>
မြန်မာဆေးဆရာဦးလင်းမော်အောင် စင်္ကာပူလာမည်
ဂျစ်တူး(မုံရွာ)။မိုးမခရွာဆော်ကြီးကဏ္ဍသို့ ပေးစာ။ ဇန်န၀ါရီ ၂၀၊ ၂၀၁၂
ဂျစ်တူးမိတ်ဆွေကြီးဦးမျိုးသန့်(အင်ဂျင်နီယာ) လေဖြတ်သွားတာကိုယ်တခြမ်း သေသွားတယ်၊ လမ်းမလျှောက်နိုင် စကား မပြောနိုင်ဖြစ်သွားတယ်။ တနေ့ သူနဲ့ ပြန်ဆုံကြတော့ သူ့မှာ လမ်းကောင်းေ ကာင်းလျှောက်ပြီး စကားတွေလည်ြးေ ပာနိုင်နေတယ်။လက်တဖက်ကတော့ စလွယ်သိုင်းထားတယ်။ ဘာဘဲပြောပြော ယခုလောက်ကောင်းလာတာ ကိုက တကယ့်ကံထူးရှင်လို့ ပြောမယ်ဆိုရတယ်။ ဒါနဲ့ စကားစပ်မိတော့ သူ စင်္ကာပူရော မြန်မာနိုင်ငံမှာ ရော လေဖြတ်နေတာကိုကုခဲ့ပါတယ်တဲ။့ နောက်ဆုံး ယခုဆရာ လင်းမော်အောင် ကို သွားပြပြီး ဆေးကုသလိုက်တော့မှ ယခုလို စကားကောင်းကောင်း ပြောနိုင်တာဆို ပြီး သူဆေးကုခဲ့ပုံတွေ ပြောပြပါ တယ်။
တကယ်တော့ ဆရာကြီးလင်းမော်အောင် ဆေးကုသတာကသုံးမိနစ်လောက်ပဲ ကြာတာပါတဲ့။ ( မယုံနိုင်စရာပေါ့နော် ) အမှန်တကယ်ကြီးကို လေဖြတ်သွားတာကု သပေးနိုင်တဲ့ဆရာတစ်ဆူပါဘဲဗျာ။ ကိုယ်တခြမ်း လေဖြတ်တာကို ကုပေးလို က်တာ ချက်ခြင်းကြီးကိုလမ်းပြန်ေ လျှာက်နိုင် စကားပြောနိုင်လို့ သူ့မှာ အရမ်းဝမ်သာပီတိ ဖြစ်ခဲ့ရတာ ပါတဲ့ခင်ဗျာ။
ယခုစာဖတ်သူရော … မယုံဘူးလား။ လက်တွေ့မြင်ချင်သလား။ ဂျစ်တူး အာလူးမပေးပါဘူး။ ယခုလ ၂၉ ရက်နေ့ဆို ဆရာကြီးလင်းမော်အောင်တစ်ယောက် စင်္ကာပူကိုလာပြီး၊ ဆေးကုသပေးပါတော့မယ်ခင်ဗျာ။ စင်္ကာ ပူကို လာရရင်းအကြောင်းကတော့ဂျစ်တူး မိတ်ဆွေကြီးဦးမျိုးသန့်  က သူ့ကို ဆေးကုသပေးလိုက်တဲ့ ဆရာကြီးလင်းမော်အောင်ကိုစင်္ကာပူလာလည်ဖို့ ဖိတ်ခေါ်လိုက်တာပါ။
ဆရာကြီးက စင်္ကာပူမှာရှိတဲ့ရောဂါသည်တွေကိုစေတနာအပြည့်နဲ့ ကုသပေးသွားမှာပါ။
ဆရာကြီးလင်းမော်အောင်ကုသပေးနိုင်သောရောဂါများ …
လေငန်း၊ လေဖြန်း၊ လေဖြတ်၊ အရိုးကျိုး ၊ အရိုးကြီးပေါင်းတက်၊နှလုံးသွေးကြောကျဉ်း၊ အူကျ၊ လေးဖက်နာ၊ သက်တန့်နာ၊ အကြိတ်၊ ခလေးလေပြင် … စသည့်ရောဂါများကိုကုသပေးနိုင်ပါတယ် … တဲ့။
ဆေးကုသချိန် – မနက် ၈း ၀၀ နာရီမှ နေ့ ၁း ၀၀ နာရီအထိ
ဆေးကုသမည့်နေရာ – BLK 480, JURONGWEST ST41 , # 08 – 300 , SINGAPORE 640480
ဆက်သွယ်ရန်ဖုန်းနံပါတ် – ၉၄၈၉ ၈၅၄၁ (ဦးမျိုးသန့်  )
ဆေးကုသမည့်ရက် – ဇန်န၀ါရီ ၂၉ မှဖေဖော်ဝါရီ ၁၄ အထိ
( ယခုလောလောဆယ်သတ်မှတ်ထားရက်)
ဆေးကုသခ – လူနာရှင် သဒ္ဓါသလောက်ပါ
အထူးသတိပြုရန်မှာ – လူဦးရေ ကန့်သတ်ထားပါသဖြင့်ကြိုတင်စာရင်းပေးထားကြပါရန်။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ) ဘလော့မှာ အခမဲ့  ကြော်ငြာပေးခြင်းဖြစ်ပါသည်။