နယူးယောက်မြို့ရောက် ဇာဂနာ ဟောပြောပွဲ ရုပ်သံ ယူကျုပေါ် ရောက်ပြီ
မိုးမခရုပ်သံ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၂
ဖေဖော်ဝါရီ ၁၁ ရက်၊ နယူးယောက်မြို့တော်မှာ မြန်မာမိသားစုများနဲ့ ရုန်းကန်ခြင်းအလှ ရုပ်ရှင်ပြပွဲနဲ့ ဇာဂနာ ဟောပြောပွဲကျင်းပခဲ့ရာ အဆိုပါ ရုပ်သံ ထွက်ရှိလာတာကို တွေ့ရပါတယ်။ ကိုဇာဂနာရဲ့ မိတ်ဆွေ လူရွှင်တော် စုတ်ဖွားက မိတ်ဆက်ပေးပြီး ကိုဇာဂနာက ဟောပြောတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ကို ဇာဂနာ ကို ကျွန်တော်နဲ့ တကွ မြန်မာ ပြည်သူ ပြည်သား တော်တော်များများ အရမ်းလေးစား အားကျ ခဲ့ကြတယ်ဆိုတာ ယုံပါ .. .. အမြဲတမ်း လေးစားချင်တယ် .. .. ပြည့်ဝနေစေချင်တယ် .. အခြေအနေမှန်ကို သုံးသပ်နားလည်ပြီး တိုင်းပြည်အတွက် စွမ်းအားပြည့် ခွန်အားပြည့် နိုင်ငံသားတွေဖြစ်လာအောင် စည်းရုံး ဦးဆောင်မူပေး စေချင်တယ် .. ..
ဒါပေမယ့် အခုတော့ ကိုဇာဂနာ က .. .. မြန်မာပြည် က အဖွဲ့အစည်းတွေမှာ ပညာတတ်တွေနည်းပါး ကြတယ် .. .. ပညာ အားနည်းကြတယ် .. .. နိုင်ငံခြားမှာ ကျွန်ခံပြီး အလုပ်သွားလုပ်နေကြတယ် ဘာညာ မလိုအပ်ပဲ ပြောနေတယ် .. .. သူများနိုင်ငံ တိုးတက်တာ အံ့ဘနန်း ပဲ ဘာညာပြောပြီး စည်းကမ်းလည်း သိပ်ရှိကြတာပဲ ဘာညာ နဲ့ ဒါတွေ ဘာကြောင့် ဖြစ်ခဲ့ရတယ် ဆိုတာ သိနေရဲ့သားနဲ့ ကိုယ့်လူမျိုး အထင်သေးတဲ့ ပုံစံ အဓိပ္ပါယ် ရောက်အောင်တော့ မပြောပါနဲ့လားဗျာ .. .. ကိုယ့်ပေါင်ကိုယ်လှန်ထောင်း မနေပါနဲ့ .. .. အမေရိကား ထိသွား အရှက်မခွဲပါနဲ့ဗျာ .. ..
ကိုဇာဂနာ စကားပြောတာတွေ နားထောင်ရတာ တခုခု နာကျည်းစရာ ၊ ဒေါသ ဖြစ်စရာ မျိုး အလိုမကျ ဖြစ်နေတာမျိုး ရှိနေတဲ့ပုံပဲ .. .. ကိုယ့်အချင်းချင်းတွေပဲဗျာ .. .. နားလည်သည်းခံ ပေးလိုက်ပါ .. .. ထောင်ထဲ အနစ်နာခံ ခဲ့ရတောတွေ သတ္တိ ပြခဲ့တာတွေ စွန့်စားခဲ့တာတွေ နာမည် ရအောင်လုပ်မပြောချင်ပါဘူး စကားတွေခံနေပြီး .. .. ထောင်ထဲ ဘ၀ အနာခံ ခဲ့ ရတာတွေကို အရသာခံ ပြောပြောနေတုန်းပဲ .. .. အားလုံးသိပြီး ကိုယ်ချင်းစာ လေးစားပြီးသားပါဗျာ .. .. နားမလည် ကြရလေချင်းလို့ ခံစားနေရ သလားလို့ပါ .. ..
အခုမှ အန်တီစုနားမှာ လူတွေ ၀ိုင်းလာနေကြတာ ၊ အရင်ထက် တက်တက်ကြွကြွ လုပ်ပြနေကြတာ .. .. မုဒိတာ ပွားနေပေးပါဗျာ .. .. အန်တီစု တို့ ၊ ကိုကျော်သူ တို့ ၊ ကို မင်းကိုနိုင် တို့ကို အရမ်း အထင်မကြီးချင်နေပါဗျာ .. .. ကိုဇာဂနာ လည်း ကိုယ့် ဘ၀င် နဲ့အထင်နဲ့ လူအများ လေးစားမူနဲ့ ရပ်တည်နေနှိုင် ပြီးသားပဲ .. .. သူတို့ကို သ၀န်တို တာတော့ မဖြစ်ပါနဲ့ဗျာ .. .. ကိုယ့်ပြည်သူတွေကိုတော့ ကိုယ့်လောက် ဥာဏ်မမီ ရုံနဲ့အနာခံ လုပ်မပြ ရုံနဲ့ အထင်သေးစကား ပြော ပြီး သို့လောသို့လော စည်းလုံးမူ ပျက်အောင်တော့ မဖွပါနဲ့လို့ မေတ္တာရပ်ခံပါရစေ .. ..
ဘာမှ မပြောင်းလဲသေးပါဘူး ဆိုပြီး အရာ အားလုံး ကွက်ကွက်ကွင်းကွင်း သိနေသလို အတင်းလုပ်ပြောမနေပါနဲ့ဗျာ .. .. အားလုံးနားလည် ကြပါတယ်.. . . ကိုဇာဂနာတောင် အခု အမေရိကား တွေ ဘာတွေ ရောက်ပြီး ပြောချင်တာ လုပ်ချင်တာ အခု တော်တောင်လေး လုပ်နိုင် နေပြီပဲ .. .. ဒါ ပြောင်းလဲ ချင်းပဲမို့လား ဗျာ .. .. ဖြည်းဖြည်း ချင်းပဲ ဖြစ်လာမှာပေါ့ .. .. အစိုးရတင်မဟုတ်ဘူး .. .. ပြည်သူတွေလည်း ပြင်ရခက်နေပီလေ .. .. လက်ခံပေးပါ .. .. တွန်းအားတွေပေးပါ .. .. လုပ်ချင်စိတ်တွေ ရှိလာအောင် လုပ်ပါဗျာ . .. .. အမေစု လိုပေါ့ .. .. လုပ်စရာ ရှိတာ ဘယ်သူ့ကိုမှ အပြစ်ပြောမနေပဲ လုပ်နေတာမျိုးလေ . .. .. ကိုကျော်သူ လို အဝေဖန် လွတ်အောင် နေပြီး စွမ်းအားတွေ ပေးပါဗျာ .. ..
အကြံပေးတာပါ ကှိုဇာဂနာ .. … နည်းနည်း လွတ်မသွားအောင်လို့ပါ .. ..
တစ်ခြား ပြည်သူ တစ်ယောက် ဒီလို စိတ်မျိုးရှိလို့ သိပ် မဆိုးသွားပေမဲ့ ကိုဇာဂနာ လိုသူတစ်ယောက် အခုလိုစိတ်ကြီးနဲ့ လုပ်ချင်တာလုပ် ပြောချင်တာပြောနေရင် တိုင်းပြည်အတွက် ထိခိုက်မူ ရှိနိုင်လို့ပါ .. ..
( ကလင်တန် တို့ ဇမ်ဘီးယား တို့ လို ကမ္ဘာ့ ထိပ်သီးတွေနဲ့ ကံကောင်းစွာ တွေ့ခွင့် ဆိုခွင့် ရခဲ့တဲ့သူတစ်ယောက် ဖြစ်နေလို့ ပြောတာပါ )
ကောင်းတာတွေလည်း လုပ်နေတာဖြစ်လို့ လေးစားလျှက် .. ..
မျိုးချစ်