တောင်ကုတ်-ရန်ကုန် ခရီးသည် အနည်းဆုံး ၈ ဦး လူအုပ်စု၏ သတ်ဖြတ်ခြင်းခံရ

ဇွန်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ (Yangon Press International)

ယနေ့မွန်းလွဲပိုင်းက သံတွဲမှ ရန်ကုန်သို့လာသည့် ရိုးမသစ္စာ အဝေးပြေးယာဉ်တွင် စီးနင်းလိုက်ပါလာသည့် အစ္စလမ်ဘာသာရေး တရားထိုင်အဖွဲ့သား ခရီးသည် အနည်းဆုံး ၈ ဦးကို လူ ၃၀၀ ၀န်းကျင်ရှိ တောင်ကုတ်မြို့ခံ လူအုပ်က သတ်ဖြတ်လိုက်ကြသည်ဟု သံတွဲမြို့ခံတဦးက ပြောသည်။

ကျောက်နီမော်တွင် အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်သည့် ဓါတ်ပုံနှင့် စာရွက်များကို ယနေ့နံနက်ပိုင်းကတည်းက တောင်ကုတ်ဈေးတွင် ဖြန့်ဝေခဲ့သဖြင့် တောင်ကုတ်မြို့ခံများက မကျေမနပ်ဖြစ်နေစဉ် သံတွဲမှ ရန်ကုန်မြို့သွား ရိုးမသစ္စာ ခရီးသည်ကားပေါ်တွင် ရန်ကုန် တခြမ်းဗဲ့ ဗလီမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ တရားထိုင်အဖွဲ့ဝင် အစ္စလာမ် ဘာသာဝင်များကိုတွေ့ရှိကာ ရန်ပြုကြခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။
ယင်း တရားထိုင်အဖွဲ့ဝင်များထဲတွင် တောင်တွင်းကြီးမှ ၆ ဦးနှင့် မြောင်းမြမှ ၂ဦးပါဝင်သည်ဟုလည်း သိရသည်။

ယင်းအခြေအနေကြောင့် ကားမောင်းသူက ကားကို သံတွဲဘက်သို့ ပြန်လှည့်မောင်းရန်ကြိုးစားသော်လည်း တောင်ကုတ်မြို့ခံလူအုပ်က ကားနှစ်စီးဖြင့် ညှပ်ပိတ်ကာ ပြန်လှည့်ခွင့်မပေးပဲ တောင်ကုတ်၊ သံတွဲ လမ်းဆုံတွင် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။
“ကားသမားနဲ့ ကျွန်တော် ဖုန်းအဆက်အသွယ်ရချိန်မှာ ကားသမားကိုယ်တိုင်လည်း လူအုပ်က ၀ိုင်းရိုက်တာခံထားရတယ်လို့ပြောတယ်၊ အခင်းဖြစ်ပြီးသူလည်း တနေရာရာမှာ ပုန်းရှောင်နေရပုံပဲ” ဟု ရိုးမသစ္စာ ကားမောင်းသူနှင့် အဆက်အသွယ်ရသူ သံတွဲမြို့ခံက ပြောပြသည်။

ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ယင်းနေရာတ၀ိုက်ကို တောင်ကုတ်မြို့ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်မှာ လုံခြုံရေး ချထားပြီး ယနေ့ညနေ ၅နာရီတွင် သံတွဲခရိုင် ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ တောင်ကုတ်မြို့သို့ လိုက်သွားကြသည်ဟုလည်း သိရသည်။ ကျောက်နီမော် အရေးကိစ္စကြောင့် သံတွဲမြို့နှင့် တောင်ကုတ်မြို့များတွင် ရဲဝန်ထမ်း ပုံမှန်အရေအတွက်ထက် လျော့နည်းလျက်ရှိသည်ဟုလည်း သံတွဲမြိ့မှ ရဲဝန်ထမ်းတဦးက ပြောသည်။

ယခုအဖြစ်အပျက်ကို နှင့် ပတ်သက်၍ တောင်ကုတ်မြို့ခံတဦးက “ အခုလို အဖြစ်အပျက်ကနေ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်လာရင် နိုင်ငံရေး အပြောင်းအလဲဆီ ဦးတည်သွားနေတဲ့ လမ်းလွဲသွားနိုင်တာကို သတိထားသင့်တယ်” ဟု YPI သို့ပြောသည်။

သေဆုံးသွားသူများကို သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်ကာ သဂြိုဟ်ရန် သံတွဲမြို့ အုပ်ချုပ်ရေးမှူးနှင့် သံတွဲမြို့ ဗလီ၊ ဂေါပက အဖွဲ့တို့နှင့် ဆွေးနွေးသဘောတူထားသော်လည်း မည်သည့်အချိန်တွင် သယ်ဆောင်လာမည်ဆိုသည် စသည့်အသေးစိတ် အချက်အလက်များ မသိရှိရသေးဟု သံတွဲမြို့ခံ ကပြောသည်။

အခြားရရှိသော သတင်းများအရ သေဆုံးသူမှာ ၁၀ ဦးအထိရှိနိုင်သည်ဟု ဆိုသော်လည်း ယင်းအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးပါ။ ။
မူရင်းလင့်ခ https://www.facebook.com/ygnpress?ref=tn_tnmn


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “တောင်ကုတ်-ရန်ကုန် ခရီးသည် အနည်းဆုံး ၈ ဦး လူအုပ်စု၏ သတ်ဖြတ်ခြင်းခံရ
  1. တရားခံဆိုသူ မိထားပြီးပြီ ဘာဖင်ယားနေကြတာလဲ။ နောက် စစ်အုပ်စုရဲ့ ဘာသာရေး အဓိကရုဏ်း မဖြစ် ဖြစ်အောင်လှုံဆော်နေတာကို၊ ဥာဏ်နဲတဲ့ ငနွား စစ်အုပ်စုနောက်လိုက်တွေ ခိုင်းတာ ရှောက်မလုပ်ကြနဲ့ ၊ ထမင်းစားကြီးတာမှန်ရင် ဦးနှောက်နဲ့စဉ်းစားကြပါ။ ပြည်သူလူထုကိုပြောချင်တယ်။

  2. ဟုတ်ပတော်။ မေတ္တာတရားကြီးမားစွာထားရမယ်။ရန်ကိုရန်ခြင်းမတုံ့မူရဘူးလို့ဘုရားဟောထားတာတွေ
    မေ့ပြီးလုပ်ရင်တော့လူမိုက်အုပ်စိုးတဲ့တိုင်းပြည်ကလွတ်မြောက်ဖို့လမ်းမမြင်တော့ပါဘူး။တရားခံမိထားပြီး
    ရင်တော်ပြီပေါ့မဆီမဆိုင်မလုပ်သင့်ပါဘူး။ဂျပန်မကိုမဒိန်းကျင့်ပြီးသတ်ဖြတ်ခဲ့
    တဲ့လူကဗမာဗုဒ္ဒဘာသာဆိုပြီးဗမာဗုဒဘာသာအားလုံ့းကိုတွေ့ရင်အကုန်သတ်ဆိုပြီးဂျပန်တွေကလုပ်ခဲ့ကြ
    လို့လား။ စစ်အုပ်စုအာဏာရှင်လှည့်ဖြားမှုထဲကိုဦးနှောက်မရှိလိုက်မပါကြပါနဲ့။၇ခိုင်ဒီမိုကရေစီအုပ်စုတွေ
    ကလည်းသတိပေးကြပါအုံး။

  3. တကယ်ကို စိတ်မကောင်းစရာပါပဲ။ မဥမ္မာ ပြောသလိုပဲ ဂျပန်မကို ကျင့်ပီး ဂျပန်တွေက အညှိုးမထားပါဘူး။ ဥပဒေကနေ စီမံပါလိမ့်မယ်။ အကယ်၍ ဥပဒေနှင့် ဘယ်လိုတရားစီရင်မလဲဆိုတာကိုစောင့်ကြည့်ရမှာပါ။ အခုတော့ ကုလားသတ်တယ်ဆိုပီး(သက်သေ၊ဥပဒေ၊တရားစီရင်မှု)တွေ မလုပ်ရသေးဘဲ။ ကုလားသတ်တာကွ၊ ကုလားကျင့်တာကွ ကုလားတွေကိုတွေ့ရာနေရာဝိုင်းသတ်ဆိုတာ လူကျင့်ဝတ်နှင့် မကိုက်ညီပါဘူး။ အခုအသတ်ခံလိုက်ရတဲ့ ၁၀-ဦးမှာ (၈)ဦးက တရားကျင့်တဲ့ပုဂ္ဂိုလ်တွေပါ။ အားလုံးသံရောင်လိုက်ပီး လိုက်လုပ်နေရင် ဦးနှောက်နည်းရာမကျဘူးလား။ ဘာသာတရားတွေက ကောင်းတာတွေကို သွန်သင်တာပါ။ ဘယ်ဘာသာဝင်မဆို ကောင်းတဲ့သူရှိသလို၊ မကောင်းတဲ့သူတွေလည်းရှိတာပါပဲ။ တဦးတယောက်မကောင်းတာကို အားလုံးကို ခြုံပီး ၀ိုင်းပတ်နေရင် လူ့သားထုငြိမ်းချမ်းမှုဟာ တွေ့နိုင်မှာမဟုတ်ပါ။

  4. အဆင့်တန်းရှိရှိ ဘာပဲဖြစ်ဖြစ် ဥပဒေအတိုင်း ဆုံးဖြတ်သင့်တယ်

  5. လူစိတ်ပျောက်တော့ဘီလူးတွေဖြစ်ကုန်တာပေါ့
    ဓါးကိုဓါးချင်း လှံကိုလှံချင်းလို့ မြတ်ဗုဒ္ဓမသင်ကြားခဲ့ပါ
    ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေကိုရန်သူမိစ္ဆာကောင်သတ်မှတ်ဖို့လည်းဘယ်ဗုဒ္ဓကျမ်းမှာမှညွှန်မထားပါ

    Islamization ကိုမကြိုက်ရင်တစ်ခြားနည်းတွေနဲ့ကာကွယ်လို့ရပါတယ် ကာကွယ်ခွင့်လဲရှိပါတယ်
    လူအုပ်နဲ့ဝိုင်းအနိုင်ကျင့်ပုံကတော့အကြမ်းဖက်ကြံ့ဖွတ်စတိုင်ဖြစ်နေပြီ
    ဆင်ခြင်နိုင်ကြပါစေ

Comments are closed.