Ludu Sein Win – ဇွန် ၁၉ ဈာပနစီစဉ်မည်

စာရေးဆရာ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း (၁၉၄၀ – ၂၀၁၂) ၇၂နှစ် ကွယ်လွန်
တာရာဝေယံ၊ ဇွန် ၁၈၊ ၂၀၁၂
စာရေးဆရာ သတင်းစာဆရာကြီး လူထုစိန်ဝင်း (၁၉ ၄၀ – ၂၀၁၂) ၇၂ နှစ်သည် ယမန်နေ့ည ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်က ရွှေဂုံတိုင် အထူးကုဆေးခန်းတွင် ကွယ်လွန်သွားကြောင်း မိသားစု အသိုင်းအ၀ိုင်းထံမှ သိရသည်။
ဆရာသ            ည် သတင်းစာဆရာ၊ နိုင်ငံရေးသမားဘ၀ဖြင့် ၁၉၆၇ မှ ၁၉ ၇၃ အထိ မဆလစစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ အထိန်းသိမ်းခံရစဉ်ကာလအတွင်း ကိုကိုးကျွန်းသို့ ပို့ခံရသည်။ ကျွန်းတွင် ၁၉ ၇၀ ခုနှစ်မှာ ကျန်းမာရေးဆိုးဝါးသဖြင့် ပြည်မသို့ ပြန်ပို့ရာ စစ်တွေအကျဉ်းထောင် တိုက်ခန်းတွင် ပစ်ထားခြင်း ခံရသူ ဖြစ်သည်။ အသက်မသေဘဲ ကျန်းမာရေးချို့တဲ့သူဘ၀ဖြင့် အင်းစိန် ပြန်ပို့ခြင်း ခံရကာ ထောင်မှ ၁၉ ၇၃ တွင် အခြားသူများထက် နောက်ကျပြီး ပြန်လွှတ်ခြင်း ခံရသည်။
ဆရာဦးစိန်ဝင်း၏ ဈာပနကို မနက်ဖြန် ဇွန် ၁၉  ရက် ညနေပိုင်း ရေဝေးသုသာန်မှာ မီးသင်းဂြိုဟ်ရန် စီစဉ်ထားပြီး နာရေးကူညီမှုအသင်းနှင့် မတိုင်ပင်ရသေးကြောင်း၊ နာရေးအချိန်ကို ထပ်မံပြောကြားမည် ဖြစ်ကြောင်း မိသားစုဝင်များမှ ပြောကြားကြောင်း သတင်းရရှိပါတယ်။

2 thoughts on “Ludu Sein Win – ဇွန် ၁၉ ဈာပနစီစဉ်မည်

  1. ဆရာ လူထုစိန်ဝင်း ဆိုတဲ့နာမည်ဟာ ကမ္ဘာတည်နေသရွေ့ ရှိနေဦးမှာပါ………. ဆရာ…………
    ဆရာ မြင်ချင်ခဲ့ တဲ့ ဒီမိုကရေစီစနစ်တစ်ခု ရောက်ဖို့ ကျနော်တက်စွမ်းသမျှကြိုးစားသွားပါမည်။

    ဆရာကို အမြဲ သတိရနေပါမည်။

Comments are closed.