>Kyaw Thu – FFSS Yangon Activity,

>

ရေအသက် တစ်မနက်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇန်န၀ါရီ ၈၊ ၂၀၁၂



နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးအန္တရာယ် (ရေဘေး၊ မီးဘေး၊ လေဘေး) အရေးပေါ်ကူညီထောက်ပံ့ရေး လုပ်ငန်းရပ် များအား မိမိတို့ (အခမဲ့) ကူညီဆောင်ရွက်ပေးနေသလို အခါအားလျော်စွာဖြင့် အသိပညာ၊ အတတ်ပညာရှင်များတို့နှင့် ပူးပေါင်းလက်တွဲ၍ ဓာတ်ပုံသင်တန်း၊ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း၊ ၀ိပဿနာသင်တန်း၊ အင်္ဂလိပ်စာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်း၊ သဘာဝသီးနှံဖြင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း၊ လူမှုဆက်ဆံရေးနှင့် ခေါင်း ဆောင်မှုစွမ်းရည်သင်တန်း၊ ပန်းချီသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ဒီဇိုင်းပညာနှင့် စက်ချုပ်ပညာသင်တန်း အစရှိသည်တို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ နေရာအခင်းအကျင်း ဆောင်ရွက်ပေးကာ သင်တန်းဆရာ/မများတို့မှ စေတနာထက် သန်စွာဖြင့် အချိန်ပေးသင်ကြားပို့ချပေးခဲ့ရာ စိတ်ပါဝင်စား၍ တက်ရောက်သင်ကြားကြသူများသည် ငွေကြေးတစ်စုံတစ်ရာမျှ ပေးသွင်းရန် မလိုအပ်ပဲ (အခမဲ့) လာရောက်သင်ကြားခဲ့ကြသည်။

ယခုလည်း Community Engineering Team (CET) လူထုအကျိုးပြု အင်ဂျင်နီယာအသင်းမှ ဦးသန်းနိုင် (အကြီးတန်း လိုင်စင်အင်ဂျင်နီယာ -ပြည်သူ့အကျိုးပြုအင်ဂျင်နီယာ)သည် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် တစ်နိုင်တစ်ပိုင် ရေသန့် သောက်ရေစစ်အိုး ပြုလုပ်နည်းများ၊ စာတွေ့လက်တွေ့ ဟောပြောချက်များကို ၁၉.၁.၂၀၁၂ (ကြာသပတေးနေ့) နံနက် (၉း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ တရက်တာ သင်ကြားပို့ချမည်ဖြစ်ပါသည်။ ထို့ကြောင့် “ရေအသက် တစ်မနက်” ဟူသော စကားအတိုင်း ရေ၏အကျိုး ကျေးဇူးများ၊ အသုံးဝင်ပုံများ၊ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကကျမှုများကို အချိန်အားဖြင့် (၂ ~ ၃) နာရီအတွင်း လူသားအကျိုးပြု လုပ်ငန်းရပ်ကို သိရှိနားလည်သဘောပေါက်ကြကာ မိမိတို့ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၊ တိုင်း၊ ဒေသအသီးသီးတို့တွင် ပြန်လည်၍ အကျိုး ပြုနိုင်ရန်အတွက် လာရောက်သင်တန်းတက်ကြပါရန် မြို့နယ်၊ တိုင်း၊ ဒေသအသီးသီးရှိ လူမှုရေးအသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူများ၊ ပရဟိတစိတ်ဓာတ်ရှိသူများအား ဖိတ်ခေါ်အပ်ပါသည်။






သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts