ရသဆောင်းပါးစုံ

ခင်ညားဂျီးတို့သာ အမှန်

ဖိုးထက်
မေ ၇၊ ၂၀၁၂

ငယ်ငယ်က လူကြီးသူမတွေရှေ့ကနေ အချိုးမပြေ ဆရာလုပ်မိပြီဆိုရင် “ကိုင်း ဟုတ်ပါပြီကိုတတ်ပရယ်..ဟုတ်ပါပြီ” ဆိုပြီးပြောတာ ခံရဘူး ပါတယ်။ အလိုက်ကန်းဆိုးမသိ၊ ကိုယ့်ဘာသာ ဘယ်ရောက်လို့ရောက်နေမှန်းမသိ ပြောတာ၊ ဆိုတာတွေကို အတွေ့အကြုံရင့် ပညာရင့် လူကြီးတွေက အငေါ်တူးတာပါ။

ကလေးကနေ လူကြီးဖြစ်လာတဲ့ ဒီအရွယ်မှာတော့ အပြောခံကျနော်က တခါတရံပြောသူနေရာကို ပြန်ပြန်ရောက်ချင်ရလောက်အောင် စိတ် ခုစရာလေးတွေ တွေ့လာရတယ်။ အတွေ့အကြုံ၊ ပညာရင့်လို့တော့ မဟုတ်ပါဘူး။ ခပ်ငေါ့ငေါ့ပြောပြစ်ချင်တဲ့စိတ်ကလေးတခု ခံစားလိုက် ရတာကို ပြောချင်တာပါ။

ဒီခေတ်အခါ ဒီအချိန်ကြီးမှာ အင်တာနက် ပုံမှန်သုံး၊ သတင်းတွေ ပုံမှန်ဖတ်၊ Facebook မှာ ဝေမျှကြတဲ့ လူအမျိုးမျိုးရဲ့ အမြင်အမျိုးမျိုးကို ဂရုတစိုက်ဖတ်ဖြစ်ရင် မြန်မာနိုင်ငံကြီးနဲ့ ပတ်သက်သမျှ သတင်း၊ ပလင်း၊ အတင်းတွေ သိရနိုင်ပါတယ်။ ကျနော်လဲ ထို့အတူဘဲပေါ့။ ဒေါ် အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွဲနိုင် နွားနိုင် နိုင်တာ ပြီးခဲ့ပါပြီ။ ကြားထဲမှာ စကားလုံးတခုအတွက် အဖုအထစ်အနည်းငယ်ဖြစ်သွားတာလည်း ဖြစ်ခဲ့ပြီ။ ဒါပေမယ့် NLD ရေးကောက်ပွဲနိုင်တာကို အောက်ကလိအာအသံလေးတွေ၊ ရိတိတိပြော ချင်တဲ့အသံလေးတွေ ဟိုက၊ ဒီကကြားနေရသေးတာ အံ့သြလို့မဆုံးနိုင်ဘူး။

NLD နိုင်တာကို မီဒီယာတွေ ဘက်လိုက်လို့ပါလို့ ပြောသူလဲ ပြောရဲ့။ ကြော်ငြာကောင်းတဲ့ ပစ္စည်းပေါက်သွားသလိုပေါ့လို့ မှတ်ချက်ပေးသူလဲ ရှိရဲ့။ လူထုက သိပ်မသိသေးတော့ဆိုပြီး သူ့ဘာသာ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူလူထုကို စော်ကားလား စော်ကားရဲ့။ ပြည်သူလူထုကဘဲ ပညာနည်း၊ အသိနည်းသလိုလို။ မြန်မာပြည်သူလူထုဟာ ပညာနည်းရင်နည်းပါမယ်။ အသိတော့ မနည်းဘူး။ ဘယ်သူက လူဆိုး၊ ဘယ်သူက လူကောင်းဆိုတာ ကလေးကအစ၊ ခွေးကအစ သိကြတာ များပါတယ်။ မတတ်သာလို့သာ၊ ကြောက်လို့သာ ပါးစပ်ရေငုံပြီး နေချင်နေမယ်။ စိတ်ထဲကတော့ နေသေးသပခြုံထဲက လူတွေအများကြီးမှ အများကြီး။ ဒီမိုကရေစီရင့်ကျက်ပြီးတဲ့ နိုင်ငံကြီးတွေလို စကားရေ လုပွဲလေးတွေလုပ်ပေးရင် ပညာနည်းလို့ ပါးစပ်ကသာနိုင်အောင် ပြောချင်မှပြောနိုင်လိမ့်မယ်။ လက်ကတော့ပါလာမှာ သေချာတယ်။

စစ်ဗိုလ်လူထွက်ကြီးတွေ၊ ကိုယ်ကျိုးငဲ့တာ အသားကျနေတဲ့လူကြီးတွေရဲ့အသံတွေကို သိပ်တော့မအံ့သြပါဘူး။ ဒါပေသိပေါ့လေ ဒီမိုကရေ စီရေးအတွက် နယ်စပ်မှာ အလုပ်လုပ်နေသူတွေ၊ ပြည်ပနိုင်ငံတစ်ခုခုမှာနေရင်း တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းပြီး ကူညီညာ ရိုင်းပင်းသူတွေ ကိုယ်တိုင်က အရောင်အသွေး၊ အငြိအစွန်းမလွတ်ဘဲ ဒေါ်စုရပ်တည်ချက်ကိုတိုက်ခိုက်ချင်တဲ့စကားသံတွေကျတော့ ကျနော်ဖြင့် နားကိုမ လည်ဘူး။

ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် စွန့်လွှတ်အနစ်နာခံရတယ်ဆိုတာ ရှင်းပါတယ်။ ဦးအောင်ဆန်းဦးလို မသိလိုက်မသိဘာသာနေလည်း ရနေတာဘဲ။ သူ့ပညာအရည်အချင်းနဲ့ ဒီကမ္ဘာကြီးရဲ့ ကြိုက်တဲ့နေရာမှာ ကြိုက်သလိုနေပြီး စာလေးဖတ်၊ စာလေးရေး၊ သားနှစ်ယောက်နဲ့ အေးအေးဆေးဆေး မပူမပင် မတောင့်မတ နေစမ်းပါလေ့။

ဒေါ်စုနေရာမှာ နည်းနည်းလောက် ၀င်ပြီး ခံစားကြည့်တာနဲ့တင် အတော်ခေါင်းခြောက်ပါတယ်။ စစ်အစိုးရကြီးလုပ်ထားလို့ အူထဲ အသဲထဲက ကြောက်နေတဲ့ ကြောက်စိတ်တွေနဲ့ ပညာအရည်အချင်းနည်းတဲ့လူထုကြီးကို လမ်းမှန်ရောက်အောင် ခေါင်းဆောင်ရမယ်။ တဖက်က နောက်ကြောင်းမပြန်ပါဘူးလို့ပြောနေပေမယ့် ၀ိုင်းကြီးပတ်ပတ်သွားချင်နေတဲ့ အာဏာရလူတချို့က ရှိပါသေးတယ်။ ဒေါ်စုနဲ့ NLD အဖွဲ့အစည်း ခြေလှမ်းအမှားကို စောင့်ကြည့်နေတဲ့ ဂုရုတွေကလည်း မနည်းလှဘူး။ မငြိမ်းချမ်းနိုင်သေးတဲ့ တိုင်းရင်းသားအရေးကိစ္စတွေက တပုံတခေါင်း။ နိုင်ငံတကာကလာတဲ့ခေါင်းဆောင်တွေနဲ့ သင့်တင့်လျောက်ပတ်အောင် စကားတွေ၊ တွေ့ဆုံပွဲတွေလဲ လုပ်ရပါသေးတယ်။

ကျနော့်တစ်ကိုယ်ရေခံစားချက်အရသာဆို မြန်မာနိုင်ငံရဲ့တန်းတူညီမျှရေး၊ ဒီမိုကရေစီအရေးတွေကို အမြန်ပြီးစေချင်လှပြီ။ ဘယ်သူက မြန် မြန်မပြီးစေချင်လို့လဲလို့ မေးခွန်းမေးချင်စရာ။ ဆိုလိုတာက ဒေါ်စုမပါဘဲ မြန်မာနိုင်ငံကြီးကို အပြစ်ကင်းကင်းဆွဲတင်သွားတာကို ဆိုလိုချင် တာ။ ဒီအချိန်မှာ ဒေါ်စုတစ်ခုခုဖြစ်သွားပြီဆိုရင် အစားထိုးစရာမရှိပါဘူး။ သူတလူ ငါတမင်းနဲ့ ဖြစ်ချင်တိုင်း ပြန်ဖြစ်ဦးတော့မှာ။ နောက် အ ပြောင်းအလဲအတွက်၊ နောက်ထပ်အစိုးရကို အပြောင်းအလဲလုပ်ဖို့ ဖိအားပေးမယ့် နောက်ထပ်လူ၊ အဖွဲ့အစည်း ပေါ်လာဖို့ စောင့်ဦးတော့ နောက်ထပ် နှစ် ၂၀ လား၊ နှစ် ၁၀၀ လား။

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို စိတ်အေးရပြီး ဒေါ်စု နိုင်ငံရေးကကို အမြန်နားစေချင်လှပြီ။ ဒေါ်စုကို ချစ်လို့ သူ့ကို နားစေချင်တာမဟုတ်ဘူး။ ဒီပြင်အလုပ်တွေ ပြောင်းစေချင်တာပါ။ ကမ္ဘာ့အဆင့်ရှိ ပညာတတ်ကြီးတယောက်ရဲ့ ပြတ်သားတဲ့အမြင်တွေ၊ ရိုးရှင်းတဲ့အတွေးတွေကို စာ အုပ်တွေအဖြစ်ဖတ်ချင်တာပါ။ ဒေါ်စု လက်ရှိရေးထားတဲ့စာအုပ်တွေ၊ စာတမ်းတွေပြန်ကြည့်ရင် ဗိုလ်ချုပ်ကိုမမှီသေးတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်တုန်းက နိုင်ငံငြိမ်သွားရင် စာရေး စာဖတ်လေး လုပ်ချင်လှပြီဆိုတဲ့သဘောပြောသွားတာကို လူတိုင်း သိကြပါတယ်။ ပညာပြည့်ဝတဲ့ သူ၊ အမြင်စူးရှတဲ့သူတွေဟာ လူတွေနဲ့ ရှုပ်ရှုပ်ထွေးထွေး မနေချင်ကြတာများပါတယ်။ မလွှဲသာ မတတ်သာလို့သာ လုပ်နေရရင် လုပ်မယ်။ အခွင့်ရရင် အေးအေးဆေးဆေး စာရေး၊ စာဖတ်ပြီးနေချင်ကြတာများမယ် ထင်တာဘဲ။

ကွယ်လွန်သွားတဲ့ ဒေါက်တာသန်းထွန်းကိုကြည့် ကြည့်ပါ။ အဆင့်မှီ သမိုင်းပညာရှင်ကြီးရဲ့စာတွေကို ကျနော်တို့ဖတ်နေရတာ နိုင်ငံရေးကို စက်ဆုပ်၊ အစိုးရနဲ့ မပတ်သက်ဘဲ ပညာရပ်ပိုင်းဆိုင်ရာသက်သက်ဘဲလုပ်သွားတော့ သူ့ပညာရပ်မှာ ကျနော်တို့အတွက် ဘယ်လောက် အကျိုးအမြတ်များရသလဲ။ ဒီလိုပြောတော့ ဒေါ်စုအခုလုပ်နေတာတွေက အကျိုးမများဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံသားအ ချင်းချင်း ခိုးဝှက်ချင်တဲ့လူတစ်အုပ်ကို တွန်းလှန်နေရတာနဲ့ဘဲ အချိန်တွေကုန်နေတာကို ဆိုလိုတာပါ။

ဒေါ်စု နဲ့ ပြင်သစ်ဝန်ကြီးချုပ်တွေ့တော့ ပြင်သစ်စာနဲ့ အဘွားကြီးပြောတာကိုကြားရတော့ ကျနော့်မှာပိုလို့တောင် ယူကျုံးမရဖြစ်ရတယ်။ နိုင်ငံကြီးသာ နည်းမှန် လမ်းမှန်နဲ့တိုးတက်နေရင် သူ့ဆီက ကျနော်တို့ဉာဏ်နဲ့ လိုက်မမှီတဲ့ စာတွေ၊ အတွေးတွေအတွက် အချိန်တွေကုန်သာ ကွာလို့ တွေးမိတာပါ။

ဒေါ်စုကို အမေရိကန်မကြီး ဒေါ်ကလင်တန် လာတွေ့တာကို ကျနော်က တရုတ်ခေါင်းဆောင်တွေမျက်လုံးနဲ့ ကြည့်ပေးလို့ရပါတယ်။ အ ဘွားကြီးကို လက်သပ်မွေးတယ်ပေါ့။ မင်ဒဲလားတို့လို၊ ဒလိုင်းလားမားတို့လို၊ ဘုန်းတော်ကြီးတူးတူးတို့လို လူကြီးတွေ အားပေးတာကြတော့ ဘ၀တူချင်းမို့ဆိုတာထက် သူတောင်ချင်းချင်း သတင်းလွေ့လွေ့လို့ဘဲ မြင်တယ်။ ဒီလိုလူတွေ အားပေးနေတဲ့ ပညာတတ်မကြီးကို ဆရာကြီး ၊ ဂုရုကြီးတွေက ရိသဲ့သဲ့နဲ့ သူ့ရပ်တည်ချက်ကို ဝေဖန်တာ၊ တိုက်ခိုက်တာမျိုးကျတော့ စိတ်ထဲ တယ်မကောင်းလှဘူး။ သွားချင်တဲ့ခရီးပန်းတိုင် အတူတူမှာ သူ့လိုမျိုးနေရာရောက်နေရင်ဆိုတဲ့ ခံစားချက်မျိုးမထားဘဲ၊ တတ်နိုင်တဲ့ဘက်က ၀ိုင်းကူဖို့မကြိုးစားကြဘဲ မရိုသေ့စကား၊ နားနဲ့ မနာ ဖ၀ါးနဲ့နာ “ခွေးဝမ်းသာအောင် လေလည်ပြနေတယ်” လို့ဘဲ ခပ်ရိုင်းရိုင်း ခိုင်းနှိုင်းချင်ပါတယ်။

ကိုယ်ကျိုးအစုအဖွဲ့စီးပွားအတွက် ဧရာဝတီမြစ်ကြီးတောင် ရောင်းစားချင်ကြတဲ့လူမိုက်ကြီးတွေကြားထဲမှာ မကြောက်မရွံ့သွားနေရတဲ့ အ ဘွားကြီးကို မှားတာတွေ့ရင် ပြောရမှာဘဲ၊ လွတ်လပ်စွာပြောပိုင်ခွင့်ရှိတယ်လို့ ပြောပေမယ့် ကိုယ်ချင်းဘာလို့မစာတာဘဲလို့ဘဲ တွေးမိတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ကို ဘာခံစားချက်မှမရှိတဲ့ စက်ရုပ်ကြီးလို့များ ထင်နေကြသလား။ အရိယာပုဂ္ဂိုလ်ကြီးလို့များ ထင်မြင် ကြသလား မသိပါဘူး။ ပြောသမျှ၊ လက်ညှိုးထိုးသမျှကို ပြုံးပြုံးကြီးနဲ့ ဘာစိတ်ခံစားမှုမှမခံစားရတဲ့ အဘွားကြီးပါလို့ ထင်မြင်ကြသလား။

ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းနဲ့ လူဆိုးလူမိုက်တွေ တဖြည်းဖြည်နဲ့မှေးမှိန်သွားအောင် အကျအဆုံးနည်းနည်းနဲ့ သူနိုင်ကိုယ်နိုင်သွား သင့်တဲ့လမ်းကို ဒေါ်စုသွားနေတယ်လို့ဘဲ မြင်ပါတယ်။ သေနတ်တွေနဲ့လူတွေကို မင်းတို့အခုဆင်းဆိုပြီး ဖင်ပိတ်ကန်ချလို့မှ မရတာဘဲ။ သူ သူ ငါငါ မြန်မာနိုင်ငံသားတိုင်း လူ့သဘာဝ တိရစ္ဆာန်အရိုင်းစိတ်နဲ့ ကျနော်တို့အပေါ် လုပ်ချင်တိုင်းလုပ်ခဲ့တဲ့လူတွေကို နားရင်း၊ နားအုံးတွေ ပိတ်ကျင်းပြီး တွန်းချချင်ကြတာချည်းဘဲ။ လက်တွေ့မှာ ဘယ်လိုမှမဖြစ်နိုင်တာ အသိသာကြီးပါ။ မဖြစ်နိုင်တာကို မလုပ်ဘဲ ဖြစ်နိုင်ခြေအများ ဆုံးရှိတဲ့လမ်းကသွားနေတဲ့ အဘွားကြီးကို ပြိုင်ဘက်တွေကလဲ အမနာပ ပြောလား ပြောရဲ့။ အချင်းချင်းကလဲ ဒေါ်စုဘာလဲ၊ ဘယ်လဲ လုပ် လားလုပ်ကြရဲ့။

ကျနော့်အတွေးတွေကိုရေးပြတော့ ဒေါ်စုကိုးကွယ်သူကြီး၊ ဒေါ်စုမှ ဘုရားလို့ထင်တဲ့အကောင်ငယ်လေးလို့ ထင်ချင်စရာပေါ့။ စိတ်သဘော ရှိတော်မူကြသည့်အတိုင်းပေါ့ဗျာ။ လက်ရှိမှာတော့ ဒေါ်စုလောက် နိုင်ငံကို၊ ပြည်သူကိုဦးဆောင်နိုင်တဲ့သူ ပညာတတ်နိုင်ငံရေးခေါင်းဆောင် တယောက်မှ မရှိပါဘူး။ ဒေါ်စု အမှားတွေ ရှိနိုင်ပါတယ်။ သေချာတာကတော့ အမှားမကြီးပါဘူး။ တဖက်ပြိုင်ဖက်တွေက မသမာနည်းလမ်းစုံ၊ အောက်တန်းကျ နည်းလမ်းအစုံနဲ့ လုပ်ခဲ့ကြလို့သာ ကျနော်တို့စိတ်ထဲရှိသလောက် ခရီးမရောက်ဖြစ်နေတာလို့ မြင်တာဘဲ။ လက်ရှိ ဒေါ်စု နေရာမှာ ဆရာကြီးတွေ၊ ဂရုကြီးတွေလို့သတ်မှတ်ထားတဲ့လူတွေသာဆိုရင် ယပ်တောင်လေး ခေါင်းမှာစီး၊ နို့ဆီခွက်လေးခေါက်ပြီး သွက် သွက်ခါရူးအောင် အလုပ်ခံရပြီးလောက်ပါပြီ။ ဒါတောင် ဒီလောက် အဆင့်မှီ ပညာတတ်ကြီးကိုတောင်မှ စုတ်ပြတ်သတ်နေအောင် ခြေထိုးကြ သေးတာဘဲ မဟုတ်ဘူးလား။

ထားပါတော့ဗျာ။ ကျနော်ပြောချင်တာက ဒေါ်စုမှားတယ်ဆိုပြီး ဝေဖန်နေတဲ့လူတွေ သူ့လို ခေါင်းဆောင်နိုင်သလား။ ဒါမှမဟုတ် သူ့လိုလူမျိုး တွေ့ထားသလား။ စည်းစည်းလုံးလုံးနဲ့ အချင်းချင်းဖဲ့မနေဘဲ ဒေါ်စုဦးဆောင်ရာကိုလိုက်ပြီး စိတ်ကောင်းဝင်နေတဲ့ ဟိုလူကြီးတွေကို ၀ိုင်းပြီး ဖိအားပေးကြရင် ပိုမကောင်းပေဘူးလား။ နိုင်ငံခြားမှာဘဲ နေနေ၊ ပြည်ပမှာဘဲ သေသေ၊ နယ်စပ်မှာဘဲ ကြီးကြီး၊ ပြည်တွင်းမှာဘဲ ရှိရှိ အား လုံးက စိတ်တူကိုယ်တူနဲ့ ဒေါ်စုဦးဆောင်ရာနောက်ကို ယုံယုံကြည်ကြည်နဲ့လိုက်လို့ မဖြစ်နိုင်ကြဘူးလားမသိ။ သေချာတာကတော့ ဒေါ်စုဦးဆောင်ရာနောက်ကိုသာလိုက်ရင် အမှားနည်းမယ်၊ ဘယ်တော့မှ ပစ္စလက်ခတ်မဖြစ်တာတော့ မသေချာဘူးလား။

ကျနော်ပြောတာကို သဘောမတူကြသူတွေ၊ ဆဲချင်သူတွေ၊ ဆဲကြသူတွေလဲ ရှိမှာပါဘဲ။ ဒေါ်စု ဘာမှားတယ်၊ ညာမှားတယ် လုပ်ကြသူတွေလဲ ရှိကြမှာပါဘဲ။ အဲဒီလူတွေကိုတော့ ကျနော်က အငေါ်လေး နည်းနည်းတူးချင်သားဗျာ။

“တကမ္ဘာလုံးက ဒေါ်စုကို အားပေးနေကြသူတွေနဲ့ အဘွားကြီးက အမှား … ခင်ညားဂျီးတို့ကာ အမှန်၊ ခင်ညားကြီးတို့သာမှန်” လို့ ပြောချင်တာ ပါ။ ဘာကောင်မှမဟုတ်တဲ့ကောင်က လာရွဲ့နေတယ်လို့ဆဲလဲ ရွဲ့မှာဘဲဗျ။

မှတ်ချက် – ကာတွန်းမောင်ရစ်ပုံအား ပြန်လည်ပြင်ဆင်တည်းဖြတ်ထားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

26 thoughts on “ခင်ညားဂျီးတို့သာ အမှန်
  1. “ခေါမနိုင်ငံကိုအုပ်ချုပ်သူများသည်တွေးခေါ်ရှင်များ မဖြစ်သမျှ ခေါမနိုင်ငံဧ။် အနိဌာရုံများသည် ကွယ်ပျောက်သွားမည်မဟုတ်ဟုပလေတိုရဲ့သမတနိုင်ငံ(republic)တွင်အုပ်ချုပ်သူများ ဦးဆောင်သူများကိုတွေးခေါ်ရှင်များဖြစ်ရမည်ဟုညွှန်းဆိုထားသည်၊ဒီမိုကရေစီအင်အားစုများ အားလုံးသို့ ထိုအဆိုကို ပညာဥာဏ်အမျှော်အမျှင်ကြီးစေရန် ရည်ညွှန်းလိုပါတယ်။ (ကို)ဖိုးထက်..ကျေးဇူးများစွာတင်ပါတယ်။

  2. I am totally agree with you Ko Poe Htat.Thank you for writting about this message to let all know who had
    pessimism about our National Leader Daw ASSK.I hope your next article very soon.

    Thanks,
    Your sincerely,MMK

  3. ထားပါတော့ဗျာ။ ကျနော်ပြောချင်တာက ဒေါ်စုမှားတယ်ဆိုပြီး ဝေဖန်နေတဲ့လူတွေ သူ့လို ခေါင်းဆောင်နိုင်သလား။ ဒါမှမဟုတ် သူ့လိုလူမျိုး တွေ့ထားသလား။
    Everybody can watch the movie and can critic.Dont ask him can u do director,can u act like actress?Everybody can critic.This is democracy.Put this in ur brain.If u say i dont like Toyota,i want Mazada.I can say like u even u can not make toyota wheel,why u dont like Toyota.

  4. ဦးဖိုးထက်ဟာ ဘာမှမဟုတ်တဲ့ကောင်ကလေးမဟုတ်ပါခင်ဗျား။ အခုလောက် ရေးတပ် တွေးခေါ်တပ်ပြီး ဒိုင်လျှိုရေးထားတာကိုကြည့်ရင် ပညာရှိပဏ္ဍိတ်တစ်ဆူဖြစ်ကြောင်း အသိအမှတ်ပြုပါတယ်ခင်ဗျား။ ဒါပေမဲ့ ကျနော်တို့ လို နွားကျောင်းသားအဆင့်မှာရှိတဲ့ ကောင်ကလေးတွေ စိုးရိမ်မိတာကတော့ အမေစုကို ရိုဟင်ဂျာတွေဝိုင်းပြီး လာမဲ့ ယူအန်ကကူမဲ့ သန်းခေါင်စာရင်းမှာသူတို့ လည်းပါဝင်သင့်တယ် ဆိုပြီးတွန်းနေကြတယ်။ UK မှာရှိတဲ့ (Upper Kanaungto မဟုတ်ပါ) အချောင်စား ဒေါက်တာအတု လို့ အများပြောတဲ့ ပညာယှိကြီးကလည်း သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာတွေလည်းပါသင့်တယ်လို့ ဆိုနေ တာကြောင့်၊ ကျနော်တို့ လို စပယ်ရာတွေကော နွားကျောင်းသားတွေလည်း ရိုဟင်ဂျာတွေထက် ပိုပြီး သန်းကောင်စာရင်းကောက်သင့်ပါတယ်လို့  – မပြောဝန့် ပေါင်၊ ပြောဝန့် ပါခင်ဗျား။

  5. သက်သာဖို့က အသက်တောင်ပြင်းပြင်း မရှူ သင့်ဘူး။

  6. Hi Ko Po htet,

    I am very much admire you and respect you for writing this article whihc really need at this period.
    Many people are criticize for Aunty Su ,but they really do not know what they are saying and they don’t even have
    any single percentage of Aunty scrifice for people/ knowledge and leadership .
    Hope they will get chance to read your article to realise what are they wrong doing.

  7. ယ္ခု တလောဖတ်ခဲ့ပြီးသမျှတွေထဲကစိတ်ကြိက်အတွေ့လေးတခုပါ။
    ဒေါ်စု အနေအထား ကို စာနာနားလည်ပေးနိုင်ကြပါစေ။

  8. ဒေါ်စုကို မမှားစေချင်၊မှန်ပဲမှန်စေချင်ပါတယ်။
    ဒါကြောင့်လဲအမြင်မတူတဲ့အခါ၊မတူတာတွေထောက်ပြဝေဖန်ကြတာပေါ့။
    လူထုခေါင်းဆောင်မှန်ရင် လူထုကဝေဖန်မှာပဲ။
    လူထုခေါင်းဆောင်တယောက်ကိုဝေဖန်ဖို့ သူ့လိုလုပ်ပြ၊သူ့မှာရှိတဲ့အရည်အချင်းမျိုးရှိရမယ်ဆိုတာခုမှပဲသိရတော့တယ်။
    ဝေဖန်မှုဟာ အပြုသဘောဆောင်ရင်၊အချက်အလက်တွေပေါ်မှာအခြေခံရင် အရည်အချင်းရှိသူဘယ်သူမဆိုလေးလေးစားစားနာထောင်ကြပါတယ်။လူထုခေါင်ဆောင်၊အထူးသဖြင့်နိုင်ငံရေးသမားတွေအတွက်လုပ်ကိုလုပ်ရမယ့်အလုပ်ပါ။
    ကြားထဲကဝင်နာသူတွေနာကြတာတော့လဲ သူ့ခံစားချက်ပေါ့လေ။
    ဘာတွေဖြစ်လာမလဲဆိုတာ သမိုင်းတင်မှာပါ။
    ဘယ်သူမှန်လို့ဘယ်သူမှားသလဲပေါ့။
    ဒေါ်စုနဲ့အမြင်ချင်းလမ်းစဉ်ချင်းမတူတောင်မှကျွန်တော်တို့မှားပြီး၊ဒေါ်စုပဲမှန်စေချင်ပါတယ်ခင်ဗျား

  9. Thanks Ko Pho Htet
    we want to write like you but we can’t write and did you mean dr.lunswe & moe thii zun? they live in other country but they thought they are more work than other people.thus they jealous Daw Su.if they want to popular like Daw Su,they will come back and doing like Daw Su.

  10. ဒေါ်စုကို ဝေဖန်တာ အပြစ်မပြောပါ။
    ဒေါ်စုကို မှိုချိုး မျစ်ချိုး မိန်းမလို မိန်းမရ အရွဲ့ တိုက်နေကြတဲ့ ဒီမိုကရေစီလိုလားသူဟု ဆိုသော မိန်းမလုံး ဘလော့ဂါများ ဖတ်သင့်ပါသည်။
    သူတို့ တွေကို မေးကြည့်ပါ။ ဒေါ်စုလုပ်တာ မှားတယ်ဆို အမှန်က ဘယ်လိုလဲ ခင်ဗျားဆို ဘယ်လို လုပ်မလဲမေးးကြည့်ပါ။ ထွက်ပြေးကြပါလိမ့်မယ်။ ထိုသူများကို ဖေ့စ်ဘွတ်တွင် ဆွေးနွေးကြည့်ပါက အကျိုးအကြောင်းသင့် မရှင်းပဲ Block အလုပ်ခံရပါလိမ့်မည်။

  11. အဲဒီလို ခင်ညားဂျီး တွေသာ တိုင်းပြည်မှာ များလာရင် ဘယ်လို ဖြစ်မလဲစဉ်းစားကြည့်ပါ။
    ခင်ညားဂျီးတွေ အကုန်လုံးက လေသမားတွေ ကိုယ်တိုင်ဘာမှ မစွမ်းဆောင်တဲ့ လေသမားတွေ ဖြစ်တဲ့ အတွက် အဲဒီလို ခင်ညားဂျီးတွေ သိပ်မရှိတာကိုက တိုင်းပြည်အတွက် အမတန် ကံကောင်းပါတယ်။

  12. ကိုဖိုးထက်ကိုလေးစားပါတယ် တင်ပြချက်တွေကသင့်လျော်ပါတယ်

  13. very good ko pho tet. i am also the same thinking like you.but ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ
    ဒီလိုဖြစ်လေ့ဖြစ်ထတော့ရှိပါတယ်လေ။မကောင်းတဲ့ဘက်ကိုတစ်ဖက်စွန်းမကျသွားကြဖို့ဘဲအရေးကြီးတယ်။

  14. Thanks ko phot htet,

    I’m really respect and grateful of your article and comments.

  15. ဒေါ်စုကို လေးစားတယ်။ ဒါပေမဲ့ မင်းတို.လို မကိုးကွယ်ဘူး။ စုံလုံးမှိတ်ပြီး ဖင်ကုန်းမကန်တော့ဘူး။ ဒီမိုကရေစီ နိုင်ငံတွေမှာ ခေါင်းဆောင်တွေကို ဝေဖန်လို.ရတယ်။ မျက်ကန်းမဟုတ်ဘူး
    NLD ရဲ့ ရှေ့နောက်မညီတဲ့ ပြောဆိုမှုတွေနဲ့ ငါတကောကော နေတာတွေကို တော်တော်
    စိတ်ပျက်နေကြတယ်ဆိုတာ analysis လုပ်ကြည့်ရင်ပိုရှင်းမှာပါ..အောက်ခြေလူထု
    (Grass Root) ကတော့ NLD ဘာလုပ်လုပ်ကောင်းနေမှာ သံသယမရှိပါဘူး….
    ၂၀၀၈ နဲ့ ၂၀၁၀ တုန်းက ဆန့်ကျင်ခဲ့တယ်…
    အခု ၂၀၁၂မှာဗြုံးဆိုပြီးတော့ ရွေးကောက်ပွဲ
    ထ၀င်တယ်….အစိုးရက ဥပဒေတွေကို NLD တောင်းဆိုတဲ့အတိုင်းပြင်ပေးခဲ့လို့ဝင်တာလား
    NLD ဘာပဲလုပ်လုပ်
    မျက်စီမှိတ်ပြီးထောက်ခံနေကြတာလား?
    Criticism ဝေဖန်ထောက်ပြတာတွေ မရှိဘူးလား
    လုပ်ခွင့်မရှိတာလား……..
    ပြည်သူကို ရှင်းပြသင့်တာတွေရှင်းဖို့ NLD မှာ တာဝန်ရှိတယ်..အထူးသဖြင့် ဦးဝင်းတင်/ဦးညဏ်ဝင်း
    တို့အနေနဲ Vote No ကိုတက်ကြွစွာဆောင်ရွက်ခဲ့လို့
    ကြံ့ဖွံ့ကိုထောက်ခဲမဲပိုရစေခဲ့တာတွေကိုရှင်းပါ.
    ဗိုလ်ခင်ညွန့်တို့နဲ့တုန်းကလည်း ဘာတွေပြောခဲ့၊ ဆွေးနွေးခဲ့ကြတယ်ဆိုတာ အခုအချိန်အထိ ရေရေရာရာ ထုတ်ပြောခဲ့တာမျိုးမရှိဘူး။ ကျနော်တို့က ဘယ်အချိန်အထိ စောင့်ရမှာလဲ။ သူဘာလုပ်နေမှန်းမသိဘဲ ရမ်းထောက်ခံရမှာ သဘာဝကျသလားဆိုတာကိုယ့်ဘာသာ ဆန်းစစ်ကြည့်ပါ။ ရမ်းထောက်ခံတယ်ဆိုရင်တော့ ပုဂ္ဂိုလ်ရေးထောက်ခံမှုပဲဖြစ်မယ်။
    ဦးနေဝင်းတို့၊ ဦးစောတို့လည်း တချိန်ကတော့ တိုင်းပြည်အတွက် ရွတ်ရွတ်ချွံချွံ ထမ်းဆောင်ခဲ့သူတွေပဲ။ နောက်တော့မှ အမှားတွေ လုပ်သွားတဲ့အတွက် သမိုင်းဆိုးသွားရတာ
    ဒေါ်စုနဲ့ NLD ဦးဆောင်ပိုင်းကို ဝေဖန်လျှင် ငရဲကြီးပြီး မြေမြို့တက်သောကြောင့် ဝေဖန်ရေးမလုပ်ကြရန် တောင်းဆိုလိုက်သော ဝါဒပြန့်ချီရေး ဆောင်းပါးသာ ဖြစ်ပါသည်…သြော်….ဒါကြောင့်ကို့ အတိုက်အခံတွေ မိမိကိုယ့်ကိုရော ဒေါ်စုနဲ့NLDကို ဝေဖန်ရေး မလုပ်ကြတာဂိုး…နအဖကြတော့ ဝေဖန်လိုက်ကြတာ သူတို့ကြတော့ ပါးစပ်တောင် မဟကြနဲ့တဲ့…အဟီး.ရယ်ရတယ်…ဗျို့….
    ငါကလွဲရင် အားလုံးကိုတော်လှန်မယ်ဆိုတဲ့အမြင်မျိုး။ ဒေါ်စုကိုဝေဖန်ရင် ရန်သူဆိုတဲ့အမြင်မျိုး။ နအဖလူဆိုတဲ့အမြင်ဆိုးတွေကို ပြင်ပါရဲဘော်။
    ဒါနဲ့များ ဒီမိုကရေစီရရှိရေးအော်နေသေး။ ခင်ဗျားတို့သာ အာဏာရှိလာရင် uspdထက်ဆိုးမယ်။ ဘာပဲဖြစ်ဖြစ် အမြင်နှစ်ဖက်မျှကြည့်ပါ ရဲဘော်။
    အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ
    “လှိုင်သာယာမှာဆိုက်ကားနင်းနေတဲ့ကောင်လည်း ကမ္ဘာ့ဖလားပွဲမှာ ၀င်ကန်နေတဲ့ကစားသမားတွေကို သောက်သုံးမကျဘူးလို့ ပြောလို့ရပါတယ်။Dont ask him Do u know how to play football.He has the right to critic the football match.(Do ask him what u also do politics).

  16. ။( ကျနော်ပြောချင်တာက ဒေါ်စုမှားတယ်ဆိုပြီး ဝေဖန်နေတဲ့လူတွေ သူ့လို ခေါင်းဆောင်နိုင်သလား။ ဒါမှမဟုတ် သူ့လိုလူမျိုး တွေ့ထားသလား)
    လှိုင်သာယာမှာဆိုက်ကားနင်းနေတဲ့ကောင်လည်း ကမ္ဘာ့ဖလားပွဲမှာ ၀င်ကန်နေတဲ့ကစားသမားတွေကို သောက်သုံးမကျဘူးလို့ ပြောလို့ရပါတယ်.ခါင်းဆောင်တယောက်ကိုဝေဖန်ဖို့ သူ့လိုလုပ်ပြ၊သူ့မှာရှိတဲ့အရည်အချင်းမျိုးရှိရမယ်ဆိုတာခုမှပဲသိရတော့တယ်
    နအဖကြတော့ ဝေဖန်လိုက်ကြတာ သူတို့ကြတော့ ပါးစပ်တောင် မဟကြနဲ့တဲ့…အဟီး.ရယ်ရတယ်…ဗျို့….
    ငါကလွဲရင် အားလုံးကိုတော်လှန်မယ်ဆိုတဲ့အမြင်မျိုး။ ဒေါ်စုကိုဝေဖန်ရင် ရန်သူဆိုတဲ့အမြင်မျိုး။ နအဖလူဆိုတဲ့အမြင်ဆိုးတွေကို ပြင်ပါရဲဘော်။
    ဒါနဲ့များ ဒီမိုကရေစီရရှိရေးအော်နေသေး။

    1. ဆဲချင်လို့ ဘောလုံးပွဲကြည့်တဲ့ ပရိတ်သတ်အဆင့်ကိုး။

  17. ဘာမှအဖြစ်မရှိ့ပဲ ဘဝင်မြင့်နေကြတာ ကိုဖိုးထက်ရေ။
    ငါးမင်းဆွေလို နံမည်ကြီးလဲ နည်းလားဆိုပြီး အခြေအနေ အချိန်အခါမှမသိပဲ ငါတပ်ငါသိ လုပ်နေကြတာပေါ့ဗျာ။

  18. First of all, I support Daw Aung San Suu Kyi and NLD.Second I respect all people who working hard to restore Democracy and Human right in Burma. I wanna say somethin ” Do what you have to do,But Give respect to eachothers”.Please don’t point out the finger who making mistake.Please show the way what is right.

  19. စစ်ဗိုလ်လူထွက်ကြီးတွေ၊ ကိုယ်ကျိုးငဲ့တာ အသားကျနေတဲ့လူကြီးတွေရဲ့အသံတွေကို သိပ်တော့မအံ့သြပါဘူး။ ဒါပေသိပေါ့လေ ဒီမိုကရေ စီရေးအတွက် နယ်စပ်မှာ အလုပ်လုပ်နေသူတွေ၊ ပြည်ပနိုင်ငံတစ်ခုခုမှာနေရင်း တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းပြီး ကူညီညာ ရိုင်းပင်းသူတွေ ကိုယ်တိုင်က အရောင်အသွေး၊ အငြိအစွန်းမလွတ်ဘဲ ဒေါ်စုရပ်တည်ချက်ကိုတိုက်ခိုက်ချင်တဲ့စကားသံတွေကျတော့ ကျနော်ဖြင့် နားကိုမ လည်ဘူး။
    Thank you so so much, Ko Pho Htet as surprised always the same as you why they are so mean to attack Daw Su who is the only one to lead Burma… Can they do like Daw Su has been doing since 1988??? If not, why are they wasting their time instead of helping her and our poor poeple in Burma…

  20. ကောင်းတယ်ဗျာ ဘုပြောဘေးထိုင်လုပ်နေပြီး ဒေါ်စုရဲ့ဘုရားသခင်ချီးမြှင့်ထားတဲ့သူမရဲ့သိက္ခာကိုယ်ကျင့်တရားတွေကြိတ်ပြီးမနာလိုစိတ်ဖြစ်ပြီး ဒေါ်စုကိုဘာလဲဘယ်လဲနဲ့ဆင်ကြီးကိုခွေးဟောင်နေသလိုလုပ်နေတဲ့ကောင်တေါအတွက်အထူးသင့်လျော်တဲ့ဆောင်းပါးကောင်းပါဘဲနောက်ထပ်ရေးပါအုံးအားပေလျက်ပါဘဲ

Comments are closed.