တန်ဖဲရွာမှ မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ

တာရာဝေယံ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂

ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် မြစ်ဆုံအတနီးက တန်ဖဲရွာမှာ မြစ်ဆုံကျေးဇူး ပဲ့တင်သံ မိတ်ဆုံစားပွဲကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ မနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ကျင်းပခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချိုအပါဝအ၀င် ၁၆ ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ ဖြစ်ကြတဲ့ ဆရာဦးအုန်း၊ ဒေါ်ဒေ၀ီသန့်ဇင်၊ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်၊ ကာတွန်း အော်ပီကျယ်တို့နှင့်အတူ အနုပညာရှင်များ၊ NGO အဖွဲ့ဝင်များ၊ ကဗျာဆရာများ၊ ဒေသခံများ ၂၀၀ ကျော် တက်ရောက်ခဲ့တဲ့မြင်ကွင်းကို တင်ပြထားပါတယ်။ မြစ်ဆုံကိစ္စဟာ ခေတ္တရပ်နားထားတဲ့အတွက် ကျေးဇူးတင်ရပေးမယ့် ထာဝရစိတ်အေးရအောင် ရေရှည်မှာ ဆောင်ရွက်ရမယ့် အခြေအနေတွေအတွက် ကတိပြုနိုင်ခဲ့တဲ့ ပွဲလို့ဆိုရမှာပါ။

One thought on “တန်ဖဲရွာမှ မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ

  1. ကောင်းပါတယ် …ဧရာဝတီမြစ်ကြီးတည်တန့်ပါစေ..ဦးယုဇော်ခေါင် တို့ပါပါဝင်တော့ ပိုကောင်းပါတယ်..ကျေးဂျူးကမ္ဘာဆိုင်..

Comments are closed.