သတင်းပဒေသာ

Suu – ဒေါ်အောင်ဆန်းစုကြည် ခရီးပင်ပန်းသည့်ဒဏ်ကြောင့် လွှတ်တော်တက်မည့်ရက် ရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည် ခရီးပင်ပန်းသည့်ဒဏ်ကြောင့် လွှတ်တော်တက်မည့်ရက် ရွှေ့ဆိုင်း

ဒီပီအေ၊ စကရင်မင်တိုဘီး သတင်း၊ ဇူလိုင် ၁၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည်က ယခု ဇူလိုင် ၄ ရက်နေ့တွင် စတင်ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအတွက် ခွင့်တင်ကြောင်း၊ ဇူလိုင်လ ၉ ရက်မှ တက်ရောက်လိုကြောင်း တင်ပြထားသည်ဟု အင်န်အယ်ဒီပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောကြားသည်ဟု သတင်းများတွင် ရေးသားထားသည်။ ဥရောပခရီးစဉ်မှ အပြန်တွင် ခရီးပင်ပန်းသည့်အတွက် ယခုလို ရွှေ့ဆိုင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလတွင် အင်န်အယ်ဒီပါတီကိုယ်စားလှယ် ၄၂ ဦး နဲ့အတူ ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ နိုင်ငံတကာခရီးစဉ်များ ထွက်ခဲ့သည်။ နိုင်ငံတကာက အစိုးရများ၊ ပြည်သူများနှင့် အဝေးရောက်မြန်မာမိသားစုများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည့်နည်းတူ ဇွန်လ ၃၀ တွင် မြန်မာပြည်သို့ ပြန်လာသည့်အခါတွင်လည်း မြန်မာပြည်သူတွေက ထောင်သောင်းချီပြီး လမ်းပေါ်ထွက် ကြိုဆိုခဲ့ကြသည်။\

http://www.sacbee.com/2012/06/30/4602660/myanmars-suu-kyi-postpones-parliamentary.html 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “Suu – ဒေါ်အောင်ဆန်းစုကြည် ခရီးပင်ပန်းသည့်ဒဏ်ကြောင့် လွှတ်တော်တက်မည့်ရက် ရွှေ့ဆိုင်း
  1. အန်တီစု ကျန်းမာပါစေ။ ပြည်သူ့အကျိုး ဆောင်ရွက်နိုင်ပါစေ။

  2. အမေ…

    အမေထားတဲ့စေတနာကြောင့်အမေအသက်
    ရှည်ပါစေ…အမေ့အပေါ်ယုတ်မာသူများကို
    မေတ္တာဖြင့်အမေအနိုင်ယူနိုင်ပါစေ…
    ပြည်သူ့မေတ္တာများစွာနဲ့အမေကျန်းမာပါစေလို့
    နေ့တိုင်းဘုရားမှာဆုတောင်းမေတ္တာပို့သပါတယ်။

  3. မေစုကျန်းမာရေးကြောင့်နားတာဆိုတော့အရမ်းပင်ပန်းလို့နေမှာပါ။အမေစုအနေနဲ့လွတ်တော်ကိုအမြန်ဝင် နိုင်လေကောင်းလေဘဲလို့ထင်မိပါတယ်။ဒါမှကျနော်တို့တတွေမြင်ချင်တဲ့လွတ်လပ်မျှတတဲ့လွတ်တော်ဖြစ် မှာ လို့ထင်ပါတယ်။လွတ်တော်ဥက္ကဌကြီးလည်းလေ့လာရေးခရီးတွေသွားပြီးပြီဆိုတော့ “မိမိတို့လွတ်တော်မှာ နိုင်ငံတကာလွတ်တော်များနည်းတူ မိမိတို့ ပြုပြင်သွားနိုင်မယ်” လို့ကျနော်ယုံကြည်ပါတယ်။

    1. May healthy,happy and Peace….health is a good prize for every one so we should take-care our health with conscious….May free from all suffer….Best Regards

Comments are closed.