>Hornbill Festival in Nagaland

>

အိန္ဒိယမြန်မာနယ်စပ် အောက်ချင်းငှက်ပွဲတော်
ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၁၁၊ ၂ဝ၁၁

ဒီဇင်ဘာ ၂ ရက်နေ့က တွေ့ရသော အိန္ဒိယမြန်မာနယ်စပ် နာဂဒေသ Hornbill Festival ခေါ် အောက်ချင်းငှက်ပွဲတော် ဒုတိယနေ့ (ဓာတ်ပုံများ – AP)

အိန္ဒိယနိုင်ငံ နာဂလန်း (Nagaland) ပြည်နယ် အစိုးရက ၂၀၀၀ ပြည့်နှစ်မှ အစပြုပြီး နာဂရိုးရာယဉ်ကျေးမှုကို မြှင့်တင်ရန် ပြုလုပ်သော ပွဲတော် ဖြစ်သည်။

ပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာ ၁ ရက်နေ့မှ အစပြုပြီး ၇ ရက်ကြာ ပြုလုပ်ကြသည်။

ပြည်နယ်မြို့တော် ကိုဟီးမား (Kohima) နှင့် ၁၂ ကီလိုမီတာဝေးသော Kisama ကျေးရွာတွင် ပြုလုပ်လေ့ ရှိသည်။ မြန်မာနယ်စပ်နှင့် များစွာ ဝေးကွာခြင်း မရှိပေ။

ထိုဒေသမှ နာဂမျိုးနွယ်စုများအားလုံး ပါဝင် ဆင်နွဲကြသည်ဟု သိရသည်။ ပွဲတော်တွင် အကအခုန်၊ အားကစား၊ ရိုးရာအစားအစာပွဲ၊ အနုပညာ နှင့် လက်မှုပညာပြပွဲ စသော အစီအစဉ်များ၊ အခမ်းအနားများကို တွေ့နိုင်သည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts