် နာတယ်တော့”

Comments are closed.