Ba Kyaw – အမိန့်အာဏာအလွဲသုံးပြီး လယ်ယာမြေသိမ်းပိုက်မှုအား နိုင်ငံတော်သမ္မတထံ စုပေါင်းလက်မှတ်ထိုး၍ အသနားခံစာတင်

ဘကျော် (မကွေး)၊ မေ ၂၇၊ ၂၀၁၂

၂၀၁၂ ဇန္န၀ါရီလ (၁၈)ရက်နေ့က မိတ္ထိလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ တမာကုန်းကျေးရွာ၊ လယ်သမားဥိးမြင့်မောင်ထံ သန်းဇော်ရွှေကုမ္မဏီက ဦးနေမျိုး ဆိုသူနှင့် မြို့နယ်မြေစာရင်းမှ ဦးစိန်အောင်၊ ဦးသန်းမြိုင်တို့ ရောက်ရှိလာပြီး၊ ရိတ်သိမ်းရန်ရက်ပိုင်းမျှသာလိုသော ကုလားပဲ စိုက်ခင်း ၁ ဧက ခွဲ နှင့် ပဲစဉ်းငုံ ၁ ဧကခန့်ကို အလုပ်သမားများဖြင့် လာရောက်ဖျက်စီးပြိး၊ ၄င်း မြေဧကများ သိမ်းလိုက်ကြောင်းပြောကြားခဲ့သည်ဟု သိရှိရသည်။

ပထမသမ္မာန်စာကို ရက်ကြို အကြောင်းကြားသော်လည်း ရိတ်သိမ်းပြိးသည်အထိ စောင့်ဆိုင်းပါရန် မေတ္တာရပ်ခံချက်ကို လျှစ်လျူခဲ့သည်ဟု လယ်သမားတို့က ပြောသည်။ အခြားသောလယ်သမားအများစုမှာ ရိတ်သိမ်းပြိးဖြစ်၍ အတင်းအဓမ္မ ဖျက်စီးခြင်းမှ ကင်းလွတ်သော်လည်း သူတို့လယ်ဧကများပါ သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

ဘိုးဘွားလက်ထက်မှ နှစ် ၄၀ ကျော် လုပ်ကိုင် စားသောက်လာခဲ့သော လယ်သမား၊ ဆင်းရဲသားများအနေနှင့် အချင်းအရာပါ ကိစ္စရပ်အား၊ ပြည်ထောင်စုဝန်ကြီးနှင့် လယ်ဆည် ၀န်ကြိးတို့အား စာဖြင့်၊ လူကိုယ်တိုင်တင်ပြခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိခဲ့ကြောင်း၊ လျှော်ကြေးပေးခြင်း၊ အခြားကိစ္စများ ဆောင်ရွက်ပေးခြင်းမရှိဘဲ ထိုလယ်မြေများပေါ်တွင် စပျစ်နှင့် ဇီးပင်များကို ကုမ္မဏီပိုင်အဖြစ် စိုက်ပျိုးလျှက်ရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ 

 မြို့နယ် မြေစာရင်း ဦးသန်းမြိုင်က  သန်းဇော်ရွှေကုမ္မဏီပိုင် သိမ်းထားသည်မှာ ဧက ၆၆၅ ဧက ရှိ၍ အသိမ်းဆည်း မခံလိုပါက ငွေ ကျပ် ( ၃ သောင်း) ပေးရမည်ဟု တောင်းဆိုကြောင်း၊ သိမ်းဆည်းခံလယ်သမားများ၏ ကိုယ်စားပြုအဖွဲ့မှ မြို့နယ်မြေစာရင်းမှူးနှင့် ရဲသတင်းတပ်ဖွဲ့သို့ အကြောင်းကြားပြီး လယ်သမားထု၏ လက်မှတ်များဖြင့် သမ္မတထံ အသနားခံစာကို မေ ၂၄၊ ၂၀၁၂ နေ့တွင် တင်ပြထားကြောင်း၊ တစ်ပတ်အတွင်း ထူးခြားမှုမရှိပါက
သန်းဇော်ရွှေ ကုမ္မဏီရှေ့တွင် လယ်သမားများ စုပေါင်းဆန္ဒပြမည် ဟု (လယ်သမားကိုယ်စားပြု) ကိုလွင်မောင်နှင့် ကိုမျိုးဝင်းသန်းတို့မှ ပြောကြားခဲ့သည်ကို လက်ခံသတင်းရရှိပါသည်။

 

4 thoughts on “Ba Kyaw – အမိန့်အာဏာအလွဲသုံးပြီး လယ်ယာမြေသိမ်းပိုက်မှုအား နိုင်ငံတော်သမ္မတထံ စုပေါင်းလက်မှတ်ထိုး၍ အသနားခံစာတင်

  1. လယ်သမားတွေရဲ့ လယ်ယာမြေကို သိမ်းချင်တိုင်း သိမ်းလို့ရတယ်ဆိုတာ…ဥပဒေမရှိတဲ့နိုင်ငံလားဗျာ။
    မြို့နယ် မြေစာရင်း ဦးသန်းမြိုင်မှာ အဓိက တာဝန်ရှိပါတယ်။ အခြေအနေအားလုံးကို သူအသိဆုံးနေမှာပါ။
    ဘယ်လောက်ပေးပြီး ပါးစပ်အပိတ်ခံရသလဲတော့ မပြောတတ်။

  2. ထောက်ခံတယ်ဗျာ- ရဲ၇ဲဝံ့ဝံ့နဲ့ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြ- ဆုံးရှူံးနစ်နာတွေ အသေအခြာ စာရင်းပြုစုပြီး မီဒီယာမှ တဆင့်တင်ပြကြ။ လယ်သမားတွေ ဥပဒေ နားမလည်သေးရင် ဥပဒေရှင်တွေထံမှ အကြံဉဏ်တွေ ရယူကြ။ ဘယ်လိုမှ မနိုင်တော့ဘူးဆိုရင်– ဘာလုပ်မလဲ- နောင်ရိုးတိုက်ပွဲ ပုံသဏ္ဍာန်ဖေါ်ကြ။။

Comments are closed.