ဓာတ်ပုံသတင်း

ကျုံကူရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်ပွဲ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ရန်ကုန်၊ တာရာဝေယံ
ဇွန် ၂၊ ၂၀၁၂

ကျုံကူရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖွင့်ပွဲကို ဧရာဝတီတိုင်း၊ ဖျာပုံမြို့ နယ်၊ ကျုံကူရွာမှာရှိတဲ့ ဘုံပျံတိုက်ကျောင်းမှာ ၁၊ ၆၊ ၂၀၁၂ နေ့ နေ့လည် ၂း၀၀ နာရီက ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ BEST ပညာရေး အကျိုးဆောင်အဖွဲ့မှ ဦးသန်းဝင်းနိုင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုဘမျိုးသိန်း၊ မြန်မာနိုင်ငံ ရဟန်းတော်များအဖွဲ့ချုပ်မှ ဦး ပဏ္ဍ၀ံသနဲ့ ကျောင်းတာဝန်ခံ ဦးဇင်းဦးစန္ဒာဓိကတို့က အမှာစကားများပြောကြားခဲ့ပါတယ်။ ဦးစန္ဒာဓိကက အမှာစကားပြောကြားရာမှာ မိမိ အနေနဲ့ တိုင်းပြည်ရဲ့ပညာရေးလိုအပ်ချက်အတွက် ဒီကျောင်းကို အခက်အခဲအမျိုးမျိုးကြားထဲမှ ထူထောင်ရခြင်းဖြစ်ကြောင်း၊ ၀ိုင်းဝန်းကူညီ သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ နောက်ထပ်အကူအညီများစွာလည်း လိုအပ်နေပါကြောင်း၊ အာဏာပိုင်များကို ဖိတ်ကြားထား သော်လည်း လာရောက်ခြင်းမရှိသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းတို့ကို ပြောကြားသွားခဲ့ပါတယ်။


ဦးစန္ဒာတိက နှင့် ဦးပညာဝံသ

ဦးဝိစိတ္တ၊ ဦးသြဘာသ၊ ဦးဇ၀န၊ ဦးပညာဝံသ၊ ဦးနန္ဒ၊ ဦးခေမိတ

ကိုကျော်စိုးနှင့် ကျောင်းသားများ

ကိုဘမျိုးသိန်းနှင့် ဦးသန်းဝင်းနိုင်

ဦးမြင့်အောင်၊ ကိုမင်းသိန်းထွန်း၊ မနှင်းနှင်းမွှေး နှင့် ကိုထွန်းကြည်

ကျောင်းတာဝန်ခံ ဦးစန္ဒာဓိကဟာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရပြီး မကြာသေးခင်ကမှ ထောင်ကပြန် လွတ်လာတဲ့ သံဃာတော်တစ်ပါး ဖြစ်ပါတယ်။ ဒီကျောင်းမှာ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသူကျောင်းသား ၁၁၁ ယောက်ရှိပြီး သံဃာနှစ်ပါးနဲ့ ဆရာမသုံးယောက်က တာဝန်ယူသင်ကြားပေးနေပါတယ်။ ကျောင်းအဆောင်အဦ ခေါင်မိုးသွပ်များ ပေါက်ပြဲနေပြီး စာသင်ခုံ၊ ကျောင်းဝတ်စုံ၊ ထီး၊ ဖိနပ်၊ မိုးကာ၊ စာရေးကိရိယာ၊ ဆရာမများအတွက် လစာ စသည်ဖြင့် လိုအပ်ချက်များစွာရှိနေကြောင်း သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(နိုင်/ကျဉ်း) မှ ကျောင်းအတွက် စာရေးကိရိယာများ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ အ၀တ်အစားများ ကျပ် တစ်သိန်းကျော်ဖိုး သွားရောက်လှူဒါန်းခဲ့ပါ တယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ကျဉ်း) က ဖျာပုံမြို့ပေါ်ရှိ ဆရာ ဇော်ဂျီ စာကြည့်တိုက်အတွက်လည်း စာအုပ်များဝင်ရောက်လှူးဒါန်းခဲ့ကြောင်း သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကျုံကူရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်ပွဲ

Comments are closed.