>Burma and Malaysia to swap detainees

>

မြန်မာနှင့် မလေးရှား အကျဉ်းသား လဲလှယ်ရန် သဘောတူ
The Star သတင်းစာ
အောက်တိုဘာ ၁၈၊ ၂၀၁၁
၂၀၀၉ ဇူလိုင် ၂၃ ရက်နေ့က တွေ့ရသော ