မျက်မှောက်ရေးရာ သတင်းပဒေသာ

Khin Nyunt and Khin Shwe

ဦးခင်ညွန့်ကို ဦးခင်ရွှေ ကျေးဇူးဆပ်ပြီ
ခင်ဦးသာ/ဧရာဝတီ
ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂


ဦးခင်ညွန့်၊ ဦးခင်ရွှေတို့ ယခင်က ဆက်စပ်မှု ဓာတ်ပုံမှတ်တမ်း။
မကြာသေးမီက အကျယ်ချုပ်မှ ဦးခင်ညွန့် လွတ်မြောက်စဉ် ပထမဦးဆုံး သွားရောက်တွေ့ဆုံသူများထဲတွင် ဦးခင်ရွှေက ထိပ်ဆုံးတွင် ပါဝင်ခဲ့သည်ကို FaceBook စာမျက်နှာများတွင် တွေ့ခဲ့ရသည်။


ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ၎င်း၏ လူမှုရေး လုပ်ငန်းများ၌ ကူညီဆောင်ရွက် ပေးသွားမည် ဟု ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ က ပြောသည်။

“သူကလည်း လူမှုရေး ၀ါသနာပါတယ်၊ သူ့မှာ ဘာမှမရှိတော့ဘူး၊ အကုန်အသိမ်းခံလိုက်ရတယ်၊ သူအကျဉ်းကျနေတုန်းက သစ်ခွ စိုက်ပြီးတော့ ရုန်းကန်ခဲ့ရတယ်၊ ဒီလို ပုဂ္ဂိုလ် တယောက်က ဒီလိုမျိုး ရုန်းကန်နေရတာ မသင့်တော်ဘူးဆိုပြီး ကူညီနိုင် သလောက် ကူညီပေးဖို့ သဘောပါ” ဟု ဦးခင်ရွှေ က ဧရာဝတီကို ပြောဆိုသည်။

ဦးခင်ညွှန့်အား ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ၎င်းအပေါ် ကျေးဇူးရှိခဲ့၍ မဟုတ်ကြောင်း၊ ဦးခင်ညွှန့်သည် နိုင်ငံအတွက် တတ်နိုင်သည့် အတိုင်းအတာတခုအထိ ဆောင်ရွက်ခဲ့သူဖြစ်၍ ကျေးဇူးပြန်ဆပ်ရခြင်းဖြစ်သည်ဟု ဦးခင်ရွှေ က ဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ တည်ထောင်ထားသည့် မြရိပ်ညို ဖောင်ဒေးရှင်း၌ ကူညီဆောင်ရွက်ပေးရန် ဦးခင်ညွှန့်အား ကမ်းလှမ်းခဲ့ရာ လက်ခံကြောင်း၊ ဦးခင်ညွှန့်ကိုယ်တိုင်လည်း ရွှေမှော်ဝန်း အမည်ရှိလူမှုရေးအဖွဲ့တခု တည်ထောင် ၍ ဆောင်ရွက်နေကြောင်း သိရသည်။

“ဒီလိုကူညီပေးတဲ့ အတွက် လစာဘယ်လောက်ဆိုတာမျိုး ကန့်သတ်ထားတာ မရှိပါဘူး၊ သူလို အပ်တာမှန်သမျှကို ၀ိုင်း လုပ်ပေး သွားဖို့ ရှိတယ်၊ ဆရာသမား တယောက်ကို ပြန် ကျေးဇူးပြုတာပါ၊ ဗမာ့ ထုံးတမ်းအရပေါ့လေ၊ အတိုင်းအတာနဲ့ ပြော လို့မရပါဘူး”ဟု ဦးခင်ရွှေက ဆက်ပြောသည်။

ဦးခင်ညွှန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း၌ နာယက အဖြစ် ခန့်အပ်၍ တလလျှင် အမေရိကန် ဒေါ်လာ ၅၀၀၀ ချီးမြှင့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ဦးခင်ရွှေ က ငြင်းဆိုသည်။

ဦးခင်ညွှန့် တည်ထောင်ထားသည့် ရွှေမှော်ဝန်း လူမှုရေး ဖောင်ဒေးရှင်း၌ အလှုငွေ ကျပ်သိန်း ၅၀၀ ပါဝင် ထည့်ပေးထားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မြရိပ်ညိုဖောင်ဒေးရှင်း အတွက် ကျပ် သိန်း တသောင်း မ တည် ထားကြောင်း၊ ၎င်းသည် တနှစ်လျှင် ကျပ် သိန်းပေါင်း၂ သောင်းမှ ၃ သောင်းအထိ လှူဒါန်းနေပြီး ဘုရားအဆူ၂၀၀ကျော် တည်ထားပြီးကြောင်းလည်း ဦးခင်ရွှေက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်သည် အမိန့်မနာခံမှု၊ အဂတိ လိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် ထောင်ဒဏ် ၄၄ နှစ်အပြစ်ပေးခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ၎င်းဖမ်းဆီးခံရပြီးနောက် ထောက်လှမ်းရေးအဖွဲအား ဖျက်သိမ်းခဲ့ပြီး ထောက်လှမ်းရေး အဖွဲ့ဝင် အများအပြား နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။

ဦးခင်ညွန့်သည် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ် သည်။ လွတ်မြောက်သည့်နေ့တွင် ပြည်တွင်း ပြည်ပ မီဒီယာသမားများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်ကလည်း လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။

“နိုင်ငံရေးတော့ လုပ်ဖို့ မရှိသေးဘူး၊ လူမှုရေးတွေပဲ လုပ်သွားမယ်”ဟု ဦးခင်ညွှန့် က ဆိုသည်။

ဦးခင်ညွှန့်နှင့် ထောက်လှမ်းရေးအဖွဲ့သည် တာဝန်ယူစဉ်ကာလ၌ တန်ခိုးသြဇာ ကြီးထွားခဲ့ပြီး နိုင်ငံရေး လှုပ်ရှားသူများ၊ ကျောင်း သား ကျောင်းသူ အများအပြားကို ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်ချမှတ် အပြစ်ပေးခဲ့မှုများ ပြုလုပ်ခဲ့သည်။

ဦးခင်ရွှေသည် ဦးခင်ညွန့် အပါအ၀င် ယခင် န၀တ၊ နအဖ စစ်အစိုးရ အဖွဲ့၏ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သည့် စီးပွားရေး လုပ် ငန်းရှင်တဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်လည်း ခမည်း၊ ခမက် တော် စပ်သည်။

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွား လုပ်ငန်း စသည့် စီပွားရေး လုပ်ငန်းများ လုပ်ကိုင်နေပြီး စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန်အတွက် လယ်ယာမြေသိမ်းယူမှု များကို ရန်ကုန်တိုင်းနှင့်မွန်
ပြည်နယ်များတွင် လုပ်ဆောင်နေရာ ဒေသခံပြည်သူများက မကျေနပ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားမှုများနှင့် လည်း ရင်ဆိုင်နေရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အတွင်းမှ လယ်မြေ ဧက ၁၀၀၀ ကို ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူထားသည့်အတွက် မိမိတို့ လယ်မြေများ ပြန်လည် ရရှိရေး အတွက်ဟုဆိုကာ လယ်သမား ၇၀ ၀န်းကျင်က တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်းလည်း ဧရာဝတီ ကို ပြောဆိုထားသည်။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

7 thoughts on “Khin Nyunt and Khin Shwe
  1. တိုင်းပြည်ကအဆင်းရဲဆုံးဖြစ်ပေမဲ့ ဒီခွေးသခိုးလူတစုကတော့ အရမ်းချမ်းသာကြတယ်…

    1. မြန်မာပြည်မှာ လက်ညိုထိုးမလွှဲတဲ့ လုရားတွေဒီလောက်များနေတာတောင် ဘရားအဆူး(၂၀၀)ထပ်
      တည်တယ်တဲ့…ကြည့်မကောင်းမြင်းမကောင်းတဲ့ အိမ်သာအလုံး(၂၀၀) မတည်ဆောက်တာတော့သေ
      ခြာတယ်၊ အများကောင်းကျိုးအတွက်ဆိုပြီး ဘန်းပြကာ မိမိအကျိုးကို မတရားနည်းနဲ့စီးပွါးရှာစားနေတဲ့
      ဦးခင်ရွှေ…တစ်တိုင်းပြည်လုံးကိုအာဏာပြပြီး နှိပ်စက်သက်ဖြတ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ခင်ညွန့်ကိုတော့ ကျေး
      ဇူးဆပ်တာတဲ့..တိုင်းပြည်လွပ်လပ်ရေးရအောင်ယူခဲ့တဲ့ ဗိုလ်ချုပ်ရဲ့သမီး …တစ်တိုင်းပြည်လုံးကလူထု
      ခေါင်းဆောင်တင်ထားပြီးတိုင်းပြည်ရဲ့အကျိုးကိုအသက်နှင့်ရင်ပြီးဆောင်ရွက်နေတဲ့ ဒေါ်စုကိုတော့ ဘာ
      ကျေးဇူးမှမဆပ်ဘူဘူး..နင်တို့ရဲ့ရင်ထဲမှာဘာတွေရှိသလဲဆိုတာ ပြည်သူတွေကသိပြီးသာ..ဒါကြောင့်
      နင့်ချွေးမ နန္ဒာလှိုင်က ဝေလုကျော်ကိုမယူဘဲနင့်သားကိုယူသွားတာပေါ့..ဘူစဝါမိသားစုရဲ့။

  2. ဗိုလ်ချုပ်ကြီးခင်ညွန့်ခင်ဗျား !
    လူကြီးမင်း မတော်မတရားရယူခဲ့သော
    စည်းစိမ်ဥစ္စာများကို
    ဘုရား၊တရား၊သံဃာ၊နှင့်တကွ
    မရှိနွမ်းပါးဆင်းရဲသူများအကျိုးအတွက်
    မည်မျှပင်လှူဒါန်းသုံးစွဲစေကာမူ
    လူကြီးမင်း၏အကုသိုလ်၊
    လူကြီးမင်း၏အတိတ်အရိပ်မဲတို့ကား
    ဤသံသရာဝယ် ပြောက်ပျက်အံ့မထင်မိပါ။
    လူကြီးမင်းအနိုင့်အထက်ပြုကျင့်၊
    ဖမ်းဆီး၊နှိပ်စက်၊ဘဝဖျက်၊သတ်ဖြတ်ခဲ့သူများနှင့်
    ဘဝပျက်ကျန်ရစ်သူတို့၏မျက်ရေနှင့်အပူမီးတို့ကို
    မသုတ်ပေးနိုင်သမျှကာလပါတ်လုံး၊
    မငြှိမ်းပေးနိုင်သမျှကာလပါတ်လုံး၊
    လူကြီးမင်းသည်ကား
    သံသရာဝဋ်ဆင်းရဲအပေါင်းမှလွတ်မြောက်အံ့မမြင်၊
    သားစဉ်မြေးဆက်သည်လည်း ဤလူ့ဘောင်ဝယ်
    ခေါင်းဖော်ရန်မဝံ့သလို အတုံ့အလှည့်ဟူသည်လည်း
    ရှောင်ရှား၍ရနိုင်အံ့မထင်မိပါပေ။
    မိဘတို့၏မျက်ရေများ၊
    လင်သား၊ဇနီးမယားတို့၏မျက်ရေများ၊
    သားသမီးတို့၏မျက်ရေများ၊
    ဆွေမျိုး၊မိတ်ဆွေသို့၏မျက်ရေများ၊
    ဆရာသမားတို့၏မျက်ရေများ၊
    တပည့် သာဝကတို့၏မျက်ရေများ၊
    ချစ်ခင်ရသူချင်း၏မျက်ရေများ၊
    ပရိတ်သတ်တို့၏မျက်ရေများကို
    ချောင်းစီးစေခဲ့သူကား
    လူကြီးမင်းကိုယ်တိုင်ပင်မဟုတ်ပါ၏လော ?
    မနောကံမြောက် သံဝေဃတရားရလျှင်တောင်မှ
    ကာယကံမြောက်၊ဝစီကံမြောက် ဝန်ချတောင်းပန်မှု
    မပြုလေလျှင် လူကြီးမင်းဘဝ သည်ကား
    ကံ ကံ ၏ အကျိုးပေတည်း။
    ထိုသို့ပြုမူခဲ့သည်မှာ လူကြီးမင်းတစ်ဦးတည်းသာမက
    ဗိုလ်ချုပ်နေဝင်းမှစ၍အဆက်ဆက်သောဗိုလ်ချုပ်များ
    ရှိုခဲ့၊ရှိနေပါသေးသည်။
    ဆင်ချင်သတိ၊အမှားသိ၍
    အမှန်ပြင်စေ့ချင်ပါသည်။

  3. Birds of the Feather,Flocks together, & Cows of the same brand. Khin Shwe is Khit Pyet Thahtay,and hid father is Sly Fox of Burma. That ‘s nothing strange.

  4. ကြားလိုက်ပါသေးရဲ့ဗျာ
    များများလှူတဲ့သူတွေက မဟုတ်တာတွေများများလုပ်ထားလို့
    နောက်ဘ၀ ခံရမှာဆိုးလို့ ဆိုလားပဲ

  5. အသက်နှစ်ထောင်ဂုရုကြီး=ဒကာဆိတ်ရေ ဘု၇ားဒကာကြီးကတော့ တစ်နှစ်ကို ကျပ်သိန်း ၂/၃ သောင်း
    လှူနေတယ်ပြောနေတယ်…ဒါနဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေကို လှူတာမ
    ` တွေ့မိပါလား?
    ဒကာဆိတ် =ကျွန်တော်လည်း မမြင်မိဘူး…ဂုရုကြီး…ကျနော်ကြားတာကတော့ အဲဒီမှာ
    သွားလှူ၇င် ဘာပါမစ်၊ဘာလုပ်ကိုင်ခွင့်မှ ရမှာမဟုတ်လို့ မလှူဘူးလို့ပြော
    သံကြားတာဘဲ…..
    ဂုရုကြီး =သြော်….ဂွတ်ထ…ဂွတ်ထ…ဖွတ်ကလိဒင်္ဂါး တစ်ပြားလှူရင် အပြား ၁၀၀
    လောက်ဝင်မှ လှူမဲ့ သဘောပါလား…သွပ်…သွပ်…သွပ်

Comments are closed.