ဓာတ်ပုံသတင်း

မန္တလေးထောင်မှ ယနေ့တစ်ပါးတည်းသာ လွတ်မြောက်

မိုးမခမိတ်ဆွေ
ဇူလိုင် ၄၊ ၂၀၁၂

ယနေ့ ၃.၇.၂၀၁၂-ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသား ရဟန်းတော် တစ်ပါးသာ လွတ်မြောက်ပါတယ်။ ဘွဲ့တော် အရှင်ဝီရိယ၊ လူအမည် ခင်ဇော်ဝင်း၊ အသက်(၃၅)နှစ်၊ (ဘ) ဦးဘိုးဝယ်။ ဇာတိ-စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ နံ့သာကျေးရွာ။

၂၀၀၉ မှာ အဖမ်းခံရ။ ပုံနှိပ် – ၁၇/၂၀ – (၇) နှစ်။ ဗွီဒီယိုအက် – ၃၃ (ခ) (၃) နှစ်။ ပြစ်ဒဏ်ကျခံရ။

နအဖအခြေခံဥပဒေသုံးသပ်ချက် စာအုပ်နှင့်၊ ဆေးရောင်စုံအငြိမ့်ခွေ၊ စိန်စည်သောည မင်္ဂလာဆောင်ခွေများ ဖြန့်ဝေသောကြောင့် အဖမ်း ခံရခြင်းဖြစ်။ စကိုင်းတောင်ရိုး သာသနာ့သိပ္ပံကျောင်းမှာ အဖမ်းခံရခြင်းဖြစ်။

ရောက်စက ရာဇဝတ်သားတွေနှင့်အတူ အိပ်ဆောင်မှာထား။ အလုပ်ရုံမှာ ကျောက်သွေးအလုပ်လုပ်ရ။ အရှင်ဝီရသူ၏ကြိုးပမ်းမှုကြောင့် သီးသန့်မှာနေခွင့်ရ။

ယနေ့- မန္တလေး အက်စ်ဘီမှ စစ်ကိုင်းအက်စ်ဘီသို့လွှဲပြီးလျှင် ရွာပြန်၊ သံဃနာယကထံ ခွင့်တောင်း၊ သိက္ခာထပ်ပွဲကျင်းပပြီးပါက မစိုးရိမ် တိုက်သစ်၊ ဆရာတော်ဦးဝီရသူထံမှာ ပရိယတ္တိစာပေ ဆက်လက်သင်ကြားမည်ဟုဆို။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts