>Thank you note from a freed monk to donors

>

ဇန် ၁၃ မှာ ပုသိမ်ထောင်မှ အရှင်နန္ဒလွတ်မြောက်လာ၊ အလှူရှင်များကို ကျေးဇူးတင်တဲ့စာကလေး ရေးပို့ပေးခဲ့
မိုးမခ၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၂
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်သံဃာ့အရေးတော်ပုံမှာသံဃာတော်အမြောက်အများ စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်အကျဉ်းချခြင်းကိုခံခဲ့ရတဲ့အထဲ တပါးအပါအ၀င်ဖြစ်တဲ့ ငွေကြာယံကျောင်းတိုက်က အရှင်နန္ဒဟာ ထောင်ဒဏ် ၈နှစ်ခွဲ ပုသိမ်ထောင်မှာ ကျခံနေခဲ့ရာက ဇန်န၀ါရီ ၁၃ ရက်နေ့မှာလွတ်မြောက်လာခဲ့ပါတယ်။
အရှင်နန္ဒက လွတ်မြောက်ချင်းချင်းမှာပဲအကျဉ်းကျသံဃာတော်တွေအတွက် တတ်နိုင်သလောက် လှူဒါန်းကူညီကြတဲ့ အဝေးအရပ်ကအလှူရှင်တွေကိုကျေးဇူးတင်ကြောင်း စာတိုလေးတစောင် ပေးပို့ခဲ့ပါတယ်။ အဲသည်စာကို မိုးမခကနေတင်ပြပေးဖို့ မေတ္တာရပ်ခံတဲ့အတွက် ပြန်လည်တင်ဆက်ပေးပါတယ်။
နိုင်ငံရေးအကျဉ်းသားများနဲ့တကွ အမျိုး ဘာသာသာသနာအတွက် စွန့်လွှတ်ကြသူ အကျဉ်းကျသံဃာတော်များရဲ့ ပေးဆပ်မှု၊ အနစ်နာခံမှုဟာ တန်ဖိုးဖြတ်၍မရအောင်ကြီးကျယ်မြင့်မြတ်လှပါတယ်။ မိုးမခမိတ်ဆွေ ရပ်ဝေးဒေသက အလှူရှင်များအနေနဲ့လည်းမိမိတို့ ချွေးနည်းစာများနဲ့ အာဇာနည်များကို ဂုဏ်ပြုခွင့်ရတဲ့အတွက်ဝမ်းမြောက်နိုင်ကြစေဖို့အတွက် ပြန်လည်တင်ပြလိုက်ပါတယ်။ အလှူရှင်များရဲ့ကူညီမှုကို မိုးမခက သာဓုခေါ်လိုက်ပါတယ်။
“ကျေးဇူးတင်တယ်လို့ ပြောစရာမလိုပါဘူးသံဃာတော်များဘုရား။ သာသနာ့ အာဇာနည်တွေကို ပူဇော်ခွင့်ရတာကိုပဲတပည့်တော်တို့ဖက်က ကျေးဇူးကြီးလှပါပြီ” လို့ မိုးမခက မှတ်ချက်ပေးလိုပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts