စာအုပ်စင်

မှတ်မိသေးတယ် ဂျပန်ခေတ်ဆေးရုံကြီးဝယ် (စာအုပ်အညွှန်း)

ဇော်အောင် (မုံရွာ)
ဇွန် ၁၊ ၂၀၁၂
စာမျက်နှာ ၄၄၄ ရှိပြီး၊ ဆေးပညာဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်းများ ဂျပန်ခေတ် မြန်မာ့လွတ် လပ်ရေးတပ်မတော် (ဘီအိုင်အေ) ဆေးရုံကြီး အကြောင်း မေလ၁၉၄၂ မှ ဧပြီ ၁၉၄၅ ကာလအတွင်း မြန်မာ့ခေါင်းဆောင်းများ ဆေးကုသခဲ့ပုံ၊ ဆေးဝန်ထမ်းများ ပြင်းထန်လှသော ဒုကမ္ဘာစစ်ကြီး၏ ဗုံးဒဏ်များကြားတွင် ဆေးဝန်ထမ်းများ၏ ကိုယ်ကျိုးမဖက်၊ စေတနာ၊ မေတ္တာ၊ ဂရုဏာများသည့်အကြောင်းကို ရေးသား ထားပါသည်။

• ထုတ်ဝေသူ – ဦးကျော်ဆန်း (ရအောင်စာပေ)၊
• ဖြန့်ချိသူ – စပယ်ဦးစာပေ
• ထုတ်ဝေသည့် ခုနှစ် – ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (ပထမအကြိမ်)၊ ၁၉၆၈ ခုနှစ်၊ ဇူလိုင်လ (ဒုတိယအကြိမ်)၊ ၂၀၁၀ ခုနှစ်၊ မတ်လ (တတိအကြိမ်)

• အမှာစာများ
ဂျပန်ခေတ် ဘီအိုင်အေဆေးရုံကြီးတွင် မြန်မာခေါင်းဆောင်များစွာ ဆေးကုသခြင်းများမှာ သမိုင်းဝင်ဖြစ်ရပ်ပင်ဖြစ်သည်။ စာအုပ်ဖြစ်ပေါ်ရန် ပါမေက္ခ ဦးဧမောင် (မြန်မာစာ) ၏ ပထမအမှာစာတွင်၊ မိမိတို့၏အသက်ဘေးအန္တရာယ်ကို မည်သို့မျှပမာဏမထားပဲ၊ လူနာများကိုသာ ဂရု ပြုကြည့်ရှုနေကြသည်။ ရွှေ့တန်သူများကို ရွှေ့၊ ပြောင်းတန်သူများကို ပြောင်းရသည်။ သွေးသံရဲရဲနှင့် နောက်ထပ်ရောက်လာသော လူနာ များကို ဖေးမချီပိုးသယ်ဆောင်ယူကြရပြန်သည်။ လေယာဉ်ပျံများမှာ နေ့နေ့၌သာမက၊ ညည၌လည်း အကြိမ်ကြိမ်အခါခါလာသဖြင့် လူနာ ကိစ္စအ၀၀ကို ညမှောင်ထုထဲတွင်ပင် ခက်ခက်ခဲခဲ၊ တပင်တပန်းဆောင်ရွက်ကြရသည်။ ဤသည်တို့ကို ဒေါက်တာမြင့်ဆွေထံမှ ကြားသိရပြန် သောအခါ ထိုသူနာပြုဆရာမများသည် ကရိုင်းမီးယားစစ်အတွင်းက စစ်မြေပြင်၌ သူနာပြုလုပ်ငန်းကို သက်စွန့်ကြိုးပမ်း၊ ဆောင်ရွက်ခဲ့သော အင်္ဂလိပ်သူနာပြုဆရာမ လောရင့်နိုက်တင်းဂေးလ် (Florence Nightingale) နှင့် ဗီယက်နမ်ပြည် သူနာပြုဆရာမ ဂျင်နီဗေး (Genevieve) စသော ကမ္ဘာကျော် သူနာပြုဆရာမများ၏စံချိန်အောက် မည်သို့မျှမနိမ့်ဟု တစ်ထစ်ချယုံကြည်မိပါသည်ဟု ရေးသားထားပါသည်။

မြန်မာနိုင်ငံသမိုင်းကော်မရှင်မှ ဦးမောင်မောင်တင် (မဟာဝိဇ္ဖာ) အမှာစာတွင် ဗိုလ်ချုပ်အောင်ဆန်း (အလုပ်ပင်ပမ်း၊ အားပြတ် ဆေးရုံ ရောက်ခြင်း)၊ ဗိုလ်နေ၀င်း (အူအတက်ရောင် ခွဲစိတ်ကုသခြင်း)၊ ဗိုလ်မှူးစိန်မှန် (အလူးလဲဗိုက်နာခြင်း)၊ ဗိုလ်လင်္ကျာ၊ ဗိုလ်စကြာ (ဆေးရုံအ တွက် ဘီအိုင်အေထောက်ပံကြေးပေးသူ)၊ ဗိုလ်ထိန်လင်း၊ ဦးနု (သွေးအားနည်းရောဂါကုစဉ်)၊ သခင်မြ (လိပ်ခေါင်းရောဂါကုခြင်း)၊ သခင် သန်းထွန်း၊ သခင်ကျော်စိန် (ခြောက်လုံးပြူးဒဏ်ရာကုစဉ်)၊ ဦးကျော်ငြိမ်း စသောခေါင်းဆောင်ပုဂ္ဂိုလ်များကို နှိုက်နှိုက်ချွတ်ချွတ် သိသမျှက လေးများလည်း ရေးသားထားပေသည်။ စစ်မှတ်တမ်းလည်းဖြစ်သည်။ အထ္ထုပ္ပတ္တိသဘောလည်းပါသည်။ အတွေးအခေါ်အရေးအသား၊ ပညာသင်ကျောင်းသားများအားပညာပေးသဘောအချက်များလည်း ပါသည်။ ဆေးပညာကုထုံးများ၊ ဆေးရှားပါးစဉ် မည်သို့ရှာကြံကုရသည် များ ပြည်သူ့အကျိုးပြုစ လက်သုံးမှတ်တမ်းဟု အမှာစာရေးထားသည်။

တည်းဖြတ်သူ ဆရာမာယက ရသပိုင်းဆိုင်ရာ၊ ဗုဒ္ဓ၀ါဒီပိုင်းဆိုင်ရာ၊ ရယ်ရွယ်ဘွယ်များ၊ အချစ်ရသ (အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်၊ – စာမျက်နှာ ၉၆ – ၁၀၅ (၉) မျက်နှာတိတိ စိတ်ဝင်စားဖွယ်ရရေးသားခဲ့သည်။ အထွေးနှင့် စာရေးသူ ဒေါက်တာမြင့်ဆွေအကြောင်း၊ ဦးအေး (၂) နှင့် ဆရာမကလေး မေမေစု၊ ရိုးရိုးကြီးမောင်မောင်သန်းနှင့် ဆရာမကလေး မကယ်လီ နှစ်ယောက်တည်းဆိုရင်ကွယ် စသော အခန်းများမှာ အချစ်ရသဖြစ်သည်။ ဂျပန်များ ဖမ်းဆီးသတ်ဖြက်နှိပ်စက်မှုများ၊ လောကငရဲ၊ ရွှေတောင်တိုက်ပွဲမှ ဒဏ်ရာရ ရဲဘော်များ၊ သင် တုန်းဓားဒဏ်ရာနှင့် ဆာဒူးကြီး၊ ဗုံးဒဏ်ထိသူများ၊ အထုတ်ထဲတွင် ခြောက်လုံးပြူးကျည်ဆံ သိုလှောင်ထားသည့် သခင်ကျော်စိန် ..စသည့် သနားဖွယ်ကရုဏာရသ၊ ကြောက်လန့်ဖွယ်၊ စက်ဆုပ်ဖွယ်များများ၊ အဌာဝက သခင်ဖိုးလှကြီး၊ ရွာစားကြီး စိန်ဗေဒါတို့၏ သေမင်းနှင့် အ သက်လုခြင်းများ၊ ရဲရင့်ခြင်း၊ အားထုတ်စွန့်စားခြင်း အခန်းများစွာဖြင့် ရသစုံလင်ကြောင်း အမှာစာရေးသားပေးထားပါသည်။

ထိုအမှာစာများမှာ ပထမအကြိမ်ထုတ်ဝေစဉ် (၁၉၆၈) အတိုင်း ပြန်လည်ဖေါ်ပြထားခြင်းဖြစ်သည်။

• ဆရာဝန်ကြီးဦးဘသန်းနှင့် ဆေးရုံမှတ်တမ်းများ
အထူးသဖြင့် အင်္ဂလိပ်အပြေး၊ ဂျပန်အ၀င်တွင် ဘီအိုင်အေဆေးရုံကို ဆရာဝန်ကြီးဒေါက်တာဘသန်းမှ ဦးစီးတည်ထောင်ခဲ့ပေသည်။ ခွဲစိတ် ဆရာဝန်ကြီး F.R.C.S ရရှိသော ရှားရှားပါးပါး ကာနယ်အောင်ခင်နှင့် ဒေါက်တာဦးဘသန်း ဆရာဝန်ကြီး (၂) ဦးကိုသာ စာရေးသူမှတ်မိကြောင်း။ ဆေးကျောင်းသားများကို သင်ကြားပေးသူ၊ မြန်မာဆန်လှပြီး မြန်မာသီချင်းများကို သီဆိုသည်။ သမီးဖြစ်သူ ကစ်တီ (နောင်အခါ ဗိုလ်ချုပ် နေ၀င်း၏ဇနီး-ဒေါ်ခင်မေသန်း) က စန္တယားသီချင်းကြီးများ တီးသည်။ ဆေးရုံဝန်ထမ်း၊သူနာပြုများဖြင့် အားချိန်များတွင် အခါအားလျှော်စွာ သီဆို၊ တီးမှုတ်၊ ကပြကာ ခက်ခဲလှသော ဂျပန်ခေတ်ဆေးရုံကြီး လုပ်ငန်းများကိုဆောင်ခဲ့ပုံများကို ရေးသားထားပါသည်။ ဆရာကြီးဦးဘသန်း နောက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁) တွင် ပါမေက္ခချုပ်အဖြစ် အမှုထမ်းစဉ်တွင်လည်း ပတ္တလားခေါက်တုန်း၊ သီချင်းဆိုတုန်းပင်ဖြစ်သည် ဟု ရေးထားပါသည်။ ဆရာဝန်ကြီး၏ အနစ်နာခံ၊ ဆေးရုံအုပ်ကြီးပီသပုံ၊ သူ့တပည့်များကို ချစ်ခင်ဂရုစိုက်ပုံ အထူးသဖြင့် သမီးလိုချစ်ပြီး၊ အ လွန်အားကိုးရသော သူနာပြုဆရာမ ဒေါ်ခင်ကြည်အား ဗိုလ်ချုပ်နှင့်လက်ထပ်ပွဲတွင် ဖခင်ရင်းကဲ့သို့ မင်္ဂလာဆောင်၊ ဆေးရုံမှထွက်ခွာခွင့် ပေးရပုံများကို ၀မ်နည်းဝမ်းသာ ရေးသားထားပါသည်။ ဆရာဝန်ကြီးများ၏စေတနာများ၊ အထူးသဖြင့် FRCS ပါရဂူ ဆရာဝန်ကြီး ဒေါ်ရင်မေ မိမိကိုယ်တိုင်မီးဖွားပီးကာစမှာပင် ဆရာမကြီးကိုယ်တိုင် အသက်ကယ်ရမည့်ခွဲစိတ်မှုအတွက် ညမှောင်မှောင်တွင် လာခေါ်သော ဒလ၀မ် ကုလား၏ဆိုက်ကားနှင့် သင်္ချိုင်းကုန်းကိုဖြက်ကျော်ကာ ဆေးရုံသို့လာရောက် အသက်ကယ် ကုသခြင်းများမှာ အံ့ဘွယ်ပင်ဖြစ်သည်။ ဆရာ ၀န်ကြီးဦချန်တိတ်၊ စစ္စတာဒေါ်အမာ၊ ဂျပန်လူမျိုး ပါရဂူဆရာဝန် (၃) ဦး စသည်တို့၏ စေတနာဝန်ထမ်းဖြစ်ရပ်များကိုလည်း ဖော်ပြထားပါသည်။

ဆေးပညာနှင့် မြန်မာခေါင်းဆောင်များ ဆေးရုံတက်၊ မကျန်းမာသည့်ဖြစ်ရပ်များကို ရေးသားထားသောကြောင့် အလွန်သံဝေဂရဘွယ်ဖြစ် ရပ်များစွာ သိရှိရပါသည်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းဆေးရုံတက်စဉ် သူနာပြုဆရာမကြီး ဒေါ်ခင်ကြည်နှင့် ချစ်စကားဆိုခြင်း၊ လက် ထပ်ခြင်းများကို ရေးသားထားသည်မှာ အလွန်အောက်မေ့ဘွယ်ရဖြစ်သည်။ ဒေါ်ခင်ကြည်နှင့် အစ်မဖြစ်သည် ဒေါ်ခင်ကြီး (သခင်သန်း ထွန်းဇနီးသည်)၊ စာရေးသူ ဒေါက်တာမြင့်ဆွေ၏ ဇနီသည်ဖြစ်လာမည့် သူနာပြုဆရာမ မတင်ထွေး (အထွေး) တို့ အကြောင်းများမှာ ပုထုစဉ်လူသားများ၏ လူငယ်ဘ၀၊ ဆေးရုံဝန်ထမ်းအလုပ်၊ အချစ်ရေးရာများမှာ လွမ်းစရာကောင်းပါသည်။

ရဲဘော်ရောင်းရင်းများအကြောင်း၊ ဇတ်လမ်းတိုများစွာရေးသားခဲ့ပြီး စာအုပ်အဆုံးတွင်လည်း ဆရာဝန်ကြီး၊ ဆရာဝန်ငယ်၊ သူနာပြုမှုးနှင့် ဆရာမများ၊ ဆေးစပ်ဆရာများ၊ ဆာဂျင်သုံးဦး၊ ဘဏ္ဍာစိုးကြီး ဦးရွှေ၊ စာရေးဌာန၀န်ထမ်းများ၊ အလုပ်သမားကြီးများ၊ ဂေဟာမှုများမှ အဆုံး၊ သန့်ရှင်းရေးသမားများအားလုံးကို အမည်နှင့် မှတ်တမ်းတင်ထားပါသည်။ ဆရာဝန်ကြီးများတွင် ဦးဘသန်း (ခွဲစိတ်ပါရဂူ)၊ ဒေါ်ရင်မေ (မီး ယပ်သားဖွားပါရဂူ)၊ ဦးချန်တိတ် (မျက်စိပါရဂူ)၊ ဒေါက်တာအက် (စ်) ဆင်း (ဆေးဝါးကုပါရဂူ)၊ ဒေါက်တာဦးသန်းအောင် (အဆုတ်ရောဂါပါရဂူ)၊ ဒေါကတာဦးလှရွှေ (ကွယ်လွန်)၊ ဦးအေး (ပဲခူးခရိုင် ဆရာဝန်ကြီး)၊ ဗိုလ်မှူးကြီး မောင်မောင်သန်း (မင်္ဂလာဒုံဆေးရုံတပ်မှူး)၊ ဒေါက်တာဦးကြည် ပေါ (ခွဲစိတ်ပါရဂူ)၊ ဒေါကတာဦးမြင့်ဆွေ (စာရေးသူ)၊ ဒေါက်တာဦးစံမြင့်၊ ဒေါက်တာဦးကွမ်းလွင်၊ ဒေါက်တာဦးရန်ရှင်း၊ ဒေါက်တာအက်(စ်)လား (ကွယ်လွန်)၊ ဒေါက်တာစောစိန်လျောင်း (ကွယ်လွန်သူ) တို့ဖြစ်သည်။ ဆေးသင်တန်းအောင် ဆရာဝန်ကလေးများ (၃၂) ဦးနှင့် အခြား သူ များစွာတွေ့နိုင်သည်။

ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည် တွေ့ဆုံစဉ်က “မယ်ခုမျှော်” တေးသီချင်းသံလေးသည် ဗိုလ်ချုပ်၏နားတွင်းသို့ သာသာယာယာဝင်သွားသည့် နည်းတူ၊ အတွေးနှင့်ရင်းနှီးခဲ့သည့် ရက်ပေါင်းကာလအတော်ကြာလာသောအခါ သူ၏ သာယာသောဓမ္မသီချင်းသံကလေး ကျွန်တော့နား ထံသို့ ချိုအေးစွာဝင်လာသည်ဟု ထင်ပါသည်။ အထွေး၏ ဓမ္မသီချင်းသံကို ပြန်လည်ဖေါ်ပြလိုသည်။

ဝေးလှသော တောင်ကုန်းပေါ် ၁၂၅ ဟေ၊ ၁၂း၂ The old Rugged Cross 289

(၁)
ဝေးလှသော တောင်ကုန်းပေါ် ထူထားသောတိုင်တော်သည်
ရှက်ကြောက်ဖွယ် ဒုက္ခခံရာတိုင်တည်း
ပြစ်လောကကိုကယ်ရန် သေခံရာ တိုင်တော်ကို
ကျွန်ုပ်သည် ထူးပင်ချစ်ခင်မြက်နိုး။

ထပ်ဆိုရန်။ တိုင်တော်ကို ကျွန်ုပ်သည် လေးမြက်မည်
လမ်းဆုံးမှာ အောင်လံကို ချထားမည်၊
ကျွန်ုပ်သည် မှီတွယ်သောတိုင်တော်ကို
သရဖူကို တနေ့ဖြင့်လဲချင်။

(၂)
လောကလုံး ရွံရှာသော လက်ဝါကပ်တိုင်တော်၏
ဆွဲနိုင်သော တခိုးသည် အံ့ဖွယ်တည်း။
ထက်ကောင်းကင် ဘုန်းတော်ပင် သိုးသငယ်စွန့်ပြီးကာ၊
သစ်တိုင်မှာသေခံရန် ကြွဆင်းလာ။

(၃)
သွေးတော်နှင့် စွန်းကွက်သော လက်ဝါးကပ်တိုင်တော်သည်
အံ့သြဖွယ် တင့်တယ်လှပေ၏
ကျွန်ုပ်ကို ပြစ်လွှတ်လျှက် သန့်ရှင်းစင်ကြယ်စေရန်
ယေရှုရှင် ထိုတိုင်ပေါ်မှာ သေခံ။

(၄)
တိုင်တော်ကို ကျွန်ုပ်သည်၊ စဉ်သစ္စာရှိပါမည်၊
ကဲ့ရဲ့ခြင်း ပြစ်တင်ခြင်း ခံလိုသည်၊
ကောင်းကင်ဘုံစံဖို့ရာ ကိုယ်တော်ရှင်ခေါ်သောခါ
ကိုယ်တော်နှင့်အတူ ဘုန်းတော်ဝင်စား။

ထိုဓမ္မသီချင်းသံသည် ခရစ်ယာန်တို့အနေအားဖြင့် အလွန်သာယာသော သီချင်းတစ်ပုဒ်ဖြစ်ပါသည်။ တစ်နေ့သောအခါ ဤသီချင်းကို သူသီ ဆိုနေသောအခါမှာမှ အထွေးသည် ဗုဒ္ဓဘာသာမဟုတ်ပဲ ကျွန်တော်နှင့် ဘာသာတခြားစီဖြစ်နေမှန်းသိခဲ့ရလေသည်။ .. ဟု စာရေးသူက သူ့ဇနီးသည်ဖြစ်လာမည့် သူနာပြုဆရာမလေး အထွေးအကြောင်းကို ရေးသားထားပါသည်။ သူတို့နှစ်ဦး၏မင်္ဂလာပွဲကို ဆရာဝန်ကြီး ဦဘ သန်းထံ ခွင့်ပြုချက်တောင်းခြင်း၊ ဦးလှရွှေမှာ စီစဉ်ပေးခြင်း၊ သူတို့နှစ်ဦး၏ လက်ထပ်မင်္ဂလာပွဲ သတိုးသား၏မိဘအဖြစ် ဗိုလ်လင်္ကျာနှင့် ဇနီးဒေါ်ခင်လှ၊ သတိုးသမီး၏မိဘအဖြစ် သခင်သန်းထွန်းနှင့် ဇနီးဒေါ်ခင်ကြီး၊ သူတို့သားအရံ ဒေါက်တာလှရွှေ ၏ စက်ဘီးနောက်ထိုင်ခုံပေါ်တွင် သူတိုးသား ဒေါက်တာမြင့်ဆွေကထိုင်ပြီး၊ သတိုးသမီး အထွေးက သတိုးသားအရံဒေါက်တာဦးအေးတို့ စက်ဘီးနောက်ထိုင်ခုံတွင် ထိုင်စီးနင်း ခဲ့ပုံများ၊ အပျိုရံ ရွှေမန်းသူ မရွှေမိတို့နှင့် ကော်ဖီ၊ မုန့်၊ အိုက်စခရင်များ ဧည့်ခံကျွေးမွေးသောမင်္ဂလာပွဲကိုလည်း အမှတ်တရရေးထားပါသည်။

ထိုဆေးရုံကြီးမှတ်တမ်းကို ဖတ်ပြီး၊ လူလူခြင်း ရိုင်းပင်းကူညီသော အဂါပေမေတ္တာ၊ အနှိုင်းမရမေတ္တာများကို မြင်တွေ့ရပါသည်။ ယခုခေတ် ခဲယဉ်းလှသော၊ ဆေးပစ္စည်းရှားပါးလှသော မြန်မာအစိုးရဆေးရုံများတွင် တာဝန်ထမ်းဆောင်ရသော ဆေးဝန်ထမ်းများဘ၀ကိုလည်း မှတ် တမ်းတင်၊ စာအုပ်များ ရှိပေမည်။ အထူးသဖြင့် ၁၉၈၈ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုအတွေ့အကြုံများ၊ မြန်မာပြည်ဆေးရုံများ၊ မြန် မာနယ်စပ်ဆေးရုံများအကြောင်း ဒေါက်တာမြင့်ဆွေကဲ့သို့ နှလုံးလှဆရာဝန်များ ပြုစုရေးသားမည့်စာအုပ်များထွက်ပေါ်လာဦးမည်ဟု မျှော် လင့်မိပါသည်။

• ဒေါက်တာမြင့်ဆွေ၏ နိဂုံးစာ
၁၉၆၆ တွင် သံယာဆေးရုံကြီးအတွက် တာဝန်ထမ်းဆောင်နေစဉ် ရှေ့သို့စာစောင် အယ်ဒီတာများဖြစ်သော သိပ္ပံမြင့်ဦး၊ ဦးမောင်မောင်မိုးနှင့် ဓါတ်ပုံဆရာတဦးတို့လာရောက်စဉ် မိမိ၏ ဂျပန်ခေတ်ဆေးရုံကြီးအကြောင်းများကို အချိန်တိုလေးအတွင်းပြောပြခဲ့ရာမှာ သူတို့က မှတ်တမ်း စာအုပ်ရေးရန် တိုက်တွန်းခဲ့သည်။ မြန်မာစာပါမေက္ခဟောင်း ဦးဧမောင်ကလည်း မဖြစ်မနေရေးရန် တိုက်တွန်းအားပေးခဲ့သည်။ ဦးသာတင် (ဦးမာယ) က တည်းဖြတ်ပေးခဲ့သည်။ အသက် ၅၅ နှစ်အရွယ်ထိ စာရေးဖို့ဝေးစွ၊ ဆေးစာအုပ်များဖြင့်သာ အချိန်ကုန်ခဲ့ပြီး (၅၅)နှစ်ရောက်မှ စာရေးရခြင်းဖြစ်သည်။ (၈ )လကျော်ရေးသားခဲ့ပြီး အချို့အချက်များကို နှလုံးရောဂါဒဏ်ခံစားချိန် နှုတ်တိုက်ပေးသည်ကို တူမလေး ခင်မေ မြင့်နှင့်မအုန်းခင်တို့က ပြန်ရေးပေးခဲ့သည်။ သားသပည့် မောင်ချစ်ဟန်မှာလည်း လုပ်ကိုင်ပေးခဲ့သည်။ တူမလေး မနုနုသာကလည်း အကူအညီပေးခဲ့ရာမှာ အထ္ထုပ္ပတ္တိပြီးဆုံးခဲ့သည်။ အကူညီပေးခဲ့သူများကို အထူးကျေးဇူးဥပကာရ တင်ရှိပါသည်။

မှတ်သားဖွယ် ဒေါက်တာမြင့်ဆွေ၏ မှာကြားချက်တခုမှာ “တာဝန်များကိုဆောင်ရွက်ရာတွင် ကိုယ်ကျိုးအတွက် လုံးဝမပါ” ဟု အထင်ရောက် ကာ မပေါ့ဆပဲ၊ အမြင်ကျယ်ကျယ်ထားကြရန် လိုအပ်လှကြောင်းကို အထူးသတိပေးချင်ပေသည်။ သူများ၏ အကျိုးကို ဆောင်ရွက်ခြင်းသည် အမှန်အားဖြင့် ကိုယ်ကျိုးအတွက် အောင်မြင်ရေးဖြစ်သည်ကို ကျွန်တော် မျက်မြင်ဒိဌ တွေ့ရှိခဲ့ရသည်။ စိတ်ထားဖြူစင်စွာထားသောသူ၊ မွန် မြတ်သောစိတ်၊ လက်ကိုင်ထားပြီး ဆောင်ရွက်သောသူ၊ သစ္စာရှိသောသူများသည် ဘေးအန္တရာယ်အပေါင်းမှ ကင်းကြသည်ကို တွေ့ရိရလေ သည်ဟုသတည်း …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts