>Kyaw Thu – FFSS Yangon Activity,

>

ကချင်ပြည်နယ်သို့ ဒုတိယနေ့ခြေလှမ်း
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၆၊ ၂၀၁၁


၅.၁၂.၂၀၁၁ ရက်နေ့တွင် နံနက် (၉း ၀၀) နာရီတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)၊ အမရပူရမြို့ “ဘ၀အလင်း” ပရဟိတအဖွဲ့နှင့် ဒေသခံ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အစည်းအဝေးပြုလုပ်ကြပြီး (၁၁း ၄၅) နာရီအချိန်တွင် အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း သက်ဆိုင်ရာ ဒုက္ခသည်စခန်းများသို့ စတင်ထွက်ခွာခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ၀န်းသိုဘုန်းတော်ကြီးကျောင်းသို့ ထွက်ခွာခဲ့ရာ အဆိုပါကျောင်းတွင် ရောက်ရှိနေသော ကျောင်းသား/သူများသည် ၁.၁၂.၂၀၁၁ ရက်နေ့တွင် စတင်ရောက်ရှိလာခဲ့ပြီး တာလောကြီး ကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေကြသော ကျောင်းသား/သူ (၁၉၉) ဦးတို့ဖြစ်ကြသည်။ ၎င်းကလေးငယ်များမှာ တာလောကြီးကျေးရွာ တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေမှုကြောင့် စာသင်ကြားရန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည့်အတွက် မြစ်ကြီးနားမြို့ပေါ်ရှိ စစ် ဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထပ်မံ၍ စီတာပူ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းရှိ (၄၅၆) ဦး၊ မန်ခိန်ဘုရားရှိခိုးကျောင်းရှိ (၃၀၃) ဦး၊ ရွှေစက်နှစ်ခြင်းအသင်းတော်ရှိ (၂၁၇) ဦး၊ အင်ဂျန်ခုံဘုရားကျောင်းရှိ (၁၇၀) ဦးတို့အား တစ်ဦးလျှင် အလှူငွေ (၃၅၀၀) ကျပ်နှုန်းဖြင့် ကူညီလှူဒါန်းထောက်ပံ့ခဲ့သည်။ ညနေ (၄း ၀၀) နာရီအချိန်မှစ၍ နယ်မြေလုံခြုံရေးအရ မိမိတို့တည်းခိုရာနေရာဖြစ်သော ဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်၍ ရောက်ရှိကြ ကာ ညပိုင်းတွင် ၆.၁၂.၂၀၁၁ ရက်နေ့ လှူဒါန်းမှုအစီအစဉ်အား ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုကို ပြုလုပ်ခဲ့ကြသည်။

“လူမှုရေးသမားများ၏ခြေလှမ်းတိုင်းသည် ကုသိုလ်ရေးခြေလှမ်းများဖြစ်ရမည်”

မှတ်တမ်းဓာတ်ပုံများ