ရန်ကုန်မြို့တစ်ဘက်ကမ်း ကျေးလက်ကထိန် နှင့် ရဟန်းခံရှင်ပြု မြင်ကွင်း
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၂၁၊ ၂၀၁၃
ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်နေ့က ရန်ကုန်တစ်ဘက်ကမ်း တွံတေးမြို့တွင် တွေ့ရသည့် ကထိန်ခင်းခြင်း၊ ရဟန်းခံရှင်ပြုခြင်း မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ကထိန်အလှူသည် ဒိုးပတ်ဝိုင်းနှင့် အကအခုန်မျိုးစုံ၊ ရှမ်းအိုးစည်ဓားသိုင်းအကတို့နှင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။
ရဟန်းခံရှင်ပြု အလှူလှည့်ခြင်းကိုလည်း ရိုးရာအစဉ်အလာအတိုင်း တွေ့ခဲ့ရသည်။ ကိုရင်ဝတ်မည့်သူများကို မြင်းပေါ်တင်၊ ရဟန်းခံမည့်သူများကို ဆိုက်ကားပေါ်တင်ပြီး လှည့်လည်နေကြသည်ကို ပုံတွင် တွေ့ရှိနိုင်သည်။ ဓာတ်ပုံများ – ရန်နောင် (ဗိုလ်တထောင်)