>တတိယအကြိမ်မြောက် Project Help Burma ဆန်ဖရန်ဘေးဧရိယာမှာ ရန်ပုံငွေဈေးရောင်းမည် (ဇန် ၂၂)

>

တတိယအကြိမ်မြောက်Project Help Burma ဆန်ဖရန်ဘေးဧရိယာမှာ ရန်ပုံငွေဈေးရောင်းမည် (ဇန် ၂၂)
မိုးမခရွာဆော်ကြီး၊ဇန်န၀ါရီ ၁၀၊ ၂၀၁၁
နှစ်စဉ်ကျင်းပနေကျ ဘေးဧရိယာရောက် မြန်မာ့အရေးလုပ်ဆောင်နေသူတသီးပုဂ္ဂလများ၊ အဖွဲ့အစည်းများ၏ မြန်မာပြည်ကူညီရေးရန်ပုံငွေ ဈေးရောင်းပွဲ တတိယအကြိမ်မြောက်ကိုလာမည့် ဇန်န၀ါရီ ၂၂၊ ဆန်းဒေး၊ Newark Pavillion မှာ နေ့ခင်း ၁၁ နာရီက ၃ နာရီအထိ အဆိုအက အတီးအမှုတ်များ၊ မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများ ရောင်းချပြီး ကျင်းပမည် ဖြစ်သည်။
အဆိုပါ ဈေးရောင်းပွဲတွင် မြန်မာစားသောက်ဖွယ်ရာများရောင်းချခြင်း၊ ပွဲတော်ကို ပံ့ပိုးကူညီခြင်း၊ ကမကထပြုပေးခြင်းဖြင့် ၀ိုင်းဝန်းကြပါရန်မြန်မာကွန်မြူတီနှင့် စေတနာရှင်များ၊ လုပ်အားပေးများအား ဖိတ်ခေါ်ကြိုဆိုနေကြောင်း ပွဲတာဝန်ခံသူများအနက်မှစီစဉ်နေသူများဖြစ်သည့် ကိုမိုးကျော်၊ ကိုညီညီသန်း၊ ကိုညွန့်သန်း၊ ကိုတိုးလွင်၊ ကိုဇာနည်တို့ကမိုးမခကို ပြောကြားသည်။
          ယခင်နှစ်က လက်ခံရရှိသော ရန်ပုံငွေအလှူများဖြင့်လှော်ကားရှိ Myatnama Methodist Church(Children Mission in Hlawgar) ။ တောင်ဒဂုံရှိမေတ္တာရင်ခွင်ကလေးသူငယ် စောင့်ရှောက်ရေးဂေဟာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုထောက်ကူလုပ်ငန်းတခုဖြစ်သောအမေ့အိမ်စာသင်ကျောင်းစီမံကိန်းများသို့ လှူဒါန်းခဲ့ကြောင်း ၎င်းတို့က ထုတ်ဖော်ပြောဆိုသည်။