၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မနီလာသိန်း၏ဖခင်ဈာပန ကျင်းပ
တာရာဝေယံ၊ ရန်ကုန်၊ မတ် ၂၈၊ ၂၀၁၂
ယမန်နေ့ မနက် ၁၂ နာရီက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မနီလာသိန်းရဲ့ ဖခင် ဦးသိန်း (ခ) ကန့်စိန်ဘန် (အသက် ၈၁ နှစ်၊ မတ် ၂၅၊ ၂၀၁၂ မှာ ကွယ်လွန်)
ရဲ့ ဈာပနကို ရေဝေးသုသန်မှာ မီးသဂြိုဟ်ပြီးစီးခဲ့ပါတယ်။
ဈာပနကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအင်အားစု အသီးသီးမှ ပုဂ္ဂိုလ်များ၊ ဆွေမျိုးမိတ်သင်္ဂဟများ ၃၀၀ ခန့်
လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ကွယ်လွန်သူကို ရည်စူးပြီး မတ် ၃၁၊ စနေနေ့ နံနက် ၇ နာရီ မှ ၁၁ နာရီ အထိ ရက်လည်ဆွမ်းကျွေး တရားနာမှာဖြစ်တဲ့အတွက် အမှတ် ၁၀၁၊ ၁၁၀၊ ၄ လွှာ၊ ၅၁ လမ်း၊ ပုဇွန်တောင်မြို့နယ် နေအိမ်သို့ ကြွရောက်နေကြောင်း သတင်းရရှိပါတယ်။
please be consoled….Ma Ni Lar Thein.
Even . ” Myat Swar Pha Yar ‘ lived till aged 80.
We do understand ‘ loss of close family member ‘ .
He lived long . Ma Ni Lar Thein. He did .
RIP.
Our Burma Democratic Concern(B.D.C) is very sorry on death of- Father-U Thein of Jimmy & Nilar Thein,88-generation student’s leaders.
ကိုဂျင်မီနဲ့မနီလာသိန်းတို့နှင့်ထပ်တူဝမ်းနည်းမိပါသည်။
အထူးဝမ်နည်းချင်းများစွာဖြင့်
သူငယ်ချင်း
ထွန်းလှ