သတင်းပဒေသာ

U Win Tin Foundation – ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းသတင်း

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းသတင်း
ဖေ့စ်ဘွတ်ကောက်နုတ်ချက်၊ မောင်ဝံသ မျက်နှာမှ၊ ဧပြီ ၇၊ ၂၀၁၂
မန္တလာက ပြန်လာတဲ့ ဆရာဦးဝင်းတင်ထံ ဒီနေ့ သွားတွေ့ပါတယ်။ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဘဏ္ဍာထိန်း ဦးအုန်းထွန်း၊ ဥပဒေအတိုင်ပင်ခံ ဦးအောင်သိန်း၊ coordinator ကိုကျော်အောင်တို့လည်းပါပါတယ်။
ဆရာဦးဝင်းတင်က သူ့ထံ နောက်ထပ် ၀င်တဲ့ အလှူငွေစာရင်းအပ်ပါတယ်။
၁။ ဦးဇော်ဝင်းသမိုင်း                          ၅၀,၀၀၀ိ၊
၂။ ဦးကြွယ်ဝ+ ဒေါ်မြမြထွေး            ၃၀၀,၀၀၀ိ
၃။ ဦးဝင်းမောင် သမိုင်း                       ၅၀,၀၀၀ိ
၎။ ဦးအေးဖေ မုံရွာ                           ၁၀၀,၀၀၀ိ
၅။ ဒေါက်တာလမင်းတရာ                 ၁၀၀,၀၀၀ိ
၆။ ဒေါက်တာတင်ထွန်း     +ဒေါက်တာသန်းသန်းဆွေ(မန်း)  ၅၀၀,၀၀၀ိ
၇။ အမည်မသိ စဥ့်ကူမှ                     ၁၀၀,၀၀၀ိ
          ရှေ့နေဦးအောင်သိန်းကလည်း သူ့ဆီကို ကိုရီးယားရောက်မြန်မာများက အလှူငွေ ပေးပို့ဖို့ ရှိကြောင်း တင်ပြပါတယ်။
          ကျွန်တော်ကတော့ ကျွန်တော့်ထံ လှူထားတဲ့ မြန်မာ့အလှဦးကျော်ခိုင် ၅သိန်း+ ဦးသန်းစိန်နဲ့ မိတ်ဆွေများ ရန်ကုန်တို့ရဲ့ အလှူငွေ ၅၀၀၀၀ိ+ ပေါင်းတည်က ဆရာဦးအုန်းနိုင်သမီး နီနီမာရဲ့ လစဉ် အလှူငွေ ၅၀၀၀ိ စာရင်းကို တင်ပြပါတယ်။
          စင်ကာပူက ခင်ကလျာစိုးတို့ထံမှ အလှူငွေပို့မည့် သတင်းလည်း တင်ပြပါတယ်။
          ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းထံသို့ အကူအညီလိုအပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားများထံမှ ထောက်ပံ့ငွေ အဆိုပြုလွှာများ ရောက်ရှိနေပါတယ်။ မေလ ပထမပတ်မှာ ဖောင်ဒေးရှင်း အလုပ်အဖွဲ့အစည်းအဝေးထိုင်ပြီး ထောက်ပံငွေများပေးဖို့ ဆုံးဖြတ်ပါမယ်။ ဒီကြားထဲ ထောက်ပံ့ကြေးအဆိုပြုလွှာများ ပေးပို့နိုင်ပါတယ်။ ထောက်ပံ့ကြေးလိုအပ်တဲ့အကြောင်းကို အဓိကဖော်ပြရမှာ ဖြစ်ပြီး ထောက်ခံတင်ပြသူလက်မှတ်လည်း ပါဖို့လိုပါတယ်။ စိစစ်မှုများပြုလုပ်ပြီးရင် မေလ ဒုတိယပတ်မှာ ထောက်ပံ့ငွေများ ပေးလှူမှာ ဖြစ်ပါတယ်။
          အလှူရှင်များ ဆက်သွယ်နိုင်ကြပါတယ်။
မောင်ဝံသ maungwuntha@gmail.com

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts