Cho Tu Zaw – အမေရိကန်ရောက် ဒါရိုက်တာချိုတူးဇော်က “ရုပ်သံများကပြောတဲ့ ၈၈အရေးတော်ပုံဖြတ်သန်းမှုများ” တင်ဆက်

အမေရိကန်ရောက် ဒါရိုက်တာချိုတူးဇော်က “ရုပ်သံများကပြောတဲ့ ၈၈အရေးတော်ပုံဖြတ်သန်းမှုများ” တင်ဆက်

မိုးမခရုပ်သံ၊ ဇွန် ၂၄၊ ၂၀၁၂

သူ့ဖေ့စ်ဘွတ်မှာ တင်ဆက်ထားပြီး အောက်ပါအတိုင်း ရေးသားထားပါတယ်။ ပထမပိုင်းအဖြစ် ၈၈ အရေးတော်ပုံကာလမှာ ပြည်သူတွေနဲ့ အတူရပ်တည်ခဲ့တဲ့ မင်္ဂလာဒုံလေတပ်စခန်းက တပ်မတော်သားတွေရဲ့ ဖြတ်သန်းမှုတွေကို ကိုလေး (ဘော်စတွန်) နဲ့ ကိုမြအောင်တို့က သူတို့ ရောက်ရှိနေထိုင်ရာ ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်အေ အရပ်က နေအိမ်မှာ ပြန်လည် ပြောပြကြတာကို တွေ့ရပါတယ်။

“ …

သမိုင်း ကို မသိရင် “အ” တယ်၊
(ဒေါက်တာသန်းထွန်း)

မ အ ကြဖို့
၈၈၈၈ သမိုင်း ကို ပြုစုမယ့် သမိုင်းပညာရှင်တွေကို အထောက်အကူဖြစ်စေဖို့
၈၈၈၈ ဆိုတာ မြန်မာပြည်သူလူထုရဲ့ “ဂုဏ်” ပြောင်လှတဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီး ဆိုတာ ဖေါ်ထုတ်ဖို့
၈၈၈၈ မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ အဝေးရောက် ပြည်သူတွေရဲ့ဖြတ်သန်းမှုတွေ ကို တွေ့ဆုံမေးမြန်း ရိုက်ကူးမှတ်တမ်းတင်မှုတွေ ကျနော် လုပ်နေပါတယ်။
ပထမဆုံးအနေနဲ့ ၈၈၈၈ မှာ ပြည်သူတွေနဲ့အတူ တသားတည်း အတူတကွ တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း (မင်္ဂလာဒုံ) က “ပြည်သူ့တပ်မတော်သား” တွေရဲ့ ဖြတ်သန်းမှု ကို တင်ပြထားပါတယ်။
အောက်ပါ “မိုးမခမီဒီယာ” ရဲ့ လင့်ခ်မှာ သွားကြည့်နိုင်ပါပြီ။

http://www.youtube.com/embed/wLLy_-r34YU

(ချိုတူးဇော်)

…”

One thought on “Cho Tu Zaw – အမေရိကန်ရောက် ဒါရိုက်တာချိုတူးဇော်က “ရုပ်သံများကပြောတဲ့ ၈၈အရေးတော်ပုံဖြတ်သန်းမှုများ” တင်ဆက်

Comments are closed.