>5 ministers dismissed from cabinet – rumors said

>

ပြည်ထောင်စုဝန်ကြီးအချို့ရာထူးမှ ဖယ်ရှားခံရဟု သတင်းထွက်
နေပြည်တော်သတင်းရပ်ကွက်၊အတည်ပြုချက်မရသေး၊ ဇန်န၀ါရီ ၁၄၊ ၂၀၁၂
ယနေ့မနက်ခင်းကရန်ကုန်အခြေစိုက်ဂျာနယ်အချို့၏ အင်တာနက်စာမျက်နှာတို့တွင်ပြည်ထောင်စုဝန်ကြီးအချို့ ရာထူးအပြောင်းအလဲဖြစ်ကုန်ဟု သတင်းတင်ပြီးမှ နေပြည်တော်အစိုးရ၏ညွန်ကြားချက်ကြောင့် သတင်းကို ဖြုတ်ချထားလိုက်ရသည်ဟု ဆိုသည်။ သို့သော်သစ်ထူးလွင်အင်တာနက်တွင်မူ ထိုသတင်းကို အတိုအစတခုအဖြစ် တင်ထားဆဲဖြစ်သည်။
နံမယ်ထွက်သည့်ဝန်ကြီးများမှာပြန်ကြားရေးက ဦးကျော်ဆန်း၊ စွမ်းအင်က ဦးဇော်မင်း၊ ပြည်ထဲရေးက ဦးကိုကို နှင့်ဆည်မြောင်းနဲ့ စိုက်ပျိုးရေးက ဦးမြင့်လှိုင်တို့ကို ရာထူးမှဖယ်ရှားလိုက်သည်ဟု နေပြည်တော်မှ လာသည့် အတည်မပြုနိုင်သည့် သတင်းများက ဆိုသည်။ပြည်နယ်ဝန်ကြီးချူပ်တဦး လည်း ပါဝင်သည်ဟုလည်း ဆိုသည်။
“သိန်းစိန်က ပြပြင်ပြောင်းလဲရေးကို သဘောမတူသူတွေကိုကိုဖယ်ရှားတဲ့ လက္ခဏာပဲ။ အခု လွတ်ငြိမ်းခွင့်မှာလည်း သမ္မတ အမိန့်အာဏာနဲ့ ကြေညာတဲ့သဘောပဲ။ အဲဒါကိုကြည့်ရင် အစိုးရအဖွဲ့နဲ့ ညှိတာ သဘောကိုယူတာ မဟုတ်ဘဲ သူလုပ်ပိုင်ခွင့်နဲ့ လုပ်တာလို့ယူဆတယ်”
ဟု အတည်မပြုနိုင်သည့်သတင်းကို ကြည့်ပြီးသတင်းထောက်တဦးက မှတ်ချက်ပေးသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts