မိုးမခကို ပေးတဲ့စာ
Rebutal – ဂုဏ်သိက္ခာ ပျက်ပြားစေရန် မဟုတ်မမှန် ရေးသားတင်ပြထားခြင်းမှ ပယ်ဖျက်ပေးပါရန်
တာဝန်သိပြည်သူတဦး (ဦးအောင်မောင်း)၊ ဇွန် ၃၊ ၂၀၁၂
                        အထက်ပါကိစ္စနှင့်ပတ်သက်၍ (ဇွန် ၂၊ ၂၀၁၂ )ရက်စွဲပါ မိုးမခပေးစာတွင်ပါရှိသော • ဆက်သွယ် ရေးဝန်ကြီးဌာနမှ လက်ရှိမန်နေဂျင်းဒါရိုက်တာ ဦးဣဒ္ဓိလှ၏ ကိုယ်ကျိုးရှာလုပ်စားနေမှုများ အား ဖော်ထုတ် အရေးယူ ပေးပါရန်ဆိုသောရေးသားထားချက်များမှာ လူကြီးတစ်ဦး၏ ဂုဏ်သိက္ခာ ပျက်ပြားစေရန် မဟုတ်မမှန် ရေးသား တင်ပြထားခြင်းသာဖြစ်ပါသဖြင့် ပယ်ဖျက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(၁) ဦးဣဒ္ဓိလှသည် ယခုလက်ရှိ MPT မှ ရောင်းချ လျှက်ရှိသော GSM Mobile Phone သန်း (၃၀) စီမံကိန်းမှ        ၂ သိန်း တန် ဖုန်းကဒ်များကို နောက်ကွယ်တွင် သူနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော တပည့်များမှ တဆင့် ကုမ္ပဏီများမှ တရားဝင်မရောင်းချခင်ကပင် မြို့အသီးသီးရှိဖုန်းဆိုင်များနှင့် ချိတ်ဆက်၍ ကြိုတင်ရောင်းချ ခြင်းများပြုလုပ်ခဲ့ပါသည် မှာ မှန်ကန်မှုမရှိပါ။
(တရားဝင်ရောင်းချခွင့်ရရှိထားသော ကုမ္ပဏီများမှ စတင်ရောင်းချမည့်ရက်မတိုင်မီ နှစ်ရက်စော ၄င်းတို့ရောင်းချရမည့် တိုင်း/ပြည်နယ်များရှိ မြို့နယ်များသို့ လမ်းပန်းအခက်အခက်ကြောင့် ကြိုတင် ပေးပို့ရောင်းချခဲ့ခြင်းသာဖြစ်ပါသည်။)
(၂) ဦးဣဒ္ဓိလမှာ ယခင်နအဖ စစ်အစိုးရ စစ်တပ်၏ဗိုလ်မှူးရာထူးမှ အရပ်ဖက်ဆက်သွယ်ရေးသို့ ပြောင်းရွှေ့လာ သူဖြစ်ပါသည်။ ဆက်သွယ်ရေး နှင့်ပတ်သတ်ပြီး လုပ်ငန်းတွေ့အကြုံနှင့် နည်းပညာပိုင်းတို့တွင်လည်း ကျွမ်းကျင်မှုမရှိပါ ဆိုသည်မှာ မမှန်ကန်ပါ။
(နည်းပညာနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် လိမ္မာကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် တိုင်းနှင့် ပြည်နယ် မန်နေဂျာများပင် လေးစားအတုယူရသူတစ်ဦးဖြစ်ပါသည်။)
(၃) မန္တလေးတိုင်း ဆက်သွယ်ရေးရုံး ငွေစာရင်းဌာနမှ လက်ရှိမန်နေဂျာ အမျိုးသမီးနှင့်ပူးပေါင်း၍ Phone Board များတွင် အေးဂျင့်အဖြစ် ဆောင်ရွက်စေခြင်း၊ ဖုန်းဘီလ်သွင်းသောငွေများ၊ MobilePhone အပျောက်အပျက်များ၏ ဌာနသွင်းငွေများကို ဘဏ်သို့မသွင်းသေးပဲ ထို ငွေများဖြင့် မြေအရောင်းအ၀ယ်လုပ်ခြင်း ပွဲရုံများလုပ်ခြင်း စသည်ဖြင့် ကိုယ်ကျိုးရှာသုံးစွဲခဲ့ပါသည် ဆိုသည်အချက်မှာ မမှန်ကန်ပါ။
(ဖုန်းဘီလ်သွင်းသောငွေများ၊MobilePhone အပျောက်အပျက်များ၏ ဌာနသွင်းငွေများကို ဘဏ်သို့မသွင်းသေးပဲထားရှိ၍မရပါ။ထိုစာရင်းများကို စစ်ဆေးရသော တိုင်းစာရင်းစစ်ရုံးတွင် မေးမြန်းနိုင်ပါသည်။)
(၄) ၀န်ထမ်းတစ်ဦး၏နေအိမ်တွင် ဆေးခြောက်များနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေတွေ့ရှိခဲ့ရာတွင်လည်း ယခုလက်ရှိ MD (ယခင် မန္တလေးတိုင်းမန်နေဂျာ) သည် ထိုဝန်ထမ်းကို အရေးယူမခံ ရအောင် ကာကွယ်ပေးခဲ့ ပါသည်ဆိုသည်မှာ မမှန်ကန်ပါ။
(ကာကွယ်မပေးခဲ့ပါ ဆောင်ရွက်ခဲ့သူမှာ ယခုအချိန်အထိ မန္တလေးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျှက် ရှိနေပါသည်။)
သို့ဖြစ်ပါ၍ ယနေ့ Clean Government Good Government ဖြစ်လာစေရေးအတွက် ဆောင်ရွက်နေချိန်တွင် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ မန်နေဂျင်းဒါရိုက်တာ ဦးဣဒ္ဓိလအား ဂုဏ်သိက္ခာ ပျက်ပြားစေရန် မဟုတ်မမှန် ရေးသားတင်ပြထားခြင်းမျှသာဖြစ်သည့်အတွက် ပယ်ဖျက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(မိုးမခမှတ်ချက် – မြန်မာပြည်တွင်းရှိ လုပ်သားပြည်သူတို့၏ ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုများ အရှိန်မြင့်နေပြီး ပြည်သူလူထုတို့၏ (အမည်၊ အီးမေး၊ နေရပ်လိပ်စာ၊ ဖုံးနံပါတ် တို့ဖြင့်) ပေးစာများကို မိုးမခမီဒီယာကလည်း ထပ်ဆင့်တင်ဆက်ပေးနေခြင်း ဖြစ်သည်။ ယခု MD ဦးဣဒ္ဓိလ နှင့် ပတ်သက်ပြီး ပြန်လည်တုန့်ပြန်ချက်ကို တင်ပြပေးလိုက်သည်)
(photo -Reuters)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
22 thoughts on “Rebutal – ဂုဏ်သိက္ခာ ပျက်ပြားစေရန် မဟုတ်မမှန် ရေးသားတင်ပြထားခြင်းမှ ပယ်ဖျက်ပေးပါရန်
  1. စာအုပ် ဖတင်္ေနမဲ့ အခ်ိန် အတွက် နောကျက စောငျ(နေတဲ့်ဖုံ( လေ( တညျ့ပေ( စေ ချင်ပါ သည်
်Please prepare phone position behind of you, do not read story in working time.
  2. သတင်းဆိုတာ အရင်းအမြစ်မရှိပဲ လုပ်ကြံရေးသားပေးပို့တာတော့ ဖြစ်နိုင်မည်မဟုတ်ပါ….”ဟုတ်လို့ကျော် ပုတ်လို့ပေါ်” အချင်းချင်းဘာမှ အကာအကွယ်ပေး ရေးသားတုံ့ပြန်နေဖို့မလိုပါဘူး….ဘယ်သူကဘာဆိုတာသိပြီးသားတွေပါ
  3. သတင်းအမှန်းလား အမှားလားဆိုတာ ပြည်သူတွေအနေနဲ့ တွေးတောစဉ်းစားကြည့်နေစရာတောင်မလိုပါဘူး
    ဆက်သွယ်ရေးက လူကြီးတွေ လုပ်းစားလာတာလည်း အခုမှ မဟုတ်ပါဘူး…အခုမှတော့ ဘာမှလာရှင်းပြမနေနဲ့
  4. တာဝန်သိပြည်သူတစ်ဦး ဦးအောင်မောင်း ဆိုပါလား…ဘယ်သူ့တာဝန်တွေသိတာပါလည်းဗျာ….
    ပြည်သူတွေသိတာနဲ့ တစ်ခြားစီပါပဲ ဘက်တော်သားလေးရယ်..စဉ်းစဉ်းစားစားလေးလည်းရေးပါဦး…
    ဘာလို့အဲဒီလောက် သိနေရတာလည်းလို့မေးလိုက်ချင်ပါရဲ့…
    … လာဘ်ပေးလာဘ်ယူ နည်းပညာပိုင်းတွေမှာ လိမ္မာကျွမ်းကျင်သူတစ်ဦးဖြစ်လို့ တိုင်းနှင့် ပြည်နယ် မန်နေဂျာများပင် လေးစားအတုယူရသူတစ်ဦးဖြစ်ပါသည်လို့ ရေးရမှာပါ၊၊
  5. ဘာတွေများ လာရှင်းပြနေတာပါလဲဗျာ…ကျနော်သိတာကတော့ ၀န်ကြီးဌာနမှ ခွင့်ြ့ပုမိန့်ကျပြီးသား ဖုန်းတွေကိုတောင် အပိုကြေးပေးခဲ့ရတာပါဗျာ.. အပိုကြေးမပေးတဲ့ ဖုန်းတွေဆိုလည်း နေ့ရွှေ့ညရွှေ့နဲ့ ချောင်ထိုးထားခဲ့တာပါ၊ အဲဒီတုန်းက ကြိုးဖုန်းဈေးတွေကလည်း တစ်လုံးကို သိန်း ၇၀ လောက်တောင် ဖြစ်နေတာ…အဲဒီ တိုင်းနှင့် ပြည်နယ် မန်နေဂျာများပင် လေးစားအတုယူရတဲ့ ဦးဣဒ္ဓိလ ဆိုတဲ့ ငနဲကြီးပဲ….သိပ်မှတ်မိတာပေါ့ဗျာ…
  6. တခြားဟာတွေတော့ မသိ….ဆေးခြောက်မိတဲ့ သူလေးကတော့ ထောင်ထဲမှာလိုလိုနဲ့ လက်ရှိမှာတော့ ငုတ်တုတ်ကြီး တာဝန်ထမ်းဆောင်နေတယ်ဆိုတာကတော့ အမှန်ပါပဲ….အဲဒီဌာန ကိုသာ သွားကြည့်ပါ…
  7. ဖုန်းကဒ်တွေကို ဟိုနေ့ပွင့်မယ် ဒီနေ့ပွင့်မယ်နဲ့ လိမ်ပြီးရောင်းတာတော့ အမှန်ပဲ…ကျွန်တော်ကိုယ်တိုင် ၀ယ်ပြီးတော့ အကြာကြီးစောင့်ခဲ့ရတာပါ….
  8. တာဝန်သိပြည်သူတစ်ဦးလို့မရေးရဘူးသိလား
    တစ်လုပ်စားဘူး သူ့ကျေးဇူးဆိုပြီး ရေးရမှာ….မဟုတ်ပဲနဲ့ တော့ဘာသတင်းမှထွက်လာစရာကြောင်းမရှိ ဟုတ်လို့ကျော်တာ ပုတ်လို့ပေါ်လာတာပါဗျာ….အမြန်ဆုံးသာ ထိထိရောက်ရောက်အရေးယူသင့်ပါတယ်….ဒီလိုလူမျိုးတွေမရှိသင့်တာအမှန်ပါ…
  9. ရှေ့နေငှားမှပဲ ထောင်လုံးလုံးကျနေဦးမယ်နော်…သတိလည်းထားဦးဗျို့……. ဖုံးမရ ဖိမရ နဲ့ ခုမှပဲ ဘူးပေါ်သလိုလို…ဗိုက်ကြီးသည်လိုလို ..နဲ့ ဆို့နင့်နေအောင်စားထားပြီးမှဗျာ…ထက်လင်းရင်လူးဆေးလေးဘာလေးလည်း ဆောင်ထားဦး :)…..ထက်လင်းလူးလို့တော့ ချက်ချင်းမထူးနိုင်တော့ဘူး….. အချိန်မမီတော့ဘူး….ခုတော့ နောက်ကျသွားပြီနော်…..
  10. တိုင်း/ပြည်နယ်များရှိ မြို့နယ်များသို့ လမ်းပန်းအခက်အခက်ကြောင့် ကြိုတင် ပေးပို့ရောင်းချခဲ့ခြင်းသာဖြစ်ပါသည်တဲ့….ဆောက်လုပ်ရေးဝန်ကြီးကိုတော့ ဆော်လိုက်သလိုပါပဲ…လမ်းတံတားတွေ ကောင်းအောင်ပြင်ပေးလိုက်ပါဦး….ဆက်သွယ်ရေးကတော့ ဟိုလိုလို ဒီလိုလို လုပ်နေပြီ
  11. ရန်ကုန်-မန္တလေး အမြန်လမ်းကြီး ဒီလောက်ကောင်းနေတာကို လမ်းပန်းအခက်အခဲကြောင့် ပဲကြိုတင် ပေးပို့ရောင်းချခဲ့ခြင်းသာဖြစ်ပါသည် လုပ်နေသေးတယ်…မန္တလေးမှာ ဘယ်ဆိုင်က ဘယ်သူက ဘယ်သူ့ အဆက်အသွယ်နဲ့များ ဘာလို့ကြိုတင်ရောင်းချနေတာပါလဲလို့ မေးခွန်းထုတ်ရမလိုလို……လက်ရှိမန်နေဂျင်းဒါရိုက်တာကြီးသိမှာပါနော်….
  12. ဂုဏ်သိက္ခာ ပျက်ပြားစေရန် မဟုတ်မမှန် ရေးသားတင်ပြထားခြင်းမှ ပယ်ဖျက်ပေးပါရန် လို့မဟုတ်ဘူး ..ဂုဏ်သိက္ခာ ရှိရှိနဲ့နောက်ကွယ်မှာ လာဘ်ပေးလာဘ်ယူ လုပ်နေတဲ့ လူကြီးများကို ဖယ်ထုတ်ပေးပါရန်ဆိုပြီး ရေးသင့်တာ
  13. အောင်မောင်းဆိုတာဆက်သွယ်ရေးကကျော်မင်းထွန်း(အငယ်တန်းအင်ဂျင်နီယာ)လေးပါ
  14. မောင်အောင်မောင်းရေ ဒါလေးတွေ ဖြေပါဦး
    (၁) ဦးဣဒ္ဓိလမှာ ယခင်နအဖ စစ်အစိုးရ စစ်တပ်၏ဗိုလ်မှူးရာထူးမှ အရပ်ဖက်ဆက်သွယ်ရေးသို့ ပြောင်းရွှေ့လာ သူဖြစ်ပါသည်။ ဆက်သွယ်ရေး နှင့်ပတ်သတ်ပြီး လုပ်ငန်းတွေ့အကြုံနှင့် နည်းပညာပိုင်းတို့တွင်လည်း ကျွမ်းကျင်မှုမရှိပါ ဆိုသည်မှာ မမှန်ကန်ပါ။
    (နည်းပညာနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် လိမ္မာကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် တိုင်းနှင့် ပြည်နယ် မန်နေဂျာများပင် လေးစားအတုယူရသူတစ်ဦးဖြစ်ပါသည်။)
    ဒါဆိုရင် GSM Mobile Phone သန်း (၃၀) စီမံကိန်းမှာ စီမံကိန်းမန်နေဂျာ ဘာလို့မလုပ်တာလဲ??????????
    ဒါဆိုရင် နံပါတ်လေးတွေ ၅ လုံးပူး၊ ၄ လုံးပူး အတွဲလေးတွေ ရောင်းတဲ့နေရာမှာတော့ ကျွမ်းကျင်မှာပေါ့နော်
    တပည့်ကျော် ဝေဖြိုးက နောက် ၈/၉ လုံးပူးလေးတွေ ရမယ်ဆိုပြီး ပိုက်ဆံပေးလိုက်တာ တခြားအပူးတွေ ရလာတော့ ရင်းထားတာလေးတွေကို ဘယ်လိုရှင်းပေးမလဲ
    ဆ.သ.ရ မှာ လုံးပူးတွေ ၀န်ကြီး၊ MD ၊ GM တွေဆီကနေ မထွက်ရင် ဘယ်ကထွက်မလဲ ရွေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုတာမျိုးပေါ့နော်
  15. သတင်းပါ အကြောင်းအရာများနှင့် ပတ်သတ်ပြီး မည်သူက စုံစမ်းဖော်ထုတ် စစ်ဆေးအရေးယူပေးပါမည်နည်း…..ဆက်သွယ်ရေး ၀န်ကြီးလား….သမ္မတကြီး ဦးသိန်းစိန်လား…..လွှတ်တော်အမတ်တွေလား…..ဟိုလိုလို ဒီလိုလိုတော့ မလုပ်ကြပါနဲ့
  16. တစ်ခြားဟာတွေတော့ မသိဘူး သူက ၀န်ထမ်းတွေ အင်တာနက် သို့ ဂျာနယ်မှာပါရင်တော့ စုံစမ်း စစ်ဆေး ပြီး ပြင်းထန်စွာ အရေးယူတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ၅ သိန်းတန် မိုဘိုင်းဖုန်း အလုံး ၂၀၀၀ ခွဲတမ်းရတာ သူ့လက်မှတ်နဲ့ ၁၂၀၀ ထုတ်ပြီး ၈၀၀ ပဲ ပြည်သူကိုရောင်းပေးခဲ့တာပါ ။သွားရောင်း တဲ့ ပီစီအိုအရာရှိကို မယက ဥက္ကဌ ဟောင်းက သမ္မတ အထိ တိုင်တာ ကို တရားဝင် သွားစစ်ကြပါတယ်။
    စုံစမ်းကြည့်လို့ရပါတယ် ။ စစ်ကိုင်းတိုင်း ၀န်ကြီးချူပ်လည်း သိပါတယ်ဗျာ
  17. ၀န်းထမ်းတွေကြတော့ ပြင်းထန်စွာအရေးယူပြခဲ့ပြီး…သူတို့အလှည့်ကျတော့မှ အခုလို ဟိုလိုလို ဒီလိုလို လုပ်နေတာဟာဘာသဘောလဲ၊ သြော်…အထက်လူကြီးတွေများ သူတို့အချင်းချင်းဆို သိတက်လိုက်ကြတာ၊ လက်ရှိ ဦးသိန်းစိန်အစိုးရရဲ့ clean government-good government ဖော်ဆောင်ရေးအစီအစဉ်က အိပ်မက်ပါပဲလားလို့ မဖြစ်ပါစေနဲ့။ အမြန်ဆုံး အ ကောင်အထည် ဖော်ပြီး အရေးယူဆောင်ရွက်သင့်ပါတယ်…ဒီလိုမျိုးကိစ္စတွေကို လစ်လျူရှု့ ထားတာမျိုး မဖြစ်သင့်ပါဘူး….
  18. အီလိုက်မှာမေးဘူးတယ်မရဘူး၊ဒါကြောင့်လှည်းတန်းကbeststoneမှာwcdmaကို၁၆၀၀၀ကျပ်ပိုပေးပြီးဝယ်ခဲ့ရပါတယ်။gsmကတော့အပြင်မှာဘယ်ဆိုင်မှာမေးမေး၊၂၃၀၀၀ကျပ်ကျော်မှာပေးဝယ်ရင်ရတယ်။ဒါတွေက
    ပြင်ပမှာလုပ်လို့ရလို့လား။ဘယ်တိုင်ရမှာလည်း။ဘာကြောင့်ဖမ်းဆီးသံမကြားရတာလဲ။ပြောတော့အများပြည်သူသက်သာရေး။အခုတော့ကြိတ်ပြီးလုပ်နေကြတာ။၅၀၀၀တန်ဖုန်းဆိုရင်သူတို့အတွက်ရကွက်မရှိလို့နေမှာပါ။ဒါကြောင့်ဟိုအကြောင်းပြဒီအကြောင်းပြနဲ့ ကော်လံစားတွေရဲ့ စာရေးချက်က မိုးတွင်းဖါးတွေနဲ့အတူ အအော်ပြိုင်နေပုံပါပဲ။
  19. ဖုန်းဘီလ်သွင်းသောငွေများ၊MobilePhone အပျောက်အပျက်များ၏ ဌာနသွင်းငွေများကို ဘဏ်သို့မသွင်းသေးပဲ ထားရှိ၍မရပါ။ ထိုစာရင်းများကို စစ်ဆေးရသော တိုင်းစာရင်းစစ်ရုံးတွင် မေးမြန်းနိုင်ပါသည် ဆိုတော့… ….လစာဘယ်လောက်ရလဲတော့မသိ….ကားတွေထည်လဲ ၀ယ်စီး၊ မြေတွေဝယ်၊ တိုက်တွေဝယ် နေတာကိုကြတော့ ဘယ်သူ့ကိုသွားမေးရမှာလည်း…ဒါတွေတင် ဘယ်ကမလဲ တခြားဟာတွေလည်း ရှိပါ့ ရှိပါ့…… ငွေစာရင်းဌာနမှ လက်ရှိမန်နေဂျာ အမျိုးသမီးကြီးက… MD နဲ့လည်း Partner တွေဆိုမှတော့ခေသူဘယ်ဟုတ်ပါ့
  20. ဟုတ်ပါတယ်…မန္တလေးတိုင်း ဆက်သွယ်ရေးရုံး ငွေစာရင်းဌာနမှ လက်ရှိမန်နေဂျာ မိန်းမကြီး က Harrier ကားလေးနဲ့ပေါ့။ အရင်ကထဲက ကား သုံးလေးစီး ကိုတောင် ထည်လဲ စီးနေတာပါ…အခုမှမဟုတ်ပါဘူး၊ ယခင် တိုင်းမန်နေဂျာ(လက်ရှိမန်နေဂျင်းဒါရိုက်တာ ဦးဣဒ္ဓိလှ) ရှိစဉ်တုန်းကဆိုရင် အကြီးအကျယ် လုပ်းစားခဲ့ကြတာများ ဆရာ တပည့်အချင်းချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့
Comments are closed.