မိုးမခပေးစာ၊ ဇွန် ၁၂၊ ၂၀၁၂
http://www.facebook.com/OVDR4MM တွင် ဖော်ပြထားချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
OVDR4MM မိတ်ဆွေများ၊ ညီအစ်ကိုမောင်နှမများခင်ဗျာ…
ယခုအချိန်တွင် မိမိတို့၏ ပြည်ထောင်စုဖွား သွေးချင်းများဖြစ်သော ရခိုင်တိုင်းရင်းသားများအနေဖြင့် ခိုလှုံနေထိုင်ရာ အသိုက်အမြုံများ ဖျက်စီးခံရခြင်း၊ နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေရခြင်းကဲ့သို့သော လူမှုဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေကြသည်ကို မိတ်ဆွေများအနေဖြင့် သိရှိကြားသိကြပြီး ဖြစ်မည်ဟု ယုံကြည်မိပါသည်။
မည်ကဲ့သို့သော အကြောင်းတရားများ ကြောင့်ဖြစ်စေ ထိုကဲ့သို့ ဘေးဒုက္ခများ ကြုံတွေ့နေရသည်ကို သိရှိကြားသိရ၍ OVDR4MM မှ အဖွဲဝင်များအနေဖြင့် လွန်စွာမှ စိတ်မကောင်းဖြစ်ရပါသည်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ဘေးဒုက္ခများမှ ဆယ်မကယ်ယူနိုင်ခြင်း မရှိသည်ကိုလည်း စိတ်မကောင်းခြင်း ကြီးစွာဖြစ်မိရပါသည်။ မိတ်ဆွေများ အနေဖြင့်လည်း ထပ်တူညီသော ခံစာချက်များ အသီးသီရှိကြမည်ကို ယုံကြည်မိပါသည်။
သို့ဖြစ်ပါ၍ OVDR4MM မှနေ၍ အချိန်တိုင်းလိုလို မည်ကဲ့သို့ ကူညီဖေးမမှုများ ပေးအပ်နိုင်မည်ကို ကြံဆတွေးတောလျှက် ရှိနေပါသည်။ ဘေးဒုက္ခများကို ကာကွယ်မှု မပေးနိုင်သော်ငြားလည်း မိမိတို့တတ်စွမ်းသ၍ ဝါယမစိုက်ထုတ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် အကူအညီများ တတ်နိုင်သလောက် ပေးနိုင်ရန် တတ်အားသမျှ လှူဒါန်းနိုင်စေရန် ကြိုးပမ်းဆောင်ရွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ရခိုင်ပြည်နယ်အတွင်း လက်တလော ဖြစ်ပွားနေသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ ပျက်စီးဆုံးရှုံးမှုများအတွက် ဒေသကိုယ်စားပြု လူမှုအဖွဲ့အစည်းများမှတဆင့် အလှုငွေများ လှူဒန်းရန်အတွက် အဖွဲ့အနေဖြင့် ရည်ရွယ်စီစဉ်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍ စေတနာရှင်များ အနေဖြင့် လှူဒါန်းလိုပါက အောက်ပါဆက်သွယ်ရန် ဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျာ။
စင်္ကာပူနိုင်ငံတွင် လှူဒါန်းလိုသော သူများအနေဖြင့်
ရခိုင်အသင်း စင်္ကာပူ အကောင့်နံပါတ် (Posb Savings 133-23288-5) သို့ တိုက်ရိုက် ပေးပို့လှူဒါန်းနိုင်ပါသည်။ ဆက်သွယ်ရန်မှာ
Western Union
Name – Than Tun Aye
IC – S7067047Z
Ph – 91850687
မိမိတို့လှုဒါန်းထားသော ငွေပမာဏကို အသိပေး အကြောင်းကြားရန်နှင့် အသေးစိတ် သိရှိလိုသည်များကိုရခိုင်အသင်း စင်္ကာပူ မှ