>Cho Tu Zaw – Bad News for New Year – Poem

>သတင်းဆိုး. . . . 
ချိုတူးဇော်၊ဇန်န၀ါရီ ၄၊ ၂၀၁၂

ဟောဒီ သန်း ၅၀ ထဲမှာ . . .
ဘယ်နှစ်ရာခိုင်နှုန်းများ အိပ်မပျော်ဖြစ်နေကြသလဲ.. . .
ကျနော်တို့အားလုံး လတ်လတ်ဆတ်ဆတ်
ဘောလုံးပွဲ ရှုံးထားရသလို
မချိတင်ကဲ
တောက် တခေါက်ခေါက်
ဖြစ်နေကြ ..

မြန်မာ ကို မြန်မာက ရှုံးတဲ့ပွဲ။

မြန်မာ ကို မြန်မာက ညစ်ပတ်
အနီကဒ် အ၀ါကဒ်တွေနဲ့တဖက်သတ်
ဒိုင်ပွဲရပ် အနိုင်ယူထားတဲ့ပွဲ. . .

ဒီလိုနဲ့ပဲ. . . နှစ်၅၀ ကျော်ကြာတဲ့အထိ. . .
ကျနော်တို့တွေ. ..
အာရှတောင်းကြီးအောက်ဆံုးမှာပုပ်သိုးကျန်နေရစ်ခဲ့ရ. . . ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts