ကမာပုလဲ
ဇူလိုင် ၅၊ ၂၀၁၂
ဇူလိုင် ၅၊ ၂၀၁၂
ကျနော်က မြစ်ကိုထားခဲ့တာလား
မြစ်က ကျနော့်ကို ထားရစ်ခဲ့လေသလား
မေမေရေ
မေမေ့ကိုယ်စား
သူ့ကိုလွမ်းတယ် …။
ခုဆို
မိုးစက်တွေအောက်
သူလေ
အထီးကျန် … ကြေကွဲ … နွမ်းလျ
လရောင်ကလည်း
သူ့အလွမ်းကို
မစို့မပို့နဲ့
သူ့ကို အိပ်မက်ထဲထိ လွမ်းခိုင်းနေဦးတော့မှာပဲ …။
ငါးကလေးတွေက
ရေပြင်ပေါ်မှာ ပျံသန်းတယ်
ငှက်ကလေးတွေက
သူတို့ရဲ့ အရိပ်ကို
ဆည်းဆာရီမှာ
အာသာမပြေမှုနဲ့ အဆုံးသတ်တယ်
ဒီ ပန်းချီကား
ကျနော်သာ အပိုင်ဝယ်ထားလိုက်ချင်တယ် မေမေ …။
ကျနော် နှုတ်ဆက်ခဲ့ပါတယ်
ယာယီပါ မေမေရယ်
တကယ့်ကို တခဏပါ
နောက် တရက် နှစ်ရက်ဆို
တရားဝင် ကျင်းပခွင့်မရတဲ့ သူရဲကောင်းတို့ရဲ့ ဈာပန
ကျနော်တို့ ဘ၀နဲ့ရင်းပြီး
ကျနော်တို့ ရင်နဲ့ ကျင်းပမယ်
ဒါဆို
မြစ်တစင်းနဲ့
ယာယီခွဲခွာခဲ့ရတာ ….။ ။