ဓာတ်ပုံသတင်း

သွေးနှင့်ပေးဆပ်နေသူများကို သွေးနှင့်ပြန်၍ ဂုဏ်ပြုသည့်ပွဲကျင်းပ

အရှင်ဝီရသူ
ဇွန် ၂၇၊ ၂၀၁၂

ယနေ့ ၂၆၊ ၆၊ ၂၀၁၂ မနက် ၈း ၀၀ နာရီမှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၌ ရဟန်းရှင်လူ ပြည်သူအများ စုပေါင်း ၍ သွေးလှူဒါန်းပွဲ ကျင်းပကြပါတယ်။

အဆိုပါသွေးလှူဒါန်းပွဲကို ဆရာတော် အရှင်ဝီရသူက ကြီးမှူးကျင်ပခြင်းဖြစ်ပြီး၊ ၂၆၊ ၆၊ ၂၀၁၂ မှာကျရောက်တဲ့ ဆရာတော်အရှင်ဝီရသူရဲ့(၄၄) နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ်ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ကြိုတင်စာရင်းပေးထားသည့် ရဟန်ုးသံဃာများ (၁၃၀) ပါးရှိပြီး၊ ယနေ့မှကြွလာသည့် ရဟန်းသံဃာများရော လူပုဂ္ဂိုလ်များပါဆိုလင် (၁၇၅) ကျော်ရှိခဲ့သော်လည်း၊ သွေးပေါင်ချိန်မပြည့်ခြင်း၊ သွေးကျဆေးမသောက်ခဲ့ရခြင်းတို့ကြောင့် သွေးလှူဒါန်းခွင့်မရကြသူများက တစ်ဝက်နီးပါး ရှိတာကြောင့် (၉၁) ပုလင်းသာ လှူဒါန်းဖြစ်ကြောင်း သိရပါတယ်။

၁၂၊ ၂၊ ၂၀၁၂ တုန်းကလည်း ဗိုလ်ချုပ်မွေးနေ့နှင့် အရှင်ဝီရသူ လွတ်မြောက်မှုတစ်လပြည့် အထိမ်းအမှတ်အဖြစ် ကံတက်ကုန်း မစိုးရိမ်တိုက် သစ်မှာ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့သေးတာဖြစ်လို့ အခုတစ်ခါနှင့်ဆိုလျှင် နှစ်ကြိမ်ရှိပြီ ဖြစ်ပါတယ်။

သွေးလှူဒါန်းပွဲ ကျင်းပတာနဲ့ ပတ်သက်လို့ အရှင်ဝီရသူက အခုလို မိန့်ကြားခဲ့ပါတယ်။

“မွေးနေ့ကတော့ အစစ်အမှန်ပါပဲ၊ ဒါပေမဲ့ မွေးနေ့ပွဲကျင်းပဖို့က အဓိကမဟုတ်ဘူး။ မွေးနေ့ပွဲမှာ နိုင်/ကျဉ်းတွေကို ဂုဏ်ပြုလိုတာက အဓိ ကပါ။” “သွေးနှင့်ပေးဆပ်နေသူတွေကို သွေးနှင့်ပြန်ပြီး ဂုဏ်ပြုတဲ့ပွဲလေးပါ။”

နိုင်ငံရေးအကျဉ်းသားများ၊ လွတ်မြောက်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်တာနဲ့ပတ်သတ်ပြီးတော့လည်း အရှင်ဝီရသူက အခုလို ဆက်ပြော ပါတယ်။

“နိုင်/ကျဉ်းတွေလွတ်မြောက်ဖို့ အာဏာပိုင်တွေနှင့်အတိုက်အခံလုပ်ပြီး ဆုတောင်းပွဲကျင်းပပြီး တောင်းဆိုခဲ့တာလည်း အမှန်ပါပဲ။ မလွှတ်မ ချင်း တစ်လတစ်ခါ တောင်းဆိုပွဲတွေခြိမ့်ခြိမ့်သဲကျင်းပဖို့ ရည်ရွယ်ခဲ့တာလည်း အမှန်ပါပဲ။”

“မန္တလေးထောင်ထဲမှာ ကျန်ရစ်ခဲ့ကြတဲ့ နိုင်/ကျဉ်းတွေကို သွားရောက်အားပေးချင်လို့ ပြည်ခိုင်ဖြိုးပါတီအကူအညီနှင့် အလှူပြုခွင့်တင်ပြထား တာဖြစ်လို့ ဆက်မလုပ်ဖြစ်တာပါ။ အလှူလုပ်ခွင့်တော့ကျပြီး၊ အလှူရှင်စာရင်းနှင့် ထောင်အတွင်းထဲထိ ဝင်ရောက်လိုသူတွေရဲ့ အမည် နေရပ်လိပ်စာ အလုပ်အကိုင် မှတ်ပုံတင်နံပါတ် အပြည့်အစုံတင်ပါဆိုလို့ ဆက်တင်ထားခဲ့တာ။ တစ်နေ့ကျနိုးနိုး၊ တစ်နေ့ကျနိုးနိုးနဲ့ စောင့်မျှော် နေခဲ့ရတာဖြစ်လို့ တောင်းဆိုပွဲတွေ ဆက်မကျင်းပဖြစ်တော့တာပါ။”

“ဒါတောင် နယုန်လပြည့်နေတုန်းက ဆုတောင်းပွဲလုပ်ဖို့ စီစဉ်ခဲ့သေးတယ်။ အိုဘိုးထောင်ကို ဝင်ခွင့်ရပါပြီ။ ရက်ပိုင်းအတွင်း ဝင်ခွင့်ရက်ကို သတ်မှတ်ပေးပါတော့မယ်ဆိုလို့ မလုပ်ဖြစ်ခဲ့တာပါ။”

တောင်းဆိုပွဲ ဆုတောင်းပွဲတွေ မလုပ်တော့ဘဲနဲ့ ဂုဏ်ပြုပွဲပဲလုပ်ဖြစ်သွားတာနှင့်ပတ်သက်ပြီးတော့လည်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ကိုယ်တိုင်က ဇူလိုင်လဆန်းပိုင်းမှာ လွှတ်ပေးမှာပါလို့ ကတိပြုထားတာကတကြောင်း၊ ဦးဇင်းက လွှတ်စေချင်လို့ တောင်းဆိုတယ်။ ဦးဇင်း တောင်းဆိုမှ ပိုဆိုးသွားတယ်ဆိုတာမျိုး ဖြစ်မှာစိုးရိမ်တာကတစ်ကြောင်းပါ။ ဒါကြောင့် သွေးကို သွေးချင်း ပြန်လည်ဂုဏ်ပြုတဲ့သဘောနဲ့ သွေးလှူဒါန်းပွဲကျင်းပရတာပါဟု မိန့်ကြားသွားခဲ့ပါတယ်။

ဆရာတော် အရှင်ဝီရသူဟာ တရားဟောကြွရင်းလည်း နိုင်/ကျဉ်း တွေကို ထောက်ပံ့အားပေးခဲ့သူဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့၊ ကလေးထောင်မှ ကိုအေးအောင်နှင့် ကိုရန်ရွှေ ပဲခူးတိုင်း၊ တောင်ငူမြို့၊တောင်ငူထောင်မှ ကိုရင်ကြီးမျိုးမြင့် ကိုမျိုးသန့်တို့ထံလည်း ပါဆယ် များပို့လှူခဲ့၊ အလှူငွေများပေးအပ်ခဲ့ဖူးပါတယ်၊တောင်ငူထောင်ရှိ ၁၇/၁ (၄၂) ယောက်အတွက် အလှူငွေကျပ်နှစ်သိန်း တစ်သောင်းကိုလည်း အပ်နှံလှူဒါန်းခဲ့ဖူးပါတယ်။ “ဦးဇင်းရဲ့ဓာတ်ပုံထဲက စာတန်းအတိုင်းပါပဲ။ အပြစ်မဲ့အကျဉ်းသားအားလုံး ဝဋ်ကြွေးအမြန်ကြေပါစေ’’ ဟုဆန္ဒပြု သွားခဲ့ပါတယ်။

စဉ်

အမည်

နေရပ်လိပ်စာ

အလှူငွေ

ရက်စွဲ

၃၀ ကိုပြည့်ဖြိုးအောင်+မသက်သက်ခိုင် ၇၁လမ်း၂၇-၂၈ကြား ဆောက်လုပ်ရေး တိုက်တန်း(၃)၊အခန်း(၉) မန္တလေး

၃၀၀၀ိ

12-6-2012

၃၁ ဦးဇောတိပါလ ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၁၅၀၀ိ

၃၂ ဦးကုသလ ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၁၅၀၀ိ

၃၃ ဦးသီရိ ဓမ္မပါကဋကျောင်း မစိုရိမ်တိုက်သစ်

၃၀၀၀ိ

၃၄ ဦးဉာဏောဘာသ ဓမ္မပါကဋကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

၃၅ ဦးဥတ္တမ ဓမ္မဌာနကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၃၆ ဦးနာဂသေန ဓမ္မပါကဋကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀၀ိ

၃၇ ဦးမာဏဝ ဓမ္မဌာနကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၃၈ ဦးဩသဓ ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၄၀၀၀ိ

၃၉ ရှင်ဣန္ဒက ဓမ္မယာနကျောင်း မစိုးရိမတိုက်သစ်

၁၀၀၀၀ိ

၄၀ ဦးဝါယမိန္ဒ ဓမ္မသီတလကျောင်း မစိုးရိမ်တိုက်သစ်

၂၅၀၀ိ

၄၁ ရှင်ကေသဝ ဓမ္မာဓိပတိကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၄၂ ဦးသာသန ဓမ္မပါကဋကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀၀ိ

၄၃ ဦးသောဘိတ ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

၄၄ ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၆၀၀၀ိ

၄၅ ဦးသုဇာတ ဓမ္မပါကဋကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀၀ိ

၄၆ ရှင်ကုဝေရ ဓမ္မမေတ္တာကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

၄၇ ဦးသြသဓ ဓမ္မစေတိယကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

၄၈ ဦးဃောသိတ ဓမ္မသီတလကျောင်း မစိုးရိမ်တိုက်သစ်

၃၀၀၀ိ

၄၉ ဦးစိတ္တ ဓမ္မသီသလကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀၀ိ

၅၀ ဦးပဏ္ဍိစ္စ ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၅၁ ဦးရေဝတ ဓမ္မသီတဂူကျောင်း မစိုးရိမ်တိုက်သစ်

၃၀၀၀ိ

၅၂ ဦးဝိသေဋ္ဌ ဓမ္မသဟာယကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀၀ိ

၅၃ ရှင်ဇောတိပါလ ဓမ္မဒီပ ဆွမ်းစားကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀၀ိ

၅၄ ဦးဇာနေယျ ဓမ္မဒါယာဒကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

13-6-2012

၅၅ ဦးပညာဗလ ဓမ္မဒါယာဒကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၅၆ ဦးကောဝိဒ ဓမ္မဘာဏကကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၅၇ ဦးပညာနန္ဒ ဓမ္မမေတ္တာကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀ိ

၅၈ ဦးတေဇာသ ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

၅၉ ဦးကဝိဓဇ ဓမ္မာဓိပတိကျောင်း မစိုးရိမ်တိုက်သစ်

၃၀၀၀ိ

၆၀ ဦးရေဝတ ဓမ္မဒီပကျောင်း မစိုးရိမ်တိုက်သစ်

၃၀၀၀ိ

၆၁ ဦးသာရဓမ္မ ဓမ္မဒါနကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၆၂ ရှင်ဇောတိက ဓမ္မကာယကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀ိ

၆၃ ကိုမျိုးရခိုင် ဆန်းသစ်ဦး၊ သံပန်း သံတံခါး၊ မန်း တောင်ခြေ

၅၀၀၀ိ

၆၄ ရှင်ကောဝိဒ ဓမ္မဂါရဝကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀ိ

၆၅ ရှင်ဝိစာရ ဓမ္မဂါရဝကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀ိ

၆၆ ရှင်ကုသလ ဓမ္မဌာနကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

၆၇ ရှင်အဂ္ဂဝံသ ဓမ္မဝိမုတ္တိကျောင်း မစိုးရိမ်တိုက်သစ်

၁၅၀၀ိ

၆၈ ဦးဆန္ဒာဓိက ယဉ်ပုံ ပရိယတ္တိ စာသင်တိုက်

၁၀၀၀ိ

၆၉ စေတနာရှင် မစိုးရိမ်

၅၀၀၀ိ

၇၀ ဦးဝိစိတ္တ နတ်မောက်

၃၀၀၀ိ

၇၁ ရှင်ပညာလင်္ကာရ ဓမ္မဂါရဝကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၇၂ ဦးကလျာဏ ဓမ္မပါကဋကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၇၃ ဦးကေတုမာ ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

၇၄ ဦးပညာသာမိ ဓမ္မဌာနကျောင်း မစိုရိမ်တိုက်သစ်

၁၀၀၀ိ

၇၅ ရှင်သောမသီရိ ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀ိ

၇၆ ဦးစန္ဒိမာ ဓမ္မမေတ္တာကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀၀ိ

၇၇ မလိုင်ထန်း ချင်းပြည်နယ်

၃၀၀၀ိ

၇၈ ဦးဓမ္မိက ဓမ္မသီတလကျေင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၇၉ ဦးသံဝရ ဓမ္မဒီပကျောင်း မစိုးရိမ်တိုက်သစ်

၁၅၀၀ိ

၈၀ ဦးဣန္ဒာစာရ ဓမ္မာနန္ဒသုခကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၈၁ ဦးအဂ္ဂဝံသ ဓမ္မဝိမုတ္တိကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၈၂ ဦးသေဋ္ဌိလ ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၃၀၀၀ိ

၈၃ ဦးစန္ဒဝံသ ဓမ္မသီတလကျောင်း မစိုးရိမ်တိုက်သစ်

၂၅၀၀ိ

၈၄ ဦးဣန္ဒက ဓမ္မသီတဂူကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

၈၅ ဦးဝဏ္ဏသာရ ရွှေဘုန်းဝန်

၂၀၀၀ိ

၈၆ ဦးပညာလင်္ကာရ ဓမ္မသီတဂူကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၈၇ ဦးဣန္ဒက ဓမ္မသမိဒ္ဓိကျောင်း မစိုးရိမ်တိုက်သစ်

၅၀၀ိ

၈၈ ဦးချို=ဒေါ်လုံးစိန် မြို့သစ်

၁၀၀၀ိ

၈၉ ဦးတိလောက ဓမ္မပါလကျောင်း မစိုးရိမ်တိုက်သစ်

၃၀၀၀ိ

၉၀ ရှင်ဝိလာသ ဓမ္မဋ္ဌာနကျောင်း မစိုးရိမ်တိုက်သစ်

၂၀၀၀ိ

၉၁ ကိုဖြိုးဇင်ဟိန်း (၈)ရပ်ကွက်၊အ ၇၁/၇၆၊ပြည်ကြီးတံခွန်

၅၀၀ိ

၉၂ ရှင်ဉာဏိဿရ ဓမ္မရံသီကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

၉၃ ဦးပညိဿရ ဓမ္မသီတလကျောင်း မစိုးရိမ်တိုက်သစ်

၃၀၀၀ိ

၉၄ မောင်သောင်းငြိမ်း ဧရာထွန်း(၁)

၅၀၀ိ

၉၅ ဦးအင်္ကုရ ဓမ္မသဟာယကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ

၉၆ ကိုရှည်ကြီး စိန်ပန်း

၅၀၀ိ

၉၇ ရှင်ကောသလ္လ ဓမ္မယာနကျောင်း မစိုးရိမ်တိုက်သစ်

၁၀၀၀ိ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts