x x x
မင်းကိုနိုင်၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂
ခဲတံချွန်ပြီးပြီ
ကျောင်းသင်္ခန်းပုံ ဆွဲချင်ဆွဲ
ဝစ်လစ်စလစ်ပုံ ဆွဲချင်ဆွဲ
သဘောပဲလေ
ဒီမြေမှာ
ဓါးလှံတွေ ကြဲချင်ကြဲ
ချိုးငှက်တွေ ၀ဲလိုဝဲ
သဘောပဲလေ
စိတ်ချ ကလေးရေ
စစ်တိုက်ခန်းတွေ မကြိုက်လို့
ထိုးကြိတ်ခန်းတွေ မကြည့်လို့
သူရဲဘောကြောင်တယ် မစွပ်စွဲဘူး
ဒါပေမယ့် ကလေးရေ
ကိုယ်ဆွဲရာ ကိုယ့်ကားချပ်
ကိုယ့်လက်မှတ်တော့ ထိုးရမယ်
(ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂)
Ref – http://www.facebook.com/photo.php?fbid=301146083272786&set=a.125771214143608.32841.100001321914808&type=3&theater

Thank you for this precious poem. I can learn a lot from it.
very good poem.Very meaningful poem. I respect you Ko Min Ko Naing.