>
ငါများစွာသို့ … ညွှန်း
ကျော်ဟုန်း
အောက်တိုဘာ ၂၁၊ ၂၀၁၁
ကျော်ဟုန်း
အောက်တိုဘာ ၂၁၊ ၂၀၁၁

ညဥ့်ငှက်ဆိုးတွေ မြူးနေတဲ့ ညနက်များစွာကို
အရက်ကြမ်းတခွက်မော့ရင်း အမြည်းအဖြစ်မြည်း
အလှဘဝကိုပုံဖော်ဖို့ စိန်ခေါ်သူများ။
အလှတိုက်ပွဲက လိုက်ပွဲတွေရှည်တော့
အဖြူက ကြားရောင်စုံစွန်းထင်
သွေဖည်သူလဲရှိရဲ့၊ မသွေဖည်သူလဲ ရှိခဲ့။
အဖြူတို့ရဲ့ မျိုးခွဲဟာ ရောင်စုံ
ရောင်စုံတို့ရဲ့ ဆုံမှတ်ဟာ အဖြူ
ငါများစွာရဲ့အတ္တများကို ယိုထိုးပြူပြင်ဖို့ 
ရှုးဂါးကိန်းလေး မစပါ။
ပျော့နေတဲ့စိတ်ဓာတ်တွေကို မီးဖုတ်ကြစို့
ကစားမလား နားမလား ပရိဿတ်တိဲု့
ခါးတကယ်တို့ရင် ယားတယ် မတွန့်ကြေး
စိန်မခေါ်ခင် တိမ်ပေါ်ထိ လိုက်ဝံ့မလား
ကိုယ့်ကိုယ်ကို အရင်မေး
နောက်ပြီးမှ သူများကိုမေး။
အတ္တကို အတ္တနဲ့စားရင်း
ငါကို ငါနဲ့ ဝါးရင်း
မေတ္တာနဲ့ သစ္စာပေါင်းရင် အချစ်ဖြစ်မလား
ထာဝရ ရန်သူမဟုတ်၊ မိတ်ဆွေမဟုတ်တဲ့လောက
လေညင်းသွေး တချက်အခတ်ကို ရူးကြစို့ 
ငါများစွာတို့။ ။