>Maesot-Myawaddy bridge to be reopened Monday ‎

>

မဲဆောက်-မြ၀တီတံတားကို ပြန်ဖွင့်တော့မည်
မိုးမခအထောက်တော် အမှတ် ဝဝ၉
ဒီဇင်ဘာ ၃၊ ၂ဝ၁၁


မဲဆောက် – မြ၀တီတံတား ပိတ်ထားသည့်ကာလများတွင် သောင်ရင်းမြစ်ကို လှေနှင့် ဖြတ်ကူးသူများ ရှိသကဲ့သို့ မော်တော်ကားကျွတ်များဖြင့် ဤသို့ ကူးသန်းသူများလည်း ရှိသည်။ (ဓာတ်ပုံ – Swiatoslaw Wojtkowiak)

ထိုင်းဘုရင်မင်းမြတ်၏ ဒီဇင်ဘာ ၅ ရက်နေ့ မွေးနေ့အဖြစ် မွေးနေ့လက်ဆောင်များ မြန်မာအစိုးရတွင် အစီအစဉ်များ ရှိနေသည်။

တနှစ်ကျော်ကြာ ပိတ်ထားသော မဲဆောက် – မြ၀တီ တံတားသည် တနင်္လာနေ့တွင် ပြန်ဖွင့်တော့မည်ဟု ထိုင်းနိုင်ငံ တပ်ခရိုင်အုပ်ချုပ်ရေးဌာန ဒုတိယ အကြီးအကဲ Wuthi Sithisurat က
ယနေ့ ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာ အွန်လိုင်းတွင် ရေးသားဖော်ပြထားသည်။

မြန်မာအစိုးရက ယခင်နှစ် ဇူလိုင်လက ပိတ်ထားခြင်း ဖြစ်သည်။

ယခု ပြန်ဖွင့်မည့် အစီအစဉ်ကို မြ၀တီခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုလာသည်ဟု Wuthi Sithisurat က ပြောဆိုသည်။

ထိုင်း ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်ကြီးများအား ထိုနေ့တွင် ပြုလုပ်မည့် နယ်စပ်စီးပွားရေးဇုန်ဖွင့်ပွဲ တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ဆိုသည်။

ကြာသပတေးနေ့ကလည်း မြန်မာပြည်ထောင်များရှိ ထိုင်းအကျဉ်းသား ၈ ဦးအား ပြန်လွှတ်ပေးလိုက်သည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ပြန်လွှတ်ပေးလိုက်သည့် အချက်များတွင် “၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ (၈၄)နှစ်မြောက် ရက်မြတ် မွေးနေ့ မင်္ဂလာ ကျရောက်မည် ဖြစ်သောကြောင့်လည်းကောင်း” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts