Chairty Raised for Victims in Rakhine State

ရခိုင်ပြည်နယ်က တိုင်းရင်းသားဒုက္ခသည်များအတွက် ဆန်အိတ် ၁၆၀ (ကျပ် ၂၅သိန်း) မိုးမခမိတ်ဆွေနှင့် မိဘဆွေမျိုးများ လှူဒါန်း
မိုးမခအထောက်တော် ၀၀၃၊ ဇွန် ၂၃၊ ၂၀၁၂
ဇွန်လတွင်း ရခိုင်ပြည် နယ်စပ်ဒေသနှင့် အခြားမြို့ရွာများတွင် မငြိမ်သက်မှုများ၊ အကြမ်းဖက် ဆူပူမှုများကြောင့် မိမိတို့ ရပ်ရွာနေအိမ်များကို စွန့်ခွာပြီး မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသားနှင့် ဒေသခံပြည်သူတို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ အဆိုပါ ထောင်ဂဏန်းနှင့် ချီသော အမျိုးသားများ ရွှေ့ပြောင်းနေထိုင်ရာ စခန်းများသို့ မြန်မာပြည်တွင်း ပြည်ပက လူသားချင်းစာနာသော အကူအညီများ ပေးပို့ကူညီလျက်ရှိရာ စစ်တွေနာရေးကူညီမှုအသင်း၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဆန်အိတ်ပေါင်း ၁၆၀ (ကျပ် ၂၅ သိန်း တန်ဖိုး) ကို ရန်ကုန်မြို့က မိုးမခမိတ်ဆွေနှင့် မိဘဆွေမျိုးတို့က စုပေါင်း လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်သဟာရအသင်း (ရန်ကုန်)၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ သာရေး နာရေးကူညီမှု အသင်းအဖွဲ့များ၊ ရပ်ရွာအသီးသီးက ရဟန်းသံဃာများ နှင့် လူမျိုးစုံ ဘာသာစုံတို့က ရခိုင်ပြည်က တိုင်းရင်းသားဒုက္ခသည်များအတွက် အားပေးကူညီ လှူဒါန်းမှုများ တတ်စွမ်းသမျှ ပြုလုပ်လျှက်ရှိသည်။

2 thoughts on “Chairty Raised for Victims in Rakhine State

  1. လူမျိုးခြားက ကျနော်တို့ တိုင်းရင်းသားတွေကို ကျူးကျော် တိုက်ခိုက်တာ ကို ဒီတိုင်းပဲ ရပ်ကြည့်ရမလား။ မောင်းမထုတ်ရတော့ဘူးလား ။

Comments are closed.