သတင်းဆောင်းပါး

Maung Thar Man – မြန်မာအစိုးရသစ်နှင့်ဒေါ်အောင်ဆန်းစုကြည် ပြုပြင်ပြောင်းလဲရန်အားစမ်းမှု၊ ကြားဖြတ် ရွေးကောက်ပွဲပြီးဆုံးခြင်း

မောင်သာမန်၊ ဧပြီ ၅၊ ၂၀၁၂

Aung San Suu Kyi and NLD Head Quarter at bi-election win night view (01-Apr-2012)

နိဒါန်း

မြန်မာပြည်မှာ ၁၉၆၂ ကတည်းက စစ်အာဏာရှင်များအုပ်ချုပ်ခဲ့ပြီး နိုင်ငံဆင်းရဲမွဲတေမှု၊ လပ်စားမှု၊ များကြောင့် ၁၉၈၈ (ရှစ်လေးလုံးအရေးခင်း)၊ ၂၀၀၇ (သံယာအရေးအခင်း) များကို စစ်အစိုးရမှ ပြင်ထန်၊ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခဲ့သည်။

၂၀၀၇ နောက်ပိုင်း နာဂစ်မုန်တိုင်းကြီးကြောင့် ဧရာဝတီတိုင်းတွင် လူ၂သိန်းခန့် သေဆုံးခဲ့ရာတွင်လည်း စစ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများအား လစ်လျူခဲ့သည်။ သို့သော် နိုင်ငံပြုပြင်ပြောင်းလဲမှုများကို စတင်သည့်အနေဖြင့် ၂၀၁၀တွင် ရွေးကောက်ပွဲကိုကျင်းပပေးခဲ့သည်။ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်၂၀ခန့် အကျယ်ချုပ်ထိန်းသိမ်းစစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အနားယူသွားပြီး၊ ရွေးကောက်ပွဲကျင်းပပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် နှင့် ပါတီကို ကန့်သတ်မှုများစွာပြုလုပ်ခဲ့သောကြောင့် ရွေးကောက်ပွဲကို NLD သပိတ်မှောက်ခဲ့သည်။

အစိုးရသစ်ပြုပြင်ပြောင်းလဲရေးများ

သမ္မတဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးအငြိမ်းစား) ဦးဆောင်သည့် အမျိုးသားကြံခိုင်ရေးနှင့်ညီညွတ်ရေးပါတီ UNDP ၇၀ရာနှုန်းနှင့် နှင့် စစ်တပ်ကိုာ်စားလှယ် အစိုးရသစ်နှင့် လွှတ်တော်မှ ပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေး တနှစ်တာအတွင်း အံ့သြဘွယ်လုပ်ရပ်များစွာ လုပ်ဆောင်ပြနိုင်ခဲ့သည်။
၁။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ဖိတ်ကြားပြီး သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခြင်း
၂။ မြစ်ဆုံစီမံကိန်းကြီးကို ပြည်သူများဆန္ဒပြမှုကြောင့် အစိုးရက ရပ်တံ့လိုက်ခြင်း
၃။ ပွင့်လင်းသောအစိုးရအဖြစ် မီဒီယာများအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း
၎။ အမေရိကန်အစိုးရ နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တန် Hillary Clinton လာရောက်ပြီး၊ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ရင်းနှီးစွာတွေ့ဆုံခြင်း၊ အင်္ဂလိပ်၊ပြင်သစ်၊ဂျပန်၊ တရုပ်၊အိန္နိယ ..စသည့် နိုင်ငံခေါင်းဆောင်များ လာရောက်ကြခြင်း
၅။ NLD ပါတီအား တရားဝင်မှတ်ပုံတင်ခွင့်ပေးလိုက်ခြင်း
၆။ တနှစ်အကြာတွင် ကြားဖြတ်ရွေးကောက်ပွဲ ၄၈နေရာကို 01-April-2012 အောင်မြင်စွာကျင်းပြီးခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် သမ္မတဦးသိန်းစိန်ရဲ့ ကြံဖွံ့ ပါတီကို နေပြည်တော် (၄)နေရာအပါဝင် ၄၅နေရာတွင် ပြိုင်ခဲ့ရာ ၄၃နေရာ (အားလုံးနီးပါး) မှာ အပြတ်အသတ်အနိုင်ရရှိသွားခဲ့ခြင်း
၇။ အမေရိကန်အစိုးရအထူးကိုယ်စားလှယ် Derek Mitchell, အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ..စသည်တို့ အလယ်လာရောက်ခြင်း၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးဖိတ်ကြားရန် တိုက်တွန်းခဲ့သည်။

အမေရိကန်အစိုးရမှ NDI’s Peter Manikas and IRI’s Johanna Kao နှစ်ဦး အဖွဲ့ကို ရွေးချယ်ပို့ပေးခဲ့သည်။ CNN နှင့် အမေရိကန်သတင်းထောက်များစွာ ပါလာခဲ့သည်။

စင်ကာပူအစိုးရမှလည်း လွှတ်တော်ကိုယ်စားလှယ်၂ဦး MPs, Mr Hri Kumar Nair and Mr David Ong အဖွဲ့နှင့်အတူ Channel News Asia CNA သတင်းဌာနအဖွဲ့များ လာရောက်လေ့လာခဲ့ကြသည်။

ဥရောပနိုင်ငံများ၊ ဥရောပဘုံဈေးအဖွဲ့၊ ဂျပန်၊ သြစတြေလျား၊ တရုပ်၊ အိန္နိယ၊ အရှေ့တောင်အာရှနိုင်ငံများလည်း လေ့လာရေးအဖွဲ့များစေလွှတ်ခဲ့သည်။ ထိုရွေးကောက်ပွဲ တရားမျှတမှ နိုင်ငံတကာပိတ်ဆို့မှုများကို ဖွင့်ပေးရန် ဥရောပနှင့်အမေရိကန်တို့က စဉ်းစားမည်ဟု ဆိုသည်။ကြားဖြတ်ရွေးကောက်ပွဲရလဒ်

နိုင်ငံပြန်လည်ထူးထောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကော့မှုးမြို့နယ်မှာ အနိုင်ရရှိပြီး လွှတ်တော်မှာ ပါဝင်ခွင့်ရရှိသွားသည်။ သမ္မတဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည် ၂ဦးကို ကမ္ဘာ့သြဇာအကြီးဆုံး ၁၀၀ စာရင်းမှာ Times က ထည့်သွင်းရန် ဆန္ဒခံနေပြီ ဖြစ်သည်။

သမ္မတဦးသိန်းစိန်ကိုလည်း မြန်မာ-ဂိုဘာချော့ လို့ အမည်ပေးကြသည်။ NLD ထောက်ခံ သူများ အောင်ပွဲခံမှု၊ လွန်ကဲခြင်းမဖြစ်ရန် ရွေးကောက်ပွဲညနေခင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်မှ အရေးပေါ် ကြေညာချက် ထုတ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံကြီး ပြုပြင်ပြောင်းလဲမှုအတွက် အမျိုးသားညီညွတ်ရေးမှတ်တိုင်တခုဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်၏ကြေညာချက်

(ကိုး – ရန်ကုန် (မဇ္ဈိမ) )။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ ရလဒ်ကောင်းများ ရနေချိန်တွင် သိက္ခာရှိသည့် အောင်နိုင်မှု ဖြစ်စေရန်အတွက် တဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ထိခိုက်နိုင်သည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ မပြုလုပ်ရန် အဖွဲ့ချုပ်ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ယနေ့ညပိုင်း လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် အဆိုပါ မှာကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် (၉၇-ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ရက်စွဲ ။ ။ ဧပြီလ ၁ ရက်၊ ၂ဝ၁၂

ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထု၏ ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရရှိကြောင်း သတင်းများ တက်နေပါသည်။ယခုလိုအချိန်မှာ ထောက်ခံသည့် ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။သို့သော်လည်း တဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ လုံးဝရှောင်ရှားကြရမည် ဖြစ်ပါသည်။ ပြည်သူ၏ အောင်နိုင်မှုသည် သိက္ခာရှိသော
အောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံး အထူးသတိပြုစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်
အမေရိကန်နှင့်စင်္ကာပူ

      ၂၀၀၇ သံယာအရေးခင်းတွင် ကမ္ဘာက မြန်မာစစ်အစိုးရ၏ သံဃာများကိုပင် အကြမ်းဖက်၊နှိမ်နင်းခဲ့သည်ကို မျက်ဝါးထင်ထင်မြင်ခဲ့သည်။ နယ်စပ်မှ မြန်မာများ တတိယနိုင်ငံများသို့ ကုလသမဂ္ဂ ဒုက္ခသည်အစီအစဉ်ဖြင့် လူဦးရေသိန်းဂဏန်း ပြန်လည်နေရာချပေးခဲ့သည်။ အများစုမှာ အမေရိကန်နိုင်ငံတွင် အခြေချခွင့်ရခဲ့သည်။ မြန်မာမြောက်များစွာ အမေရိကန်တွင် နေထိုင်၊ လုပ်ကိုင်၊ ပညာသင်ကြားခဲ့သောကြောင့် အမေရိကန်သည် မြန်မာပြုပြင်ပြောင်းလဲရေးတွင် အရေးပါခဲ့သည်။

စင်ကာပူသည် မြိုနိုင်ငံလေးဖြစ်သော်လည်း မြန်မာ တတ်သိပညာရှင်များစွာကို လက်ခံသည့်အပြင်၊ အလုပ်သမားအဆင့် အမျိုးသား၊အမျိုးသမီး လူငယ်များစွာလည်း စင်ကာပူတွင် အလုပ်လုပ်ကိုင်၊နေထိုင်၊ ပညာသင်၊ စီးပွားရေးလုပ်ကိုင်ကြသည်။ ထို့ကြောင့် စင်ကာပူရှိ မှန်းခြေ မြန်မာ ၂သိန်းခန့်သည်လည်း မြန်မာပြုပြင်ပြောင်းလဲရေးတွင် အရေးပါလာမည်ဖြစ်သည်။
မြန်မာသမ္မတဦးသိန်းစိန်သည် စင်ကာပူခေါင်းဆောင်များနှင့် အထူးရင်းနှီးသောကြောင့် စင်ကာပူမှ လူသားအရင်းမြစ် ပညာရပ်များအတွက် အကူညီရယူမည်ဖြစ်သည်။
အမေရိကားနှင့်စင်ကာပူတို့ မြန်မာပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော်လည်း အထူးသဖြင့် မြန်မာများပညာရေးအတွက်သာ ထို၂နိုင်ငံကို အားထားရမည်ဖြစ်သည်။

စိးပွားရေးအတွက်မူ အိမ်နီးခြင်း ထိုင်း၊ မလေးရှား နိုင်ငံများက ဦးစွာလာရောက်လုပ်ကိုင်ရန် အခွင့်လမ်းများသည်။ ဥရောပနှင့်ကိုးရီးယား၊ဂျပန်၊တိုင်ဝမ်၊ဟောင်ကောင် စသည့်နိုင်ငံများလည်း TRUST မြန်မာအစိုးရအပေါ်ယုံကြည်မှု ရှိလာရန်လိုသည်။ သို့မှ သူတို့ လာရောက်ရင်နှီးမြုတ်နှံမည်ဖြစ်သည်။

ထို နိုင်ငံတကာယုံကြည်မှုရရှိရေးအတွက် ယခု ကြားဖြတ်ရွေးကောက်ပွဲသည် မှတ်တိုင်ကြီး တခုဖြစ်ပါသည်။

နောက်ပိုင်းတွင် မြန်မာပြည်အစိုးရစိတ်အစိုးရပြည်သူလွှတ်တော်အသစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၄၃ ဦး NLD အတိုက်အခံသည် စုစုပေါင်း ၆၆၄ဦး၏ ၈ ရာနှုန်းမျှသာဖြစ်သော်လည်း တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် NLD ရွေးကောက်ပွဲမူ၃ချက် (၁) တရားဥပဒေစိုးမိုးရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး၊ (လက်နက်ကိုင်တိုင်းရင်းသားအရေး) နှင့် (၃) အခြေခံဥပဒေပြင်ဆင်ရေး …တို့တွင် မည်သို့၊ ပူပေါင်းဆောင်ရွက်မည်ကို စောင့်မျှော်ကြည့်ရှုရန်ဖြစ်ပါသည်။

(02-April-2010)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts