>Zarganar and Collegues arrived DC

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဂတုံးကြီးဝါရှင်တန်မြို့တော်ရောက်ပြီ
ဇာဝါရီ၊ ဇန်န၀ါရီ၃၁၊ ၂၀၁၂
ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်း၊စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ ခေါ် မောင်သူရ၊ ကချင်အရေး နိုးကြားလှုံ့ဆော်နေသူနဲ့ (NDF) ပါတီင် ဒေါ်ဘောက်ဂျာ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမျိုးသမီးရေးရာ နိုးကြားလှုံ့ဆော်သူ ဒေါ်ခင်သန်းမြင့်တို့ ဝေဟင်ခရီးနဲ့ ထိုင်း၊ ဂျပန်နိုင်ငံများမှတဆင့်ဝါရှင်တန်မြို့ တော် Dulles နိုင်ငံတကာလေဆိပ်ကို ဇန်နဝါရီလ (၃၁) ရက်နေ့ (အင်္ဂါနေ့) နံနက်၉း၃၀ အချိန်မှာ ချောချောမောမော ရောက်ရှိလာကြတယ်။
သူတို့တတွေကို ဝါရှင်တန်မြို့တော်အခြေစိုက် US Campaign for Burma အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်ဒင်၊ NationalEndowment for Democracy မှ မြန်မာ့အရေး တာဝန်ခံ ကိုအောင်မော်ဇင်၊ ဝါရှင်တန် ကွန်မြူနီတီမိသားစုအဖွဲ့ဝင်ကိုထွန်းထွန်း၊ ကိုအာယု (ကိုဇာဂနာ ညီဝမ်းကွဲ) နဲ့ ကိုဇော်ဇော် တို့ သွားရောက်တွေ့ဆုံကြိုဆိုကြပါတယ်။ လွတ်လပ်သောအာရှအသံ (Radio Free Asia) မြန်မာသတင်းဌာနမှ ဗွီဒီယို မှတ်တမ်းသတင်းလာရောက်ရယူတာကို တွေ့ရတယ်။
ဝါရှင်တန်ရဲ့  အေးမြတဲ့ဆောင်းရာသီဥတုက ဒီနေ့မှာ ထူးထူးကဲကဲ နွေးထွေးနေပြီး ကိုဇာဂနာ က ပြောင်နေတဲ့ သူ့ခေါင်းကိုခေါင်းစွပ်ဝတ်၊ ခေါင်းမြီးခြုံ နေရမယ်လို့ ထင်ခဲ့တာ အခုတော့ အေးဆေးပဲလို့ ပြောပြီးဝါရှင်တန်မြို့ တော်ကြီး နဲ့ အမေရိကန်ရောက် မြန်မာမိသားစုများကို နှုတ်ဆက်လိုက်ပါကြောင်း။မကြာခင် နှစ်ပေါင်းများစွာ ခွဲခွါခဲ့ရတဲ့ မြန်မာမိတ်ဆွေ၊ မိသားစုများနဲ့ ပြန်လည်တွေ့ဆုံရမှာကိုအထူး ဝမ်းမြောက်စွာ မျှော်လင့်နေကြောင်း။
ဝါရှင်တန်မြို့ တော်တဝိုက်နေမြန်မာမိသားစုနဲ့ ဖေဖေါ်ဝါရီလ (၄) ရက်နေ့ ညနေ စကားပြောပွဲ မတိုင်ခင် USCB နဲ့ NED တို့စီစဉ်ထားတဲ့ အထက်/အောက်လွှတ်တော်၊ ဒီမိုကရေစီလှုံဆော်ရေးအဖွဲ့ စတဲ့ နေရာများမှာ နေစဉ်ရက်ဆက်မြန်မာ့အရေးဆိုင်ရာများကို သူတို့သုံးဖော် (three musketeers) တို့ ကနဦး ဆွေးနွေးတင်ပြသွားရမည်ဖြစ်ကြောင်း။သက်ဆိုင်ရာ အမေရိကန်အဖွဲ့အစည်းများနဲ့ တွေ့ဆုံစကားပြော၊ ထမင်းစားပွဲတက်စတဲ့ ကိစ္စအဝဝပြီးမှNew York နဲ့ အနောက်ဘက်ခြမ်း LA, San Francisco တို့ကို ခရီးဆက်ပြီး စောင့်မျှော်နေကြတဲ့မြန်မာတိုင်းရင်းသား မိသားစုများနဲ့ တွေ့ဆုံသွားမည်ဖြစ်ကြောင်း စကားသဝဏ်လွှာ ပါလိုက်ပါတယ်။
မိုးမခက တယ်လီဖုံးနဲ့ ဆက်သွယ်မေးမြန်းရာမှာယခု ဟီလတန်ဟိုတယ်မှာ တည်းနေကြောင်း၊ အမေရိကန်အင်တာနက် သုံးဖို့ကြိုးစားတာ ဟိုတယ်က တရက်ကို၉.၉၉ ဒေါ်လာကောက်နေတဲ့ အကြောင်း ပြောပါတယ်။ မြန်မာကွန်မြူနီတီ ပေါင်းစုံနဲ့ လက်လှမ်းမီသလောက်တွေ့ဆုံသွားမယ်။ မိတ်ဆွေတွေ အားလုံး၊ ပရိသတ်တွေအားလုံးကို နှုတ်ဆက်တယ်လို့ ပြောလိုက်ပါတယ်။
(မိုးမခ မှတ်ချက်- မိုးမခရဲ့အထောက်တော်ဇာဝရီက ၀ါရှင်တန် မေရီလင်းက သတင်းရေးသားရာမှာ ခင်မင်ရင်းနှီးမှုနဲ့ကတုံးကြီးလို့ ရေးတာဖြစ်ပါတယ်။ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts