မိုးမခအထောက်တော် အမှတ် ၀၀၁
ဧပြီ ၁၀၊ ၂၀၁၂
ဧပြီ ၁၀၊ ၂၀၁၂
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန်ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်သို့ နေ့ချင်းပြန် သွားရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဟု ရန်ကုန်မှ လာသည့် အေဂျင်စီသတင်းများက ဆိုသည်။
ထိပ်သီး ခေါင်းဆောင် နှစ်ဦးသည် ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရာ နောက်တနေ့ အစိုးရ သတင်းစာများတွင် ထိုသတင်း ပါဝင်လာပြီး “မတူကွဲပြားသော သဘောထားအမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း” ရေးသား ဖော်ပြထားသည်။
ထိုတွေ့ဆုံပွဲအပြီး NLD က ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ခြေလှမ်းများ စတင်ခဲ့သည်။