မျက်မှောက်ရေးရာ သူတို့အာဘော်

သင်္ကြန်မှာ ဖော်ချွတ်ခြင်း – Burma’s water festival

သွန်းနေစိုး facebook.com/ThornNaySoul
ဧပြီ ၁၆၊ ၂၀၁၂



ဒါဟာ တစ်နှစ်ထက်တစ်နှစ် ပိုသောင်းကျန်းလာတဲ့ သင်္ကြန်မှာ ဖော်ချွတ်လာကြပုံတွေအကြောင်း ရှုံ့ချလိုတဲ့စာ မဟုတ်သလို အဲဒါကို ထောက်ခံရေးသားတဲ့စာလည်း မဟုတ်ပါဘူး။

အားလုံးသိကြတဲ့အတိုင်း ကျနော်တို့သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ ဒီအတွက် ရှုံ့ချမယ်ဆိုရင် လွယ်ပါတယ်။ ပစ်ပစ်နှစ်နှစ် ရစရာမရှိအောင် ပြောပစ်လိုက်လို့ ရတာပါပဲ။

ဒါပေမဲ့ ကျနော်စဉ်းစားကြည့်တယ်။ ဒီလိုပြောနေရုံနဲ့ ဒီကိစ္စကြီးကို တားဆီးလို့ ရမှာလား။ ဒီအတွက် ဘာလုပ်ကြမလဲ။

ကျနော် အခုရေးချင်တာက အဲဒီကိစ္စကို တားဆီးနိုင်ဖို့ဖြစ်ပါတယ်။

အကြမ်းဖျဉ်းစဉ်းစားကြည့်ရင်တော့ လွယ်ပါလိမ့်မယ်။ ဟာ ဒါများ ဘာခက်တာလိုက်လို့ ဒီလို မ၀တ်နဲ့ ၀တ်ရင် အပြစ်ပေးမယ် ဘာညာလုပ်လိုက်ပြီးတာပဲလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုလေးသတိပြုစေလိုတာက အရာရာကို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ လိုက်ချုပ်ချယ်လွန်းရင် အာဏာရှင်စနစ်အောက် ကျနော်တို့တွေ ပြန်ရောက်သွားပါလိမ့်မယ်။

လိုအပ်တာက အားလုံးက လိုလိုချင်ချင်နဲ့လိုက်နာလာစေဖို့ပါပဲ။

ကျနော် အရင်ဆုံးတစ်ခု ပြောကြည့်ပါမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ စိတ်အဆင့်အတန်းဟာ တဖြည်းဖြည်းနိမ့်ကျလာတယ် … လို့ပြောရင် သင်လက်ခံမှာလား။ တကယ်လို့ အတင်းမျက်စိမှိတ် ငြင်းချင်တယ်ဆိုရင် ကျနော်ကတော့ ပြိုင်မငြင်းလိုတော့ပါ။ သင်္ကြန်နဲ့ ပတ်သက်တာလေးပဲ ပြန်သွားကြရအောင်။

တကယ်တော့ ခုလိုဖော်ချွတ်လာတာတွေဟာ သင်္ကြန်မှ မဟုတ်ပါဘူး။ တစ်နှစ်ထက်တစ်နှစ် တစ်ချိန်ထက် တစ်ချိန် ပိုပိုပြီးဆိုးလာတာ ကျိန်းသေပါပဲ။ သင်္ကြန်ကျမှ မူးကလည်း မူးနေ၊ မြူးကလဲ မြူးနေတော့ ပိုသိသာကုန်တော့တာပေါ့။ ကျနော်ကတော့ ဒီအတွက် အကြောင်းရင်း တစ်ခုအဖြစ် မြန်မာမိန်းကလေးတွေ Identity ပျောက်နေကြတဲ့ အဖြစ်ကိုပဲ အရင်ဆုံး အကြောင်းရင်းရှာပြချင်ပါတယ်။

လူဆိုတာက သူများထက် သာချင်တယ်။ အများကြားမှာ ပေါ်လွင်ထင်ရှားနေစေ့ချင်တတ်တယ် မဟုတ်လား။ ဒီအတွက် သူ့မှာ အများထက်သာလွန်ထူးခြားတဲ့အရည်အချင်း မရှိတဲ့အခါ ဖော်ချွတ်တာတွေ ဖြစ်ကုန်တော့တာပေါ့။ ဒီတော့ဘာဖြစ်သလဲ? သူများဝိုင်းကြည့်တာ ခံရတယ်လေ။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူက ဒါကို သာယာပါတယ်။

ကျနော်တစ်ချိန်က လူသတ်မှုတွေအကြောင်းလေ့လာဘူးတယ်။ လူတော်တော်များများဟာ လူသတ်မှုဖြစ်ရခြင်းမှာ ဘေးတွန်းအားလည်း အများကြီးပါတာကို တွေ့ရပါတယ်။ အများရှေ့မှာ ငါဟာ မိုက်တယ်ကွ၊ လူသတ်ရဲတယ်ကွ ဆိုတဲ့စိတ်တွေက သူတို့ကို နောက်ဆုတ်လို့ မရတဲ့ မပြန်လမ်းဆီပို့သွားတော့တာ။

အခု ဖော်ကြချွတ်ကြတဲ့ကောင်မလေးတွေကလည်း ဒီအတိုင်းပါပဲ။ လူတွေ သူ့ကို ၀ိုင်းကြည့်ကြတဲ့အခါ … ဟာ တယ်ဟုတ်တဲ့ ငါပါလား၊ လူတွေတောင် ၀ိုင်းကြည့်ကြတယ် ကြည့်စမ်းဆိုတဲ့ စိတ်ဓာတ်အခြေခံကနေ ဒီလိုမျိုးတွေ ပိုလုပ်ဖို့ တွန်းအားဖြစ်စေတယ်။ မိန်းကလေးဆိုတာကတော့ သူပိုင်တဲ့ အလှအပကို ဖော်ပြချင်တဲ့ စိတ်အခြေခံရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဘယ်ယောက်ျားလေးမှ ပုဆိုးကို ထောက်ထည့်ပြီး တင်အလှပေါ်အောင် မ၀တ်ဘူးမဟုတ်လား။ ဒါပေမဲ့ အဲဒီလို ယဉ်ကျေးမွန်ရည်တဲ့ အလှဖော်ပြလိုခြင်းမျိုးနဲ့ပဲဆိုကောင်းတာပေါ့။

အခုက တရားလွန်တွေ ဖြစ်ကုန်တော့တာ။ တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလှကို ဖော်ပြလိုခြင်းနဲ့ ဟိရိသြတ္တပ္ပတရားကင်းမဲ့ခြင်းကြားက မျဉ်းဟာ တော်တော်လေးပါးလျားပါတယ်။ ဒီအတွက် တားနိုင်တဲ့အရာတစ်ခုတော့ရှိတယ်။ ဒီလို အလွန်အကျွံသရုပ်ပျက်လုပ်လာခြင်းကို သူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ခုလုံးက အဆင့်အတန်းမရှိတဲ့အရာအဖြစ် ပုံဖော်သဘောထားကြဖို့ပါပဲ။

ဒီနေရာမှာ မိန်းကလေးချင်းရော ယောက်ျားလေးတွေရော လိုအပ်ပါတယ်။ ဒီလို မထော်မနှမ်းဝတ်ထားတဲ့ကောင်မလေးတစ်ယောက် မဏ္ဍပ်ပေါ်တက်လာတဲ့အခါ အနူကို တွေ့သလို မိန်းကလေးတွေက ရှဲကနဲဖြစ်သွားမယ်။ ယောက်ျားလေးတွေကလည်း သွားရည်ယိုတဲ့အကြည့်နဲ့ ကြည့်မနေပဲ ဘယ်လို အဆင့်အတန်းလဲ မသိဘူးလို့ နှာခေါင်းရှုံ့ မျက်နှာလွှဲလိုက်ကြမယ်ဆိုရင် ဒီလို ဘယ်သူမှ ၀တ်ရဲလိမ့်မယ် မဟုတ်ပါ။

နောက်တစ်ချက်က ကျနော်တို့ လူ့အဖွဲ့အစည်းကို ရှေ့ဆောင်ရှေ့ရွက်ပြုနေသူတွေနဲ့လဲ အတော်သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။ လူငယ်တွေ အားကျအတုယူပြတဲ့သူတွေက ဘယ်လို ၀တ်ပြစားပြ နေပြထိုင်ပြလဲဆိုတာ အင်မတန်အရေးကြီးတယ်။ တနည်းပြောရရင် အနုပညာရှင်တွေပေါ့။ မင်းသမီးတွေက ဖော်ချွတ်ပြနေမှတော့ နောက်က ကောင်မလေးတွေ ဖော်ချွတ်ပြနေတာ ဘာဆန်းတော့မလဲ။

ဒီနေရာမှာ တစ်ခုလေးတော့ ဆွေးနွေးချင်ပါတယ်။ နာမည်ကြီး အကယ်ဒမီဒါရိုက်တာကြီးတစ်ယောက်က ကျနော့်ကို ပြောဘူးတယ်။ အခုခေတ်မင်းသမီးအသစ်တွေမှာ အနုပညာကိုတကယ်စိတ်ဝင်စားတဲ့သူ အတော်နည်းသွားပြီ တဲ့။ ဒါရိုက်တာကို ကုမ္ပဏီပိုင်ရှင်ကို မင်းသားကို လူပေးမယ်။ ဒါဆို မင်းသမီးဖြစ်ပြီလို့ ထင်နေသူတွေက များတယ်တဲ့။ အရင်က ဒေါ်ကြည်ကြည်ဌေးလည်းပြောခဲ့ဘူးတယ်။ ခုခေတ်က အနုပညာရှင်တွေ မဟုတ်တော့ဘူး၊ အညုပညာရှင်တွေတဲ့။

ဒါကို ဘယ်လို တားဆီးကြမလဲ? ဒီမိုကရေစီခေတ်ဖြစ်လေတော့ လည်ပင်းစာဆွဲ ရင်ပြင်ထုတ်ဒါဏ်ပေးဆိုတာမျိုးတော့ မရဘူး။ အရေးကြီးတာက လူငယ်တွေ အားကျအတုယူသူတွေမှာ အပေါ်ယံ ဗဟိဒ္ဒ ရုပ်သွင်သာမက အတွင်း အဇ္ဖတအရည်အချင်းလည်းရှိကြဖို့ ပျိုးထောင်ကြရပါမယ်။ ဒီအတွက်တော့ နိုင်ငံတော်ပိုင်းက အဓိက လိုအပ်လာပါပြီ။ အကယ်ဒမီလိုမျိုးကို အလှည့်ကျပေးနေတာမျိုး မလုပ်ပဲ ဒီနှစ်တော်သူ မရှိရင် ဘယ်သူမှ မပေးနဲ့။ တကယ်တော်သူကိုပဲ ပေးတာမျိုး။ အနုပညာသမားစစ်စစ်တွေ ထွက်ပေါ်လာစေရာ ကျောင်းကြီးတွေ ဖွင့်ပေးတာမျိုးလိုပါလိမ့်မယ်။

ပြောရရင်တော့အများကြီးပါပဲ။ အဓိကကတော့ တိုင်းပြည်ချမ်းသာရင် ဒါတွေအတော်များများ အဆင်ပြေလာမယ်လို့ ထင်ပါတယ်။

နောက်ပြီး ကျနော်တို့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ကိစ္စမှာ အသိပညာပေးပုံလည်း အတော်လိုတယ်လို့ ထင်မိတယ်။ အခုတက္ကသိုလ်တွေမှာ မြန်မာဝတ်စုံကို အတင်းဝတ်ခိုင်းတယ်။ ကလေးတွေက ရိုးရာဝတ်စုံကို ချစ်လာရမယ့်အစား မုန်းတောင်သွားတော့တယ်။ တကယ်က လူငယ်တွေရဲ့ အသွေးထဲ အသားထဲမှာ ရိုးရာကို ချစ်မြတ်နိုးစိတ်ပေါ်အောင်လုပ်ရမှာ။

အဲဒီလိုမဖြစ်ဖြစ်အောင်ဆိုပြီး ဇွတ်အတင်းကြိမ်လုံးနဲ့ ကြိုက်ခိုင်းလို့ မရဘူး။ လာစမ်း သီချင်းကြီးတွေ နားထောင်နေ၊ အိပ်မငိုက်စေနဲ့လို့ လုပ်လို့ မရဘူး။ ရုပ်မြင်သံကြားမှာတော့ ကိုရီးယားမင်းသမီးတွေ ဖော်ချင်သလောက်ဖော် ချွတ်ချင်သလောက်ချွတ်ခိုင်းထားပြီး မြန်မာကားတွေကို ဘယ်လိုဝတ် ဘယ်လိုစားရမယ်လုပ်လို့ မရဘူး။ ဒီနေရာမှာ ကြုံတုန်းပြောရရင် အခု သင်္ကြန်လိုမျိုးမှာ မိန်းကလေးတွေ အရက်ကို ပေါ်ပေါ်တင်တင်ဖောဖောသီသီသောက်လာတာ ကိုရီးယားဇာတ်ကားတွေရဲ့ သြဇာ အများကြီးပါတယ်လို့ ထင်ပါတယ်။ ဒီအတွက်ကိုတော့ ကျနော် ရေးဖြစ်ခဲ့တဲ့ Status လေးတစ်ခုရဲ့ အဓိကအကြောင်းအရာကို ပြန်ရေးပြခြင်းနဲ့ပဲ အဆုံးသတ်ပါရစေ။

သင်္ကြန်ဟာ အရက်ပွဲတော်ဖြစ်နေပါပြီ။ မိန်းကလေးတွေကတောင် ပေါ်ပေါ်တင်တင် ဖောဖောသီသီကြီး သောက်နေတယ်။ အဲဒါ ကိုရီးယားကားတွေရဲ့ သြဇာ တော်တော်ကြီးပါတယ်လို့ ယူဆပါတယ်။

ကိုရီးယားကားတွေ ဈေးကွက်မှာ ရှိနေတာကို မပြောလိုပါ။ ဈေးကွက်ဖွင့်ထားတဲ့အခါ ကိုရီးယားကားသာမက ဟောလီးဝုဒ်၊ ဘောလီးဝုဒ် အစုံရှိမှာပါပဲ။ ဒါပေမဲ့ မြန်မာပြည်မှာ လူကြည့်အများဆုံးဖြစ်တဲ့ ရုပ်မြင်သံကြားဌာနတွေ ကိုယ်တိုင်က ကိုရီးယားယဉ်ကျေးမှုလွှမ်းမိုးအောင် တင်သွင်းနေခြင်းအပေါ်သဘောမတူပါ။

ကျနော်တို့နဲ့ ယဉ်ကျေးမှု မတူပါ။ ကြာရင် တိုင်းပြည်ပျက်ပါတော့မယ်။ တိုင်းပြည်ကို ချစ်ရင် ကိုရီးယားကားတွေ ရုပ်မြင်သံကြားက ပြနေတာ ရပ်တန့်ပေးပါ။ ဘာကြောင့် ဒီလိုလုပ်လဲ စဉ်းစားမရပါ။

ကိုရီးယားဆို မြောက်ကိုရီးယားကတော့ ကျနော်တို့နဲ့တော်တော်နီးနီးစပ်စပ် ပတ်သက်ပါလေရဲ့။ဒါပေမဲ့ … ဒုံးပျံလွှတ်တာတောင် ဖွတ်ခနဲ ရေထဲကျတဲ့နိုင်ငံကို ဘာမှ အထင်ကြီးစရာ မမြင်ပါ။

(မှတ်ချက် – သွန်းနေစိုး Facebook Fan Page facebook.com/ThornNaySoul တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်။ ဤဆောင်းပါးကို Facebook တွင် တရက်အတွင်း ၂၀၀ ကျော် ရှယ်ထား၊ လက်ဆင့်ကမ်း ဖတ်ရှုထားကြောင်း တွေ့ရသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

30 thoughts on “သင်္ကြန်မှာ ဖော်ချွတ်ခြင်း – Burma’s water festival
  1. ထောက်ခံပါတယ်။တန်ဆေးလွန်ဘေးပေါ့။နေရာတိုင်းမှာပါပဲ။

  2. It should be considered what’s their living class.
    Most of those girls probably came from unethical profession (i.e. night club, massages) that express their bitterness and negligence feeling to that society.

  3. ထောက်ခံရုံတင် မကဘူး ။ ကျက်သရေမဲ့ လုပ်ရပ်အဖြစ် ရှူံချပါတယ်။ ထောက်ခံတယ်ဆိုတာ ဒီဆောင်းပါကိုပါ။ ဒီမိုကရေစီဆိုတဲ့ လွတ်လပ်ခွင့်ကို ရှေးတန်းတင်ပြီး လုပ်ချင်တိုင်းလုပ်ချင်ကြတာ မိန်းကလေး အများစု ဖြစ်နေတယ်။ ယောက်ကျားလေးတောင် အရက်မသောက် အရှက်မရှိဝတ်ဆင်တာကို မလုပ်တဲ့ ယောက်ကျားလေးတွေ အများကြီးရှိတယ် ။ မိန်းကလေးလည်း အများကြီးရှိမှာပါ။ ဒါပေမယ့် အုပ်ထိန်းသူ. ရည်းစား တွေကများ ခွင့်ပြုမယ်ဆိုရင်တော့ ကဲဖို့ ၀န်မလေးတာ မိန်းကလေးတွေပါ။ ပြောချင်တာအများကြီးးပါ ဒါပေမယ့် မပြောချင်တော့ဘူး ပြောတဲ့သူတွေက ကို့်ယ့် မြန်မာတွေ ဖြစ်နေတော့ ပြောမထွက်တော့ဘူး ။

  4. အတုယူစရာကောင်းတာတွေအများကြီးပါ၊ဆောင်းပါးရှင်ပြောသလိုပါဘဲရက်ရက်စက်စက်ဝေဖန်လို့ရပါ တယ်အပြုသဘောဘက်ကလဲကြည့်လို့ရပါတယ်။လူတဦးတယောက်ရဲ့ခံယူမှု၊သူ့ရဲ့နောက်ခံပညာရေး၊လူမှု ရေးအခြေအနေပေါ်မှာသာမူတည်ပါလိမ့်မယ်၊

  5. I totally agree with TN SOE. Most of the korean movies should be restricted.USELESS & VERY DANGEROUS FOR OUR NEW GENERATION.SAME AS BLUE PICTURES.IT IS VERY BIG ISSUE.

  6. I agreed all… For us, guys, good to see women showing flesh… but ( for me personally ), I dont want to see our (Myanmar) girls exposing too much like that.. I feel like they are our sisters and when they expose too much shameless,(အလွန်အမင်းဖော်ချွတ်ပြသောအခါ) , I feel like they look like prostitutes. or call girls…, they can do so in the room with their boy firends, not for public… Our National is famous for its culture… if Myanmar girls become shameless… our name will be gone… especially movie stars…please conrol yourselves..you should be role models for Myanmar girls.. Dont give wrong sample..Thingyan is a cultural event.. not night club or stage show..

  7. Thank you for your article and providing a solution. Can I provide another perspective which is the role of the parents in addition to society?
    A lot of Burmese parents have become pre-occupied with making a living in Burma. (Knowing how hard to make a living in Burma, I don’t blame them.) They hardly have time to be there for their kids most of the days and a lot of parents tend to be trustful of their kids. They should trust, but also verify if the story their kids tell them is entirely true (such as where their kids work, where they hang out, why they are out late at night etc.). For example, I know for a fact that a lot of masseuses and prostitutes who works at night tell their parents that they work in a department store such as CityMart, Yuzana etc. and the store closes at 10 pm and they can not be home until 12 pm. If the parents provide proper guidance to their kids including teaching them how to grow up to be a good Buddhist, I think that could be a good deterrent to why a lot of Burmese girls are losing morality.

    1. အာနာ၇ှင်လက်အောက်ထပ်ေ၇ာက်သွားတာတော့မဟုတ်ပါဘူးလေ မလေးမှာကြည်ပါလားမိန်းကလေးတွေဘာသာရေးစည်းကမ်းအတိုင်လိုက်၇တယ် မလိုက်၇င် ထပ်တောင် ဆော်လွတ်လိုက်သေးတယ် ဒီအတိုင်းလေးအထိန်းအကွပ်လေးဆို၇င်ပိုကောင်းမယ် ဒီအတိုင်းသာဆက်သွားနေရင်တော့ မလွယ်တော့ဘူး မြေကြီးလက်နဲ.ပုတ်တာမှလွဲတော့မယ်းးးးးးးးးးးးးးးးးးးးးး အကိုတွေမောင်တွေ အဖေ အမေလဲဒီအတိုင်းပဲ ကြည်နေသလော အိန်း …………… မလွယ်ပါလားကွာ

  8. မြန်မာလူမျိုးတွေမှာအကောင်းနဲ့အဆိုး၊ အမှန်နဲ့အမှား ကို ကိုယ်တိုင် ကိုယ်ပိုင် ဆင်ခြင်ပိုင်းခြားနိုင်စွမ်း နဲနေ
    တယ်လို့ထင်တယ်……မူလတန်းကစပြီး ပြုပြင် ပေးမှလိုချင်တဲ့ပုံစံရမယ်ထင်တာဘဲ…….

  9. မြန်မာ့ယဉ်ကျေးမှူထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(သို့မဟုတ်)သရုပ်ပျက်ယဉ်ကျေးမှူကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန်ဆောင်းပါးရှင်တို့လိုပညာရှိတွေစုပြီးပြည်သူတွေအပါလွှတ်တော်ကိုတောင်းဆိုကြပါစို့ အမေစုတို့တည်ငြိမ်တဲ့အခါပေါ့……………….သရုပ်ပြယဉ်ကျေးမှူအလိုမရှိ

  10. One of the girl said Jean pant is very good for her specially she does’t need to worry to fell longy down and no need to buy so many longy so she can save the money. Jean pant is durable (can wear longer/ long lasting ) .Some are good for copy but not all .What I like to say is do’t wear too short and too sluttish.

  11. Who ever wear too sluttish they are ( Mostly ) from rich family.Poor people can’t afford to buy. Specially country girls and city girls are different mostly city girls are don’t care anything and shameless what ever come up new or faction start from them. Sorry I’m not racist I am a city girl as well.

    1. yes most of the shorties clothing are expensive. So do you think what kind of girl buy that kind of expensive one?

  12.ှကျွန် တော် နဲ့ အဲဒီ idea တော့ တူ တယ်။ သူ တို့ မှာ ကိုယ် ပိုင် အရေအချင်း ဘာမှ ပြစရာ မရှိ တော့ ရှိ တဲ့ ဟာ ကို ပဲ ကြံ ဖန် ပြ ကြ ရ ရှာ တယ် လို့ ပဲ ခံ ယူပါ တယ်။

  13.ိTotally agree with Ko Ko. I heard one Myanmar saying; ” ဒီခရီးနဲ့ ဒီထီးနဲ့.. ဒီလမ်းနဲ့ ဒီပန်းနဲ့.”
    ဆိုချင်တာက သူ့နေရာနဲ့ သူ ၀တ်စားဆင်ရင်ရမယ် လို့ ပြောတာပါ… အမျိုးသမီးတွေ သရုပ်ပျက်ဝတ်စားပြီး အရက် ဘီယာ ထင်သလို သောက်သုံးနေကြတာဟာ နိုင်ငံရေးနဲ့ ပတ်သက်တယ်လို့ ကျမတော့ မယူဆပါဘူး… မိဘဆိုဆုံးမမှုနဲ့လဲ တိုက်ရိုက်ပတ်သက်ပါတယ်…သူတို့တွေ ကိုယ်တိုင်က စိတ်ပါလက်ပါနဲ့ လိုလိုချင်ချင် လုပ်နေကြတာပါ…ဘယ်သူကမှ တုတ်မိုး ဒါးထောက်ပြီး ၀တ်ခိုင်းတာ.. သောက်ခိုင်းတာ မဟုတ်ပါဘူး…အင်တာနက်ကို သုံးကြတယ်.. သုံးတဲ့ သူ မိန်းခလေး ယောကျာင်္လေး ၁၀ ယောက်မှာ ဘယ်နှစ်ယောက်လောက်များ.. နည်းပညာအသိပညာအတွက်၊ လေ့လာမှုအတွက် သုံးတာ တွေ့ဘူးသလဲ… အကုန်လောက်နီးနီးဟာ ချက်တင်ဝင်တာ.. မဟုတ်တဲ့ ဆိုဒ်တွေ မှာ ပျော်မွေ့နေတာဘဲ ကြားနေရပါတယ်… မိန်းခလေးတွေ လျော့ရဲ လာတာ.. ယောကျာ်းလေးတွေလဲ တဖက်က တာဝန်ရှိတယ်လို့ ပြောချင်တယ်.. သူ့နှမ ကိုယ့်နှမ၊ သူ့အမ ကိုယ့်အမ သဘောနဲ့ ဆက်ဆံကြရင် အခု သိနေ၊ ကြားနေရတဲ့ စိတ်ဆင်းရဲစရာ တွေ လျော့နည်း လာမယ်လို့ ယုံကြည်ပါတယ်…မိန်းခလေးတွေကလဲ ထင်ပေါ်ချင်စိတ်တွေ၊ လျှပ်ပေါ်လောလီချင်တဲ့ စိတ်တွေ။ အတုခိုးမှားနေတဲ့ စိတ်တွေ (အထူးသဖြင့် ကိုရီးယားကားတွေရဲ့ အနှစ်သာရမဲ့ ပြသမှုတွေ) ကို ဘာသာတရား၊ အသိတရားလေးတွေနဲ့ စောင့်ထိန်းကြရင် နောင် ဒီလို အရှက်ရစေမဲ့ ကိစ္စတွေ ရှောင်ကျဉ် နိုင်ကြမှာပါ..

