>Aung San Movie seeks Facebook fans


>

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အစီအစဉ် Facebook ပေါ် တင်
မိုးမခအထောက်တော် အမှတ် ဝဝ၃
ဒီဇင်ဘာ ၁၃၊ ၂ဝ၁၁


၃ နှစ်အတွင်း ပြီးစီးအောင် ရိုက်ကူးမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် အင်တာနက်တွင် ဆွေးနွေးမှုများ ဖိတ်ခေါ်လျက်ရှိသည်။

“Bogyoke Aung San Movie ဆိုတဲ့ အမည်နဲ့ Facebook တင်လိုက်ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်တာမှန်သမျှ ၀င်ရောက် ဆွေးနွေးပေးကြပါ” ဟု လူရွှင်တော် ဇာဂနာ၏ Facebook တွင် ယမန်နေ့က ရေးသားထားသည်။

တရက်အတွင်း Bogyoke Aung San Movie တွင် ပရိသတ် ၆၀၀ ကျော်သွားကြောင်း တွေ့ရသည်။

Facebook တွင် Bogyoke Aung San Movie ဟူသော စာလုံးများကို ထည့်သွင်းရှာဖွေပါက ထိုစာမျက်နှာသို့ ရောက်နိုင်မည် ဖြစ်သည်။

Facebook သုံးသူများ ထိုရုပ်ရှင်၏ အွန်လိုင်းပရိသတ် ဖြစ်လိုပါက Like ဟူသော ခလုတ်ကို နှိပ်လိုက်နိုင်သည်။ ထိုစာမျက်နှာတွင် ပေါ်လာမည့် ဆွေးနွေးချက်များ၊ တင်ပြချက်များကို ကြည့်ရှု ဖတ်ရှုရန် ပိုမို အဆင်ပြေမည် ဖြစ်သည်။

ဤရုပ်ရှင်အား လာမယ့် ၃ နှစ်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အမှီ ရိုက်ကူးပြီးစီးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်ဟု သိရသည်။

“ဦးမိုးသူ(ဥက္ကဌ)ဇာဂနာ(အတွင်းရေးမှူး)အဖြစ် လုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး ကော်မီတီကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)နဲ့ ကြည်ဖြူသျှင်တို့ ဦးဆောင်မယ့် ရန်ပုံငွေရှာဖွေရေးအဖွဲ့ ၊မောင်မောင်ဦး(စနှိုးဝှိုက်)ကိုလွင်တို့ ဦးဆောင်မယ့် ဇာတ်ညွှန်းအဖွဲ့၊ အချက်အလက် စုဆောင်းရေး အဖွဲ့ကို မောင်စိမ်းနီ(ပိတောက်ပွင့်သစ်)ကိုမော်လင်း(ပြည်သူ့ခေတ်)တို့က ဦးဆောင်ပါတယ်” ဟု ဇာဂနာ၏ ဖေ့စ်ဘုတ်တွင် ရေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts