>
ဘုရားသခင် မဖန်ဆင်းနိုင်တဲ့ ချစ်ခြင်းမေတ္တာအကြောင်း
ကမာပုလဲ
နိုဝင်ဘာ ၁၈၊ ၂၀၁၁
ကမာပုလဲ
နိုဝင်ဘာ ၁၈၊ ၂၀၁၁
ဘ၀ရဲ့ ဒုက္ခမျက်ရည်များ
မင့်အတွက်
မြစ်တစင်းလို
စဉ်ဆက်မပြတ် စီးဆင်းနေဆဲပါလား …။
မင့်အတွက်
မြစ်တစင်းလို
စဉ်ဆက်မပြတ် စီးဆင်းနေဆဲပါလား …။
မင့်ဝေဒနာနဲ့
တန်ရာတန်ကြေး အဖိုးအခကို
သတ်မှတ်ပေးချေဖို့ မလိုပါဘူး၊
ဒါကို
နည်းနည်းလေးမျှ
စိုးရိမ်သောက၊ ဗျာပါဒတွေနဲ့
ပူလောင်ကြောင့်ကြ ဖြစ်လို့မနေစေချင်ဘူး။
တံတားကလေး တစင်းအဖြစ်
ငါ့ပေးဆပ်မှုတွေ
မင့်အတွက် … ထာဝရ
ခင်းကျင်းထားလိုက်တယ် …။
မင့်ရဲ့ လိုရာကမ်းကို ဆိုက်အောင်
မင့်အလိုကျ …
အချိန်မရွေး …
နင်းလျှောက် ဖြတ်သန်းသွားပါလေ …။ ။
Simon and Garfunkel ၏ Bridge over trouble water သီချင်းကို မြစ်ဖျားခံ ထပ်ဆင့်ခံစားသည်။
http://www.youtube.com/watch?v=jjNgn4r6SOA&feature=related