  14. မြန်မာရုပ်ရှင်၊ ဗီဒီယိုတွေက အရှေ့ တောင်အာရှအဆင့်အတန်းတောင်မမီပါဘူး။ မြန်မာမင်းသမီး၊ မော်ဒယ်လ်အချို့ ဟာ အဖော်အချွတ်သက်သက်နဲ့ ပဲ နာမည်ကြီးဖို့ လုပ်နေကြတာပါ။ ကိုရီးယားကားတွေကလည်း ဘာမှ အထင်ကြီးစရာမရှိပါဘူး။ ကိုရီးယားကား ရုံတင်ကာကြီးတွေလည်း ကမ္ဘာမှာ ဘာအဆင့်မှ မရှိပါဘူး။ ပေါပေါပဲပဲ ဇာတ်လမ်းတွဲတွေနဲ့ ပဲ အာရှအဆင့်မှာ လူတွင်ကျယ်လုပ်နေတာပါ။ အဲဒီ ကိုရီးယားကားကို အထင်တွေကြီး၊ တခုတ်တရကြည့်နေတဲ့ ကိုယ့်လူမျိုးတွေကို စိတ်ပျက်တယ်။

  15. ကို ဖိုးထက် ရေ တစ်ထောင်တန် တစ်ရွက်လောက်ချေးပါဗျာ၊ တကယ်ဆိုရင် တစ်ထောင်တန် အရွက် တစ်ထောင်တောင် လောက်ချင်မှ လောက်မှာ

  16. အဲဒီလို ရေး တဲ့ လူမျိုးတချို့ ကျနော် တွေ့ ဘူးတယ် ၊ ဘန်ကောက်ရောက်ရင် မြဘုရား နောက်တခေါက်မှ ဘဲ ဖူးတော့မယ် (ရေချိုးတာများသွားလို့) ပြောကြတယ်၊ ဘယ်သူ့ ကို မှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှု ရှိနေရင်တော့ …….

  17. How you act depends on how you think. To think correctly, you need good knowledge. Lack of knowledge can lead to unresonable act of akward action. All we need is good knowledge and good thinking.

  18. မဆိုင်ပါဘူးဗျာ ကိုရီးယားကားနဲ့ ၊ ဖော်ချွတ်လုပ်ထာနဲ့ ၊မိန်းကလေးအရက်သောက်ထာနဲ့ ၊ဒုံးပျံရေထဲကျထာနဲ့ ၊မြန်မာနိုင်ငံပျက်ရောလား

  19. စာရေးဆရာ သွန်းနေစိုး အပါအဝင် သူနှင့် သဘောတူသူများ ဖတ်ရန်

    နိုင်ငံခြားဇာတ်လမ်းတွဲ ရုပ်ရှင်တွေ မပြနဲ့၊ ဒါတွေကြောင့် လူငယ်တွေ အတုယူမှားနေကြတာ၊ ကြာရင် တိုင်းပြည်ပျက်လိမ့်မယ်..လို့ တချို့သော ပုဂ္ဂိုလ်များ၊ စာရေးဆရာ ဆိုသူများက ဆိုပါတယ်။ သူတို့ကို ပြန်လည် သတိပြုစေချင်တာက ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် သီးသန့်နေပြီး သူများ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဓလေ့ ထုံးစံတွေ အဝင်မခံဘဲနေမှ အကြံတုံး၊ ဉာဏ်တုံး၊ လူညွန့်တုံးပြီး အတွေးအခေါ်နိမ့်ကျ၊ အမြင်ကျဉ်းမြောင်း၊ အကျင့် စာရိတ္တတွေပျက်၊ အမှန်ကို မသိဖြစ်ပြီး တိုင်းပြည်ပျက်မှာဖြစ်ပါတယ်။ အဲ့လို အမျိုးသားရေးဝါဒီတွေ တိုင်းပြည်မှာ ကြီးစိုးပြီး နှစ်ငါးဆယ်ကျော် တံခါးပိတ် တသီးတသန့် ထည်းထည်းကြီး နေခဲ့လို့ တိုင်းပြည်အောက်တန်း နောက်တန်းကျခဲ့တာကို သင်ခန်းစာ ယူစေချင်ပါတယ်။

    သူ့ယဉ်ကျေးမှု၊ ကိုယ့်ယဉ်ကျေးမှု ဘယ်သူ့ဘယ်သူမှ ကောင်းတယ်၊ ဆိုးတယ် ဆိုတာမရှိပါ..။ ဘာသာယဉ်ကျေးမှုမှာ ကြည့်လည်း တချို့က ဘုရားသွားရင် ဦးထုပ်ချွတ်တယ်၊ ဖိနပ် စီးတယ်၊ တချို့က ဖိနပ် ချွတ်တယ်၊ ဦးထုပ်ဆောင်းတယ်..။ ဓလေ့ ထုံးစံမတူတာပဲ ရှိတယ်။ ဆိုးတယ်၊ ကောင်းတယ် ပြောမရပါ။

    တချို့လူမျိုးတွေ (ယောင်္ကျား၊ မိန်းမ) ရာသီဥတု ကြောင့် လိုအပ်လို့ အရက်သောက်တာကို သင်းတို့ ပျက်စီးခြင်း ငါးပါးတိုင်နေပြီလို့ ပြောမရပါ..။ မပျက်စီးလို့ သူတို့ တိုင်းပြည်တွေ ကမ္ဘာအလယ် ရင်ဘောင်တန်းပြီး တိုးတက်နေတာပေါ့..။

    ပြောရမှာ ထောက်ပြရမှာက လူငယ်တွေ အတွက် အရက်၊ ဆေးလိပ် ဝယ်ခွင့် အသက်သတ်မှတ်ချက် မှန်မှန်ကန်ကန် တိတိကျကျ ဥပဒေ ပြဌာန်းပြီး ရောင်းသူ၊ ဝယ်သူကို မျက်နှာမလိုက် အရေးယူတာ၊ လွယ်လွယ်ကူကူဝယ်လို့မရအောင် ဆောင်ရွက်တာ (ဥပမာ – ဆေးလိပ်ဆို အလိပ်ချင်း ဝယ်လို့မရအောင် ဆောင်ရွက်တာ၊ စတိုးဆိုင်ရဲ့ မြင်သာတဲ့ နေရာမှာ မတင်စေတာ..)၊ ဆေးလိပ်၊ အရက် အခွန်တွေ ပိုပြီး စည်းကြပ်တာ၊ ပညာပေး အစီအစဉ်တွေ ကျောင်းမှာ စနစ်တကျ ပို့ချတာ၊ ဆေးလိပ်ဖြတ်၊ အရက်ဖြတ် အစီအစဉ်၊ နှိမ့်သိမ့်ဆွေးနွေး ပညာပေး အစီအစဉ်တွေကို ကျန်းမာရေးဌာနတွေ က စီစဉ်ပေးတာ စတဲ့ နိုင်ငံတကာ အဆင့်မီ လုပ်ဖို့ပဲ ထောက်ပြရမှာ ဖြစ်ပါတယ်။

    အရက်ပညာပေးတယ်ဆိုလည်း ယဉ်ကျေးမှု ရှုထောင့်ထက်၊ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်ပြီး ပြောရမှာပါ..။ သူတို့တိုင်းပြည်တွေမှာ အရက်သောက်ကြတယ်ဆိုတာ ရာသီဥတုအေးလို့ အချမ်းဒဏ် ကာကွယ်အောင် သောက်ရင်းနဲ့ အရက်သောက်တဲ့ ဓလေ့ဖြစ်တာ၊ တို့ ပူတဲ့ တိုင်းပြည်မှာ နေ နေတာဆိုတော့ အရက်အလွန်အကျွံသောက်လို့ ကျန်းမာရေးအရ မကောင်းဘူး၊ ဒါမှမဟုတ် လူမှုရေးရှုထောင့်ကနေကြည့်ပြီး သူတို့တိုင်းပြည်က လူတွေရဲ့ ဝင်ငွေ အဆင့်အတန်းနဲ့ သူတို့ စိတ်အပန်းဖြေ ပျော်ပါးမှုက လိုက်လျောညီထွေရှိတယ်..၊ တို့က အဲ့သလို အဆင့်အတန်း၊ ဝင်ငွေမျီုး မဟုတ်တော့၊ အရက်အစ အခြား အပျော်အပါး၊ စိတ်အပန်းဖြေစရာတွေထက် ပိုပြီး သင့်တော်တဲ့ နေရာမှာ ပိုက်ဆံကို အသုံးချသင့်တာပေါ့…၊ စသည်ဖြင့် အကျိုးနဲ့အကြောင်းနဲ့ ပြောရမှာပါ..။

    ဘာသာရေး အရပြောလည်း ယောင်္ကျား အရက်သောက်လည်း ငါးပါးသီလ ကျိုးတာပါပဲ..။ မိန်းမသောက်မှ မကောင်းတာ၊ အကျင့်သီလပျက်တာ မဟုတ်ပါ။

    အဝတ်အစားဝတ်တာကိုကြည့်ပြီး တဘက်စောင်းနင်း ဘာမှ ကောက်ချက်စွဲလို့ မရပါ။ စကတ်တိုတွေ၊ ဘောင်းဘီတိုတွေနဲ့ လူငယ်တွေပဲ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးတွေကို လက်တွဲကာကွယ်ရင်း လမ်းပေါ်မှာ တိုင်းပြည်တာဝန်ကျေခဲ့တာပါ..။ အဲ့ဒီ လူငယ်တွေပဲ နီုင်ငံတာကာမှာ ထိပ်တန်း တက္ကသိုလ်တွက အဆင့်မြင့်ဆုံး ဘွဲ့တွေယူ၊ ယောင်္ကျားတွေနဲ့ ယှဉ် အလုပ်လုပ် ဝင်ငွေရှာပြီး၊ တိုင်းပြည် အခွန်ထမ်းနေတာပါ..။

    အဲ့လို လူငယ်၊ အမျိုးသမီးငယ်လေးတွေနဲ့ နီးနီးကပ်ကပ်နေ့ကြည့်၊ ပေါင်းကြည့်ပါ..။ အချို့သော သူများ ယူဆသလို သဘောလွယ်တဲ့ သူတွေ မဟုတ်ပါဘူး..။ သူတို့ သိက္ခာကို သူတို့ ထိန်းကြတဲ့ သူတွေချည်းပါ..။ တစ်ဦးချင်း စာရိတ္တ ယိုယွင်းမှု၊ ဖောက်ပြားမှု ကို ထည့်ပြောလို့မရပါ..။ ထမိန်ဝတ်၊ ဘီးစပတ် အမြဲထုံးထားလည်း အကျင့် စာရိတ္တ ဖောက်ပြန်နိုင်တာပါပဲ…။

    ဗမာပြည် ရာသီဥတုနဲ့ ပြောစတမ်းဆိုရင် ဘောင်းဘီတို၊ စကတ်တို၊ စွပ်ကျယ်လက်ပြတ်ဝတ်တာ ဘာမှ မကောင်းမြင်စရာ၊ အပြစ်တင်စရာ မရှိပါ။

    အလွန်အကျွံဝတ်လို့ ပြောရတာပါဆိုလည်း သင်္ကြန်လို ရေကစားတဲ့ အချိန်မှာဘယ်လိုဝတ်ဝတ် ရေစို အဝတ်နဲ့က အမြင်မသင့်တော်တတ်ပါ..။ ဒါကို ဓာတ်ပုံဆရာတွေက လိုချင်အနေထားရောက်အောင်စောင့်၊ အကွက်ချောင်းရိုက်ပြီး လိုသလိုရေးထားတဲ့ မှတ်ချက်တွေနဲ့ ဖြန့်ဝေတာဟာ လူကျင့်ဝတ်ကို ကိုယ်တိုင်က မစောင့်ထိန်းတာပါ..။ တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်မှာ ဆိုရင် ခုအဲ့သလို ဓာတ်ပုံတွေကို ခွင့်ပြုချက်မရှိဘဲ ရိုက်၊ တင်၊ ဖြန့်လုပ်နေတာအားလုံးဟာ တရားဥပဒေအရ အရေးယူနိုင်ပါတယ်။ သိပ်မကြာခင်နှစ်တွေတုန်းက စင်္ကာပူက မြန်မာကောင်လေးတစ်ယောက် စူပါမားကက်ကြီးတစ်ခုမှာ မိန်းခလေးတစ်ယောက် အမြင်မတော်ဖြစ်နေတာ ခိုးပြီး ဓာတ်ပုံရိုက်လို့ တရားစွဲခံရဖူးပါတယ်…။ ဒါမျိုး အဖြစ်အပျက်တွေ ဥပဒေ စိုးမိုးတဲ့ နိုင်ငံတွေမှာ ထုနဲ့ထည် ပါ.။

    ရာစုနှစ်တွေမြောက်များစွာ ပိတ်ဆို့၊ မှိုင်းတိုက်ခံရလို့ ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ့်အခွင့်အရေး၊ သူ့အခွင့်အရေး မခွဲခြားနိုင်၊ ဝေဝါး၊ တာဝန်မသိ၊ တာဝန်မကျေသလို ဖြစ်နေတဲ့၊ အတုခိုးမှားတဲ့ အချက်တွေ ရှိကောင်းရှိနေနိုင်တဲ့ လူငယ်တွေအတွက် သူများဆီက ဘယ်လောက် လွှမ်းမိုး လွှမ်းမိုး ကိုယ်ပိုင် ဦးနှောက်နဲ့ စဉ်းစားဆင်ခြင် တွေးခေါ် မျှော်မြင်ပြီး လုပ်တတ်တဲ့ အလေ့အကျင့်တွေ ပေးတဲ့ ပညာရေးမျိုး၊ အရည်အသွေးမြှင့်တင်ရေးမျိုး ပိုမို လုပ်ပေးဖို့..၊ တပြေးညီဖြစ်တဲ့ တရားဥပဒေနဲ့ စည်းကမ်းတွေ လိုက်နာလာစေတဲ့ အကျင့်တွေ ထွန်းကားစေဖို့..၊ စတဲ့ ခေတ်မီလွတ်လပ်ဖွံ့ဖြိုးတဲ့ လူဘောင်အဖွဲ့အစည်းမှာ မရှိမဖြစ်လိုအပ်တဲ့ လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ တာဝန်သိတဲ့ အမူအကျင့်ကောင်းတွေ ရှင်သန်အောင် ထောက်ပြတာက ပိုကောင်းပါမယ်။

    ငြိမ်းချမ်းအေး

  20. သင်္ကြန်ကတော်တော်သရုပ်ပျက်လာပြီ ….ဒီနှစ်ကပိုပြီးဆိုးတယ် ဒါအစပဲရှိသေးတယ်ဒီမိုကရေစီ
    နောက်ဆိုရင်ထိုင်း ထက်တောင်သာသွားမယ်…..လူကြီးတွေဒီအတိုင်းကြည့်ကောင်းကောင်းနဲ့ကြည်နေတာလား
    သရုပ်ပျက်မှူနဲ့ဖမ်းပြီး အကျဉ်းဦးစီးကိုရိက္ခပို့ပေးလိုက်ပါလား အဲဒီလိုပ်လုပ်မှရမဲကဟာတွေ

Comments are closed.