Amnesty Prison Art Show 2012 – လွတ်လပ်ငြိမ်းချမ်းခွင့်၊ နံရံကြားမှ အနုပညာ ပန်းချီပြပွဲ မြင်ကွင်း အဆက်

တာရာဝေယံ၊ ရန်ကုန်၊ မတ် ၁၁၊ ၂၀၁၂

  ထွန်းဝင်းငြိမ်း။ ဦးကျော်ညွန့်၊ ဦးသက်ညွှန့်
လွတ်လပ်ငြိမ်းချမ်းခွင့် (Amnesty) လို့ အမည်ပေးထားတဲ့ (Prison Art Show 2012)နံရံကြားမှ အနုပညာ ပန်းချီပြပွဲ ဖွင့်ပွဲကို မတ် ၉ ၊ မနက်ပိုင်းက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ အထက်ဘလောက် အမှတ် ၂၂၅၊ ၂၂၇ မှာ ရှိတဲ့ စာပေလောကမှာ ပြုလုပ်ခဲ့ပါတယ်။
အကျဉ်းထောင်ထဲမှာ ရေးခဲ့တဲ့ ပန်းချီကားတွေကို အကျဉ်းထောင်ခံစားမှုတွေကို တင်ပြထားတဲ့ ပန်းချီလက်ရာတွေ ပြသထားတဲ့ ဒီပန်းချီပြပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက စီစဉ်ဆောင်ရွက်ခဲ့ကြတာပါ။
 ဦးမိုးသူ။  ဦးမြင့်ဆွေနှင့် ဒေါ်ငယ်မမသန်း
ဖွင့်ပွဲအခမ်းအနားမှာ ၅၈ခုနှစ် တကသကျောင်းသားခေါင်းဆောင်ဟောင်း ဦးမိုးသူ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုသက်ဇော်၊ ကိုဘောင်းဘောင်းနဲ့  ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဗသက်အောင်၊ ကိုဆန်နီ၊ ကိုစန်းဇော်ထွေး၊ ဘလော့ဂါ ကိုနေဘုန်းလတ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေတွံတေးဆရာတော် ဦးဝါယမ နဲ့ ကိုထွန်းဝင်းငြိမ်းတို့က အကျဉ်းထောင်ထဲမှာ ရေးဆွဲဖြစ်ခဲ့ကြတဲ့ ပန်းချီခံစားမှုများကို ပြောကြားခဲ့ကြပါတယ်။
 ဦးဝါယမ။  ကိုဇော်သက်ထွေးနဲ့ ကိုစန်းဇော်ထွေး
 “ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဒီပန်းချီပြပွဲကို ပြသဖြစ်တဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲမှာ ဖြတ်သန်းနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နေ့စဉ်ဘ၀ကို စာနာမိနိုင်စေဖို့ ဒီပန်းချီကားတွေက ပြည်သူလူထုကို တစုံတရာ ခံစားမှု ပေးနိုင်လိမ့်မယ်လို့ မျှော်လင်ပါတယ်။” လို့ ကိုထွန်းဝင်းငြိမ်းက ပြောကြားခဲ့ပါတယ်။
“ထောင်နံရံပေါ်က ပြန်မပြနိုင်တော့တဲ့ ပန်းချီတွေကို ဒီအချိန်မှာ ကြေကြေကွဲကွဲကြီး လွမ်းတယ်”
လို့ ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါတယ်။
 ကိုကျော်စွာ
 လင်းဝဏ္ဏ
 မြင့်ဆွေ
ပန်းချီပြပွဲကို မတ်လ ၉  ရက်နေ့ကနေ မတ်လ ၁၁ ရက်နေ့အထိ ပြသမယ်လို့ ကြေညာထားပေမယ့် ပြပွဲကို ပရိသတ်များရဲ့ တောင်းဆိုမှုအရ ၁၂ ရက်နေ ၁၅ ရက်နေ့ထိ နောက် ၄ ရက် တိုးချဲ့ပြမယ်လို့ ပြပွဲတာဝန်ခံ စီစဉ်သူ ကိုထွန်းဝင်းငြိမ်းက အခုလို ပြောပါတယ်။
“ ပြပွဲမှာ နိုင်ငံရေးအကျဉ်းသား ၃၆ ဦးရဲ့ ပန်းချီးကား ၁၁၀ ကို ပြသထားတာဆိုတော့ အချိန်ယူပြီး ကြည့်ကြတာကို တွေ့ရတယ်။ ဒီနေ့ဖွင့်ပွဲနေ့မှာလည်း အခမ်းအနားလေး လုပ်ဖြစ်တော့ ပရိသတ် ၉၅၀၀ လောက်နဲ့ ပြည့်သွားတယ်။ နောက်မှ အေးအေးဆေးဆေး ထပ်လာကြည့်မယ်လို့ ပြောကြသူတွေ များတယ်။ ပြပွဲရက်ကို တိုးရင် ပိုကောင်းမယ်လို့ ပြောကြတဲ့အတွက် နောက်ထပ် ၄ ရက် တိုးလိုက်တာပါ။ ပြပွဲရဲ့ နောက်ဆုံးရက် မတ်လ ၁၅ မှာ ကိုမင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုပြုံးချို၊  အစရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ပန်းချီကားတွေ အပါအ၀င် ပြပွဲစီစဉ်သူတွေက ရွေးချယ်ထားတဲ့ ပန်းချီကားတွေကို အရေအတွက် ကန့်သတ်ထားတဲ့ ဒစ်ဂျစ်တယ်ကော်ပီပရင့် (limited digital copy print) တွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာပါ”
 မြင့်ဝင်းမောင်
 နေဘုန်းလတ်။  အမှတ်တရလက်မှတ် သင်ပုံး
 စန်းဇော်ထွေး
 စန်းဇော်ထွေး။  စည်သူဇေယျ
နိုင်ငံရေးအကျဉ်းသားများသာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် အကျဉ်းထောင်အတွင်းမှ ပန်းချီကားများကို ယခုလိုပြသသောပွဲမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြသသော ပန်းချီပြပွဲဖြစ်ကြောင်း သတင်းရရှိပါတယ်။
သူရအောင်
 ထွန်းဝင်းငြိမ်း
 ထွန်းဝင်းငြိမ်း
 ဇော်လူစိမ်း