Magwe – မကွေးမြို့ အင်န်အယ်ဒီက စု ၆၇ မွေးနေ့ဂုဏ်ပြုပွဲ ကျင်းပ

မကွေးမြို့ အင်န်အယ်ဒီက စု ၆၇ မွေးနေ့ဂုဏ်ပြုပွဲ ကျင်းပ

မကွေးဘကျော်၊ ဇွန် ၂၁၊ ၂၀၁၂

ဇွန် ၁၉  ရက်နေ့တွင် မကွေးမျြိ့နယ်၏ အင်န်အယ်ဒီလွှတ်တော်အမတ် ဦးမြင့်သိန်းက ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ် ပြည့် မွေးနေ့ ဂုဏ်ပြုပွဲကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို မကွေးမြို့ မြင်သာရပ်ကွက်၊ မဲထီးလမ်းပေါ်ရှိ ၁၉ ၉ ၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်ဟောင်း ဦးအောင်စိုးနေအိမ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ၆၇ နှစ် မွေးနေ့ပွဲသို့ မကွေးမြို့ပေါ်ရှိ အင်န်အယ်ဒီပါတီဝင်များ၊ လူမှုရေး ကူညီမှု ပရဟိတအဖွဲ့များ၊ ဧည့်ပရိသတ် ပြည်သူများ၊ ကျောင်းသား လူငယ်များနှင့် ကျေးလက်တောရွာများကပါ တက်ရောက်ကြသည်ကို တွေ့ရသည်။

            မွေးနေ့ပွဲ ဂုဏ်ပြု အထိမ်းအမှတ် မုန့်ဟင်းခါး နဲ့ ခေါက်ဆွဲ နှစ်သက်ရာ သုံးဆောင်နိုင်ရန် ပြင်ဆင် ဧည့်ခံခဲ့သည်။