>Former Political Prisoners send message to political prisoners in prisons

>

နိုင်ငံရေးအကျှုဉ်းသားဟောင်းများက အကျဉ်းထောင်ထဲမှနိုင်ငံရေးအကျဉ်းသားများသို့ ၂၀၁၂ နှစ်သစ်နှုတ်ခွန်းဆက်
မိုးမခ၊ ဒီဇင်ဘာ ၃၁၊၂၀၁၁ 
ဟံသာဝတီဦးဝင်းတင်၏ နှုတ်ခွန်းဆက်စကား

နိုင်ငံရေးအကျဉ်းသားဆိုတာအကြောင်း ၂ ချက် ကြောင့် ထောင်ထဲရောက်တယ်။ နိုင်ငံရေး အယူဝါဒ သဘောတရားလုပ်ငန်းစဉ်တွေမှာ ယုံကြည်လို့ ထောင်ကျတယ်။ နိုင်ငံရေးဆန့်ကျင်တဲ့ စစ်အစိုးရအာဏာရှင်အစိုးရတွေကို မယုံကြည်လို့ ထောင်ကျတယ်။

စစ်အစိုးရတပိုင်း သမ္မတကဒီနေ့မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ အကျဉ်းသားမရှိဘူးလို့ဆိုတယ်။ သူစကားမှာ မယုံကြည်ချက်ကြောင့် အကျဉ်းသားရှိတယ် ဆိုရင်လည်း ကျုပ်တို့ဘယ်လိုမှ မယုံပါဘူး၊ မတုန်ပါဘူး။
သမိုင်းမှာ စာရင်းချုပ်တော့ကျုပ်တို့ အားလုံးဟာ ယုံကြည်ချက်တွေ၊ မယုံကြည်ချက်တွေ အပထား၊ ကျုပ်တို့ဟာ နိုင်ငံရေးအကျဉ်းသားတွေပါပဲ။
ငါတို့ အားလုံး နိုင်ငံရေးအကျဉ်းသားတွေဟေ့။
နိုင်ငံရေးအကျဉ်းသားတွေကွ။
နိုင်ငံရေးအကျဉ်းသားဆိုတာ ငါတို့ပဲကွလို့ ကြုံးဝါးကြ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts