>
တိုတိုတုတ်တုတ်
မောင်လွမ်းဏီ၊ နိုဝင်ဘာ ၆၊ ၂၀၁၁
ကျုပ်က
ငှက်တကောင်ဆိုရင်
ဇင်ယော်လိုလည်း
မြစ်ပေါ်ဝဲပျံရဲတဲ့ နရီ ရှိတယ်။
ထင်ယောင်ထင်မှားမတွေးပါနဲ့ ။
ကျုပ်က
ငါးတကောင်ဆိုရင်
ငါးပျံလိုပဲ
လှိုင်းထဲမှာခုန်ပေါက်ဖို့  တေးသံ
ကျောက်ဆောင်နံရံကိုပဲ့တင်
ထင်သာမြင်သာ မဖြစ်ဘူး မပြောပါနဲ့ ။
ကျုပ်က
ပိုက်ကွန်နဲ့ မှိန်း
ကျိန်းသေခုတ်မဲ့ဓား
ရှောင်ရှားစရာမလိုတဲ့
ရေမြွေမြက်လျှော
ဒိုက်သရောထဲကရေသတ္တ၀ါ မဟုတ်တော့လည်း
ပြဿနာပဲလို့  မသုံးသပ်ပါနဲ့ ။
ကျုပ်က
ဧရာဝတီကိုဆာလောင်တယ်
ကိုယ့်တိုင်းပြည်မြို့ ပြက
ကျုပ်ကို
နင်ပဲငဆရန်ထောင် တိုင်းထွာတယ်
ကျုပ်ကဇာတိမာန်အကြောင်း
အာကောင်းမောင်းသန်ကဗျာဖွဲ့ သီ
အဲဒီအချိန်မှာပဲ
ဆည်ရေဖောက်တယ်၊ဆည်ကျိုးတယ်
ကျုပ်လည်းရင်ကျိုး သပ။
ငှက်မဟုတ်
ငါးမဟုတ် မြွေ မဟုတ်
ကျုပ်က
ခြေခြင်းခတ်ခံထားရတဲ့အကျဉ်းရဲတိုက်သား
လျှာကိုထိပ်တုံးခပ်ထားတာ ခံနေရသူ။
ကျုပ်က
လူထုအသံ ကြားချင်လို့ 
ကဗျာငတ်ခံဆန္ဒပြနေတာ ။ ။
(Illustration from http://www.poeticstreetz.blogspot.com/)
