>Bakatha Anniversary & 73rd Anniversary of Bo Aung Kyaw held in Rangoon

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

 

 ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ၇၃ နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အခမ်းအနားကျင်းပ

 တာရာဝေယံ။ ရန်ကုန်၊ ဒီဇင်ဘာ ၂၁၊ ၂၀၁၁

           ဗိုလ်အောင်ကျော်နဲ့တကွ ကျောင်းသားအာဇာနည်အပေါင်းကို ဂုဏ်ပြုဦးညွှတ်ပွဲနဲ့ သမိုင်းတာဝန် ဆက်ခံပွဲ အခမ်းအနားကို ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်၊ သမိုင်းဘူတာရုံလမ်း၊ (၂) ရပ်ကွက်၊ မရမ်းကုန်မြို့နယ်မှာ ဗကသများအဖွဲချုပ်က ၇၃ နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့ကြောင်းသိရပါတယ်။

          အခမ်းအနားကို ကျောင်းသားအာဇာနည်များကို အလေးပြုခြင်း၊ ၀မ်းနည်းခြင်းအထိမ်းအမှတ် ၁ မိနစ်ငြိမ်သက်ခြင်း၊ အစီအစဉ်များနဲ့ စတင်ခဲ့ပါတယ်။
 
ဗိုလ်အောင်ကျော်အထုပ္ပတ္တိကို ၂၀၀၇ ဗကသအဖွဲ့ဝင် မပိုပိုမှ ဖတ်ကြားပြီး 
 
ဆရာကြီး ဒဂုန်တာရာမှ ဗိုလ်အောင်ကျော် အမှတ်တရစကားပြေကာကြားကာ
 
သူ၏ ငြိမ်းချမ်းရေးကဗျာကို ကဗျာဆရာ ဦးအံ့မောင်မှ ရွတ်ဖတ်ခဲ့ပါတယ်။
       မန္တလေး တကသခေါင်းဆောင် ဦးအောင်သူက အမှာစကားပြောကြားရာမှာ ဒီလိုနေ့တွေကို ကျင်းပရင်း ညီညွှတ်ရေးအားကောင်းအောင် တည်ဆောက်ပြီး သမိုင်းတာဝန်တွေကို ကျေပြွန်အောင်ဆောင်ရွက်ကြဖို့ ပြောကြားသွားပါတယ်။ 
       ၁၉၆၂ ရန်ကုန်တက္ကသိုလ် တကသခေါင်းဆောင် ဦးလှရွှေက အမှတ်တရစကားပြောရားရာမှာ တိုင်းပြည်အတွက် ဒီမိုကရေစီရချင်တာ၊ ငြိမ်းချမ်းရေးလိုချင်တာ၊ လူ့အခွင့်အရေးရချင်တာတွေအားလုံးဟာ အုပ်ချုပ်သူတွေရဲ့အပေါ်မှာ မူတည်တယ်။ လူတယောက်ရဲ့တန်ဖိုးဆိုတာ ဆရာဗန်းမော်တင်အောင်ပြောသလို သမိုင်းခေတ်က ကိုယ့်ပုခုံးပေါ် တင်ပေးလိုက်တဲ့တာဝန်တွေကို ဘယ်လောက်ကျေပြွန်အောင် ဆောင်ရွက်နိုင်သလဲဆိုတာနဲ့ တိုင်းတာရမှာဖြစ်တယ် စသည်ဖြင့် ပြောကြားသွားပါတယ်။
 
  ၁၉၈၈ ဗကသခေါင်းဆောင် ကိုညိုထွန်းက ဒီနေ့ခေတ်ဟာ အစဉ်အလာ နိုင်ငံရေးတွေနဲ့ဆောင်ရွက်လို့မရတော့ကြောင်း၊ စစ်တပ်ဟာ စနစ်တကျ ဆုတ်နေကြောင်း ထိုအခြေအနေကို ဆုပ်ကိုင်၍ နိုင်ငံရေးကိုဆောင်ရွက်ရမှာဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။
   ဗိုလ်အောင်ကျော်၏တူမဖြစ်သူ ဆရာမ ဒေါ်သန်းသန်းဌေးမှလည်း အမှတ်တရစကားပြောကြားခဲ့ပါတယ်။
     စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးက သူမ၏အဖေဖြစ်သူ စာရေးဆရာကြီး မဟာဆွေရေးခဲ့သော ဗိုလ်အောင်ကျော်အကြောင်းနှင့် သူ၏ သမိုင်းဖြစ်ရပ်များကို ပြောပြသွားပါတယ်။
     ဗကသကိုယ်စား မဖြိုးဖြိုးအောင်က အမှတ်တရစကားပြောကြားကာ
 
ဗိုလ်အောင်ကျော်နေ့အတွက် ဗကသသို့ပေးပို့သော သ၀ဏ်လွှာများ ကိုလင်းထက်နိုင်က ဖတ်ကြားခဲ့ပါတယ်။
      ကဗျာဆရာ ကိုလေးအောင်ရဲ့ ဗိုလ်အောင်ကျော်တမ်းချင်းကဗျာကို ဗကသမှ မင်းသွေးသစ်နဲ့ ကဗျာနေထက်နိုင်တို့ ရွတ်ဆိုခဲ့ကြပါတယ်။

ဦးနိုင်းနိုင်း၊ ဦးဝင်းတင်
   
သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်မှာ တည်ထောင်းထားတဲ့ အသောကပညာရေးဖောင်ဒေးရှင်းမှာ တာဝန်ရှိသူတဦးက ဗိုလ်အောင်ကျော်နေ့ အမှတ်တရ စကားပြောကြားပေးပါတယ်။


   အခမ်းအနားကို ကျောင်းသားသမဂ္ဂသီချင်းများ သီဆိုတဲ့အစီအစဉ်များနဲ့ နေ့လည် ၁၁ နာရီခွဲမှာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts