International News

Constitution Change Necessary for Democracy Progress in Burma – Suu Kyi

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လိုအပ် ဟု တိုကျိုတက္ကသိုလ်ဟောပြောပွဲတွင် ဒေါ်စု ပြော

သတင်း ထွန်းဝေ ဘာသာပြန်သူ နန်းခမ်းမိုထွန်း ဧပြီ ၁၈၊ ၂၀၁၃

၂၇ နှစ်ကြာ ကွဲကွာနေပြီးနောက် ဂျပန်နိုင်ငံကို ပြန်၍ အလည်ရောက်ရှိလာတဲ့ မြန်မာပြည်ကအကြီးဆုံး အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုကျိုတက္ကသိုလ်မှာ ယနေ့ ဧပြီ ၁၇မှာ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

တပ်မတော်ရဲ့အရေးပါအရာရောက်တဲ့ ပြဌာန်းချက်ပါဝင်နေတဲ့ ယခုလက်ရှိ အခြေခံဥပဒေကို ပြောင်းလဲဖို့က ဒီမိုကရေစီ မြန်မြန်ရောက်ဖို့အတွက် အရေးကြီးပါတယ်လို့ အလေးအနက် ပြောဆိုသွားပါတယ်။

ဧပြီလ ၁၇ မနက်ပိုင်းက တိုကျိုမြို့၊ Bunkyo နယ်မြေမှာရှိတဲ့ တိုကျိုတက္ကသိုလ်ဝင်းအတွင်းမှာ သွားရောက်ပြီး ကျောင်းသား ၄၀၀ ခန့်နှင့် ပညာရေးဝန်ထမ်းများအတွက် ဟောပြောပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီဟောပြောပွဲမှာ ဒေါ်စုက ‘ယခုမှစ၍ ကမ္ဘာခေါင်းဆောင်ဖြစ်လာမယ့် လူငယ်များအား တိုင်းပြည်အတွက် ပြန်ကြည့်ဖို့ကို ပြောစရာမလိုဘဲ၊ လူသားများအား အကျိုးရှိစေသည့် အရာကို လုပ်ဖို့ အားစိုက်နှလုံး သွင်းသွားစေချင်တယ် …’ လို့ ပြောလိုက်ပါတယ်။

တဖန် ဒေါ်စုက မြန်မာပြည်ဒီမိုကရေစီရေးနဲ့ ပတ်သက်၍ ‘ယခုအထိ လွတ်လပ်တဲ့ ရွေးကောက်ပွဲကို မတွေ့ကြုံရသေးပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ် စတင်ခြင်းပဲ ဖြစ်ပါတယ်’ လို့ ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်သင့်ပါတယ်လို့လည်း ပြောကြားသွားပါတယ်။

ဒါ့အပြင် ဒေါ်စုက ‘တပ်မတော်နဲ့ ဆွေးနွေးစကားပြောခြင်းဖြင့် အလျင်မြန်ဆုံး အခြေခံဥပဒေပြောင်းလဲမှု ကို လုပ်ချင်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်း ပိုပြီး တိုးတက်လာစေရန် လွှတ်တော်ရဲ့ ၄ ပုံ ၁ ပုံ နေရာက နေရာများ ရယူထားတဲ့ တပ်မတော်အတွက် အရေးပါအရာရောက်တဲ့ပြဌာန်းချက် ပါဝင်နေတဲ့ ယခုလက်ရှိ အခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ဖို့ အရေးကြီးပါတယ်လို့ အလေးအနက်ပြောသွားပါတယ်။

ဒေါ်စုက ၁၈ ရက်နေ့မှာ ဂျပန်ဝန်ကြီးချုပ် မစ္စတာအာဘဲနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts