ရသဆောင်းပါးစုံ

Po Htet – ရန်သူလော..မိတ်ဆွေလော…

ဖိုးထက်၊ မေ ၂၇၊ ၂၀၁၂

(Photo – USDP party campaigners, 29th March 2012, Reuters)

အခုတစ်လော အင်တာနက်ပေါ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယုတ်ယုတ်မာမာ၊ အောက်တန်း ခပ်ကျကျ ခြေထိုးကွက်တွေနဲ့ တိုက်ခိုက်နေတာ တွေ့ရတယ်။ လူထုဆိုတဲ့ အထဲမှာ ကျုပ်ပါတော့ ဒေါ်စုကို မိုက်မိုက်ရိုင်းရိုင်း စော်ကားတာ ကျုပ်ကို စော်ကားတာနဲ့ အတူတူပါဘဲ။ ဒါပေမယ့် ကြိုက်ပါတယ်။ ပြည်သူလူထု နဲ့ ဒေါ်စု တစ်သားတည်းကျနေတာကို မနာလို မရှုစိတ်နဲ့ဘဲဖြစ်ဖြစ်၊ အရင်လို မခိုး မ၀ှက်ရတော့မှာ စိုးလို့ဘဲဖြစ်ဖြစ်၊ ဦးဏှောက်တွေ အဆေးခံထားရလို့ဘဲဖြစ်ဖြစ်၊ မာန်မာနတွေ အရမ်းများလို့ဘဲဖြစ်ဖြစ်၊ မုန်းချင်လို့ကို မုန်းတယ်ကွာလို့ဘဲ ဆိုဆို ကျုပ်တစ်ဦးတည်း သဘောအရ ကြိုက်ပါတယ်။ ဘီလူးစည်း လူ့စည်း ခွဲခြားထားသလိုပေါ့။ ပြည်သူလူထုရဲ့ ရန်သူတွေဆိုတဲ့ ဘက်မှာ ပြတ်ပြတ်သားသား ယောင်္ကျားပီပီသသ ရပ်တည်ပြီး အဲဒီလို တိုက်ခိုက်တာကို ကြိုက်တယ်။ သဘောကျတယ်။ ရန်သူတွေရဲ့ ရိုးသားမှုရှိတယ်။ ရန်သူဆိုတာ ကိုယ့်ရန်သူကို ဟုတ်ဟုတ် မဟုတ်ဟုတ် စုတ်ပြတ်သတ်နေအောင် ပြောကြ၊ ဆိုကြ မှာဘဲ။ သဘာဝကျပါတယ်။

            အဲဒီလို ရန်သူတွေကို ရန်သူမှန်းသိရတဲ့အတွက် သတိထားလို့ရမယ်။ ဘယ်လို တွန်းလှန်ရမလဲ။ သူ့ဘက် ကိုယ့်ဘက် သူနာ ကိုယ်နာ အပြန်အလှန် မဖြစ်ချင်ပေမယ့်၊ ရန်မဖြစ်ချင်ပေမယ့် ကာကွယ်ရမှာပါဘဲ။ တွန်းလှန်ကြရမှာပါဘဲ။ ဒါပေမယ့် ရန်သူလိုလို၊ မိတ်ဆွေလိုလို ပြည်သူလူထုကို မိဘတွေလို့ ခေါ်ပြီး ခဏ ခဏ စော်ကားနေတဲ့ လူတွေထက်စာရင် အဲဒီလို ခပ်ရင့်ရင့်  ရပ်တည်တဲ့ ရန်သူကို လေးစားတယ်။

            တစ်ချို့က ပါးစပ်က မိဘပြည်သူလူထုကြီး အကျိုးပါလို့ အခုပြော။ ခဏနေတော့ သတိထားဆိုတဲ့ အချိုးမျိုး ချိုး။ မီးပျက်လို့ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို ဖယောင်းတိုင် ထွန်းပြီး အိမ်ထဲနေပေါ့လို့ သောက်ကျိုးနဲ အကြံပေးလိုပေး။ မိုးနတ်မင်းကြီးကိုသာ မိုးရွာအောင် ဆုတောင်းကြလို့ ရိသဲ့သဲ့ပြောလိုပြော။ တော်ကြာကြတော့ မီးစက်ကြီးတွေ ၀ယ်ပြီး မိဘပြည်သူလူထုတွေအဆင်ပြေအောင် လုပ်ပေးပါ့မယ်လို့ ပြန်ပြောလိုပြော။ ဘယ်စကားက အတည်ယူရမှန်းမသိ။

            တစ်နေ့က အမှိုက်ပုံမြို့တော်ရန်ကုန်ကြီးအတွက် ဂျပန်က မိလ္လာစနစ်အတွက် ကူညီဖို့ တွက်ချက်နေတယ်ဆိုတဲ့ သတင်း ဖတ်လိုက်ရတယ်။ ဂျပန်တွေကို ကျေးဇူးတင်ပေမယ့် ကမ္ဘာပေါ်မှာ ကိုယ်ယိုတဲ့ ချီးတောင် ကိုယ်မသိမ်းဆည်းတတ်တဲ့ လူမျိုးကွလို့ ဂုဏ်တောင် ယူရမလိုပါဘဲ။ မိလ္လာသန့်စင်တဲ့ စက်တွေက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကလို့ သိလိုက်ရတော့ အောင်မလေးဟဲ့လို့တောင် တယူရတယ်။ ဥမှင်လှိုဏ်ခေါင်းတွေ၊ အဆောက်အဦးကြီးတွေ၊ စစ်လေယာဉ်ကြီးတွေကို ဒေါ်လာ ဘီလျှံချီ အကုန်အကျခံသုံးစွဲပြီး ရန်ကုန်မြို့တော်ကြီးရဲ့ အညစ်အကျေးအတွက် မသုံးမစွဲဘဲ ပစ်စလက်ခတ်ပစ်ထားတာကို သိလိုက်ရတာ ဒေါသတွေထွက်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။ အရင် စစ်အစိုးရ ဘာတွေ လုပ်သွားတယ်၊ ဘယ်လိုမျိုး စီမံခံ့ခွဲသွားတယ်ဆိုတာ ကလေးသိ၊ ခွေးသိ။ ဒီအချိန်ကျမှ အနာကြီးတွေကို ဆွဆွပြီး အရသာလဲ မခံချင်ပါဘူး။ သို့ပေသိ ခေါင်မိုးဆွေး၊ ကြမ်းဆွေး၊ အကာမလုံ ယင်တအုံအုံ အိမ်ကြီးကို ပြင်ကြမယ်ဆိုပြီး မိဘပြည်သူများ၊ မိဘပြည်သူများ လုပ်နေတဲ့ သူတွေကို တစ်ခါတစ်ရံ ဘယ်လဲ ဘာလဲ ပြန်မေးရမလို ဖြစ်ဖြစ်နေတယ်။

            အာရပ်ကုလားကြီးတွေလို စိတ်ကြမ်း၊ လူကြမ်း ခပ်ရမ်းရမ်း လူတွေလိုမျိုး မြန်မာလူမျိုးတွေစိတ်မှာ တစ်ဝက်လောက်သာရှိရင် ၀မ်းနည်းစရာတွေ တစ်ပုံတစ်ခေါင်းကြီး ဖြစ်နေတာ ကြာပေါ့။ မြန်မာလူမျိုးတွေဆိုတာ စိတ်ထားနူးညံ့တယ်။ အားနာတတ်တယ်။ သနားတတ်တယ်။ ယုံလွယ်တယ်။ ဗုဒ္ဓဘာသာ အခြေခံ သီးခံစိတ်အပြည့်နဲ့ ခွင့်လွှတ်တတ်ကြတာ အခု စစ်အစိုးရခေတ်က ၀န်ကြီးချုပ် ဦးသိန်းစိန်ကြီးတောင် အဘ၊ အဘနဲ့ အားကိုးတကြီး အခေါ်ခံနေရတာသာ ကြည့်တော့။ ပြည်သူလူထု ကျုပ်တို့ လိုချင်တာက အပြောင်းအလဲ။ ကောင်းသော အလှည့်အပြောင်း။ မချမ်းသာရင်နေ အဆင့်အတန်းမှီ ၀၀ဖီးဖီး ပညာတတ် ပြည်သူလူထုကို ဂုဏ်သိက္ခာရှိရှိ အုပ်ချုပ်တဲ့ အစိုးရမျိုး လိုချင်ကြတာပါ။

            သူများနိုင်ငံတွေ ကျည်ဆန်ရထားဖြစ်နေချိန်မှာ လွန်ခဲ့တဲ့ နှစ်တစ်ရာ လောက်က ခုနှစ်ဆွေး ရှစ်ဆွေး ရထားကြီးတွေ စီးနေရလို့လဲ မကြိုက်ပေမယ့် သီးခံတာပါဘဲ။ မီးပျက်တယ်ဆိုတာ ဘာလဲလို့ အိမ်နီးချင်း ယိုးဒယားတွေ မသိတဲ့ အချိန်မှာ သာကီမျိုးတွေက နေပူပူမှာ ယပ်တောင်ခပ်ပြီး နေပေးခဲ့တာ ရာစုနှစ် တစ်ဝက်တောင် ကျော်ပါပေါ့။ သေနတ်တကားကား၊ ပုံ အမိန့်အရဆိုတဲ့ အုပ်ချုပ်ရေးအောက်မှာ ရွံ့ကြောက်ကြီးတွေဖြစ်ပြီး ဘာမှကို ပြောချင်စိတ်မရှိလောက်အောင် တစ်ချို့ ကိစ္စတွေက ပေယျလက်ကန် ပြုထားခဲ့တာတွေလဲ အများကြီး။ ရိုင်းရိုင်းပြောရရင် ခွေးရူးနဲ့ ခွေးကောင်း ပြိုင်ကိုက်ရင် ကျုပ်တို့ ခွေးကောင်းတွေ နာတယ်။

            အခု သူတို့ဘဲ သူတို့ဘာသာ ရေချိုးထားတဲ့ အစိုးရ၊ ပြည်သူသာ အမိ ၊ ပြည်သူသာ အဖ လုပ်လာကြလို့ အားကိုးရမလားလို့ နှစ်ရှည်လများ သီးခံလာခဲ့ရသမျှ အေးအေးချမ်းချမ်း ထုတ်ပြောမိပါတယ်။ ဥာဏ်ကြီးရှင်တို့က ဖယောင်းတိုင်ထွန်းပြီး အိမ်ထဲနေပေါ့ဆိုပြီး ကမ္ဘာအချမ်းသာဆုံး နိုင်ငံနဲ့ ယှဉ်ပြောပြန်တယ်။ ကျုပ်တို့ကို သူတို့ နိုင်ငံသားလို့ ဖြစ်စေချင်ရင် ခင်ဗျားတို့လဲ သူတို့ အစိုးရလိုနေလို့ ပြန်ပြောရင် စိတ်ကောက်ပြန်အုံးမယ်။ ကျုပ်တို့ကို သီးခံကြပါလို့ ပြောတဲ့သူတွေကို ခင်ဗျားတို့လဲ သီးခံပြီး မီးမရှိဘဲ နေကြပါလားလို့ စကားနာထိုးရင် စိတ်နာမယ်။ ခြေဆောင့်ပြီး မခေါ်မပြောနိုင် ဖြစ်သွားနိုင်တယ်။

            ဒေါ်စုတို့လို တွေးခေါ်တတ်တဲ့ ပညာတတ်ကြီးတွေက နောက်ပြန်လှည့်သွားမှာ စိုးရိမ်နေပေမယ့် ကျုပ်တို့လို အောက်ခြေလူတန်းစား ကတော့ နောက်ပြန်သွားသွား၊ ဘေးတိုက်သွားသွား ဘာအရေးလဲ။ သန်းခေါင်ထက် ပိုပြီး ညမနက်ပါဘူး။ နောက်ပြန်သွားလို့ ထိုင်ခုံတွေ တည်မြဲမယ်ထင်ရင်၊ အေးအေးချမ်းချမ်းနဲ့ အားလုံး စိတ်ချမ်းသာမယ် ထင်ရင် သွားကြပေါ့။ ဂုဏ်ကျက်သရေ ကင်းမဲ့တဲ့ အစိုးရ အဖြစ် ကမ္ဘာ့အလယ်မှာ ထပ်ပြီး နေချင်ကြသေးသပဆိုရင်လဲ ကျုပ်တို့က ဆက်ပြီး တိုက်သွားရုံကလွဲလို့ ရွေးချယ်စရာ မရှိ။

            လူ့သဘာဝအရ အသုံးမကျတဲ့ အစိုးရကို အသုံးမကျကြောင်းလေး ပြောချင်တာ ပြောခွင့်မရှိဘူးဆိုရင် ဒီမိုကရေစီတွေ ဘာတွေ လုပ်မနေပါနဲ့။ ကြိုက်တဲ့ စနစ်ပြန်သာသွား။ ရှင်းရှင်းလင်းလင်း ဆန့်ကျင် တိုက်ခိုက်သွားလို့ရတယ်။ အရင်အစိုးရလိုဘဲ ပွင့်လင်းမြင်သာမှုမရှိ၊ ငါတို့လုပ်ချင်ရာလုပ်မယ်၊ ငါတို့ ရောင်းချင်ရာရောင်းမယ်ဆိုတဲ အချိုးမျိုး ပွင့်ပွင့်လင်းလင်းပေါ့။

            ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုပြီး အရင် အာဏာရှင် ပုံစံမျိုးတွေနဲ့ မပွင့်မလင်းလုပ်နေရင် ကျုပ်တို့ သာမန်ပြည်သူတွေက မုန်းတဲ့ အဆင့်ထက်ကျော်ပြီး စိတ်နာတဲ့ အဆင့်တက်လာပါမယ်။ အရင်အစိုးရလူတွေက အရင်အစိုးရ ဖောက်ခဲ့တဲ့ လမ်းအတိုင်း ဆက်လျှောက်နေပေမယ့် ပြည်သူလူထုအကျိုး ဘာညာဆိုပြီး လုပ်လာတော့ အကုန်လုံး ၀ိုင်းပြီး လက်ခုပ်လက်ဝါးတီး အားပေးနေကြတာဘဲ မဟုတ်ဘူးလား။ “အဆင်ပြေရင် လက်ခုပ်သံလေး ကြားချင်တယ်” ဆိုပြီး ဟို အဆိုတော်လို မျိုး လက်ခုပ်သံ သီးသီးသန့်သန့်ဘဲ ကြားချင်ရင် နိုင်ငံမအုပ်ချုပ်ပါနဲ့ ။ ဇာတ်သာ ထောင်စားတော့လို့ ရွဲ့ချင်သား။

            အကုန်လုံးက ငယ်ရာက ကြီးလာလို့ လူကြီးတွေ ဖြစ်နေကြတာမို့လား။ ငယ်ငယ်က ကိုယ့်မိသားစု အာဏာပိုင် မိဘက အိမ်က ဆန်တွေ၊ ဆီတွေ ရောင်းစား ၊ ပိုက်ဆံတွေ ဘယ်ရောက်မှန်းမသိဘဲ သား၊ သမီးတွေ၊ အိမ်က လူတွေက မလောက်မငှစားနေရရင် စိတ်ချမ်းချမ်းသာသာနဲ့ ပြုံးပြုံးလေး သီးခံနေနိုင်ကြသလားလို့ ပြန်မေးစေချင်တယ်။ ဘယ်တာဝန်ရှိသူက ပြည်သူလူထုကို တာဝန်သိသိ အောက်ကျို့ခံပြီး တောင်းပန်သလဲ။ ၀တ်ကျေတန်းကျေ သတင်းစာမှာ နှစ်ကော်လံစာလောက်ထည့်ပြီး တောင်းပန်ရုံနဲ့ နှစ်ရှည်လများ ဒုက္ခခံခဲ့ကြတဲ့ ကျုပ်တို့က မသိတတ်ဘူး ဖြစ်ကုန်ရောလား။ မြန်မာပြည် ရေအားလျှပ်စစ်မှာ ကျုပ်ထက် တတ်တဲ့သူမရှိဆိုပြီး လုပ်နေတဲ့ လူက ရူးချင်ယောင်ဆောင်ပြီး အရှက်မရှိ ရာထူးမြဲနေတာကို မကျေမနပ်ဖြစ်တာ အပြစ်လား။ မရင့်ကျက်တဲ့ ပြည်သူလူထုလို့ သတ်မှတ်ချင်သလား။

            ကြိုက်တဲ့ လမ်းကိုရွေး။ နှစ်သက်ရာ အရပ်ကို မျက်နှာမူ။ အခုဘဲ မိဘပြည်သူလူထုခေါ်၊ အခုဘဲ မိုးနတ်မင်းကြီးဆီ ဆုတောင်းခိုင်းမလုပ်စေချင်ဘူး။ လက်ရှိ လူကြီးတွေ အနေနဲ့ နှစ်ရှည်လများ အမြစ်တွယ်နေတဲ့ အပြန်အလှန်ယုံကြည်မှု ပျောက်ဆုံးနေတာကို ကုသဖို့ ပွင့်လင်းမြင်သာမှုဆိုတဲ့ ဆေးခါးကြီးကလွဲလို့ ကျန်တဲ့ ဆေးမရှိဘူးလို့ဘဲ ပြောပါရစေ။ အတိတ်ကို ကလဲ့စားမချေချင်တော့ပေမယ့် မမေ့နိုင်တဲ့ ကျုပ်တို့ ပြည်သူလူထုကို ရိသဲ့သဲ့ မလုပ်စေချင်ဘူး။ လူမိုက်စကားလိုလို၊ အာဏာပြတာလိုလို၊ ချိန်းခြောက်တာလိုလိုလဲ မပြောစေချင်ဘူး။ ဘယ်သူ့ ဘယ်သူမှ အကျိုးမရှိတဲ့၊ အမုန်းကြီး မုန်းစေမယ့် စကားလုံးတွေကိုလဲ ကိုယ့်ကိုကိုယ် ပညာတတ်လို့ သတ်မှတ်တဲ့ လူတွေပါးစပ်က မထွက်စေချင်ဘူး။ နိုင်ငံ အောက်တန်းကျနေတာ လူတိုင်းက လက်ခံပြီးသားကိစ္စမှာ ဘယ်အရာကိုမှ ပုန်းရှိုး ကွယ်ရှိုးနဲ့ အားနာပြီး နားလည်မှုနဲ့ မထိ၊ မတို့ ၊ မပြောရ အကြောင်းအရာ မဖြစ်စေချင်ဘူး။ အားနာ နားလည်မှုနဲ့ ပါးစပ်ပိတ်နေရအောင် ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်။ တစ်မျိုသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စ မို့လား။

            အားလုံးက ပြင်ကြမယ်ဟေ့လို့ သဘောတူကြပြီးမှ ခြံစည်းရိုး ခွထိုင်ပြီး လူမိုက်စကားတွေ မပြောကြပါနဲ့လို့ တောင်းပန်ချင်သားလား။ ကျုပ်ခုနက ပြောခဲ့တဲ့ အင်တာနက်ပေါ်ကနေ ဒေါ်စုနဲ့ ပြည်သူလူထုကို တိုက်ခိုက်နေတဲ့ လူတွေလို ရန်သူလုပ်ပြီး ရိုးသားမလား။ မိတ်ဆွေလို့ ပြောပြီး ထောင့်မကျိုးတဲ့ စကားတွေ ပြောမလား။ ကြိုက်တာကို ရွေးစမ်း ကိုယ့်လူကြီးတွေလို့ ပြောချင်ပါတယ်။ ရန်သူဆိုရင်လဲ ယှဉ်ပြိုင်တိုက်ခိုက်မယ်။ မိတ်ဆွေဆိုရင်လဲ အတူတူ လက်တွဲပြီး နိုင်ငံကြီးကို ပြင်ခဲ့ပြီး လိပ်ပြာရှင်းရှင်း သန့်သန့်နဲ့ သေကြမယ်။ ခင်ဗျားတို့က ရန်သူလော..မိတ်ဆွေလောလို့ မေးချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

12 thoughts on “Po Htet – ရန်သူလော..မိတ်ဆွေလော…
  1. Good article , but…..

    Sorry still enemy…..because of their primitive brain and below animal level IQ ( proved for 50 years) …

    They are hybrid of human and wolve..

    All they are doing now are just for “show”directed by Than Shwe.

    Israel or/and Arab methods may be suitable remedy for them…

  2. ကိုနေရေ….အရေးအသားတွေ တော်တော်ကောင်းတယ်ဗျာ…. ကျနော်တို့တွေ ပြောချင်နေတာနဲ့ တစ်ထပ်တည်းကျတယ်ဗျာ…တကယ်လေးစားတယ်…ချဗျာ..အားပေးနေတယ်

  3. အလွန်ကောင်းမွန်သော အေ၇းအသားနှင့် တင်ပြချက်ပါ။

  4. အာရပ်ကုလားတွေလို သတ္တိရှိလျှင် အောင်မြင်မူရတာကြာပါပြီး

    သရဲဘောကြောင်တတ်သူတွေများနေလိုပါ။

  5. ရန်သူလာ မိတ်ဆွေလာ တော.မသိဘူး ။ကြံ့ဖွတ်က လူကြီးအိမ်တွေဆို ပါတီက ဘက်ချက်နဲနာဂစ်ပိုက်ဆံတွေနဲဆောက်ထားဝယ်ထားတွေအများဆုံး။ ဒီမိုကရေစီ ဗန်းပြ ပြီလုပ်စားနေတာေ၇ခွန် အမိုက်ခွန် ကောက်တာလဲတနေရာ တမျိုးစီ၊တိုက်ဟောင်းတွေကောက်ခံတာ အခွန်နှုန်းထာတမျိုး။တိုက်အသစ်တွေကောက်ခံတော အခွန်ဈေးနှုန်းတမျိုး၊အဲဒီကြားထဲမှာယူနီဖောင်းဝတ်ပြီလိမ်ပြီးကောက်နေတဲ ၀န်ထမ်းတွေ ကအိတ်ဖောင်း၊အမိုက် သိမ်းစနစ် အမိုက်ပစ်စနစ် က စင်ကာပူမှာတောင်မရှိဘူး။အမှိုက်ပစ်တာ အစိုကိုဘယ်ရက်ပစ်ပါ။အခြောက်ကိုဘယ်ရက်ပစ်ပါ။ဘယ် အမှိုက်ကိုကြွပ်ကြွပ်အိတ် ဘာအရောင် ၀ယ်ပြီ(၀န်ထမ်များထံမှ)သတ်မှတ်ရက် မှာပစ်ပါတဲ.။ စင်ကာပူမှာတောင်ဈေးဝယ်ပြန်လာတဲကြွပ်ကြွပ်အိတ် နဲပစ်လိုက်ရတယ်။အမှိုက်သိမ်းတဲကား ကအချိန်တန်ရင်အလိုလိုသိမ်းသွားတယ်။ကားပေါ်မှာဘယ်သူမှမရှာဘူး။
    ဘတ်စကားစီရင်ipayကက်နဲစီးလိုရတယ်တဲ့။ ကက်ဖြတ်တဲ စက်ကစပါယ်ယာလည်ပင်းဆွဲ ထားတာ နိုင်ငံတကာအဆင်မှာတောင်မရှိဘူး။တခြားနိုင်ငံမှာ ဆိုဘက်စကားမှာစပါယ်ယာတောင်မရှိဘူး။ဘက်စကားတွေကမှန်မှန်မမောင်းဘူး။မှတ်တိုင်တွေ
    ရင်ကျောက်ချလိုက်တာနောက်ကားမလာမချင်မထွတ်ဘူးနောက်ကားလာရင်ခွေးလိုက်သလိုမောင်း
    တော့တာပဲ။တခါတလေ ရှေ.ကား နေခဲ့မယ် နောက်ကကားကိုထွတ်ခိုင်းတယ်။ရှေကားကမှတ်တိုင်
    မှာကျောက်ချနေခဲတယ်။လိုရာခရီးေ၇ာက်ဖိုအချိန်ကုန်မှေ၇ာက်တော့တယ်။
    ဘတ်စကားတွေကအဆင်မြင့်လေအိတ်ကားစုတ်တွေပဲရှိတယ်။လိုင်းကားတွေထဲမှာပါရမီအဖွဲကားက
    ဆက်ဆံရေးအရိုင်းဆုံးလိပ်ကားတွေပါပဲ။စင်ကာပူကဘတ်စကား မောင်းတဲစနစ်လိုလုပ်နေတာတဲ။ကားခတွေလဲသတ်မှတ်ဈေးကတဖြည်းဖြည်ပျောက်တော့မယ်။အမျိုးသမီးသီးသန်.စီးယာဉ်ဆိုပြီနိုင်ငံတကာမှာမရှိတဲယာဉ်တွေဆွဲပြီစုတ်ပြတ်နေတဲ့ဘက်စကား စနစ်ကို ဖုံးအုပ်ကာကွယ်ထားတာ။အဲဒါ ဥပိုင်က ဖောလျှောလုပ်နေတာတွေပဲ။ကားလမ်းကူးတဲစနစ်လဲအကောင်းဆုံးစနစ်တွေနဲဆောင်ရွက်နေတယ်။ဖမ်းပြီဒဏ်ငွေဆောင်ခိုင်းတဲစနစ်က စင်ကာပူကသင်လာတာ။
    အဲဒီလိုစနစ်တွေ ကောင်းအောင်လုပ်ထားတာ။မြန်မာပြည်စနစ်တွေကောင်းလိုတခြား တိုင်းပြည်က
    နိုင်ငံခြား သားတွေက အနီရောင် စာအုပ်မြင်ရင်နှာခေါင်း ရှုံကြတာပြည်ပမှာနေထိုင်နေတဲဗမာတွေ အသိဆုံးပါ။ အဆိုးဆုံကစင်ကာပူလေဆိပ်အ၀င် မှာအနီေ၇ာင်ဆို လိမ်တဲ့နိုင်ငံက လူတွေလို သတ်မှတ်ထားတယ်။သွားပြန်လက်မှတ်မပြနိုင်ရင်ခိုးဝင်ခိုးနေတာလိုသတ်မှတ်တဲနိုင်ငံမှာ(စ)ချစ်ကြည်ေ၇းခရီးသွားပြီ နောက်ပိုင်းပိုပြီးမယုံကြည်တော့ဘူး။ကျောင်းတက်တာတောင်ခက်ခဲသွားတာစင်ကာပူ
    ကျောင်းတက်မဲ့ကျောင်းသားတွေလက်တွေ့ပိုသိတယ်။အလုပ်လုပ်ဖိုဆိုပိုပြီ နှိမ်ခံတယ်။မြန်မာဆို လက်တောင်မခံဘူး။အလုပ်ခေါ် ကြော်ငြာဆိုမြန်မာမပါဘူး။ဒါ ရွှေနိုင်ငံလေ – လေတလုံ မိုးတလုံ
    အဲဒါ တွေကလက်ရှိပြုပြင်ပြောင်းလဲနေတာတွေပါ။တခြားပြောင်းလဲတာတွေရှိပါတယ်။ဒါတွေအားလုံးတိုးတက်နေတဲစနစ် တွေပါ။စီးပွားရေးပိတ်ဆို့နေတာကို ဖွင့်အောင် ညာနေတာ။ဒါ မှ အာဏာရှိတွေ ခရိုနီတွေချမ်းသားအောင်လုပ်နေတာပြည်သူတွေဘယ်လောက်ငတ်ငတ်အမှောင်ထဲမှာနေခိုင်းတာ
    မြန်မာဒီမိုကရေစီစနစ်ပါပဲ။

  6. ကောင်းလိုက်တာ ကိုကိုရယ် အမလေးလေး… အီစိမ့်သွားတာပဲ။ ဘယ်လိုပြောရမှန်းတောင်မသိဘူး။

Comments are closed.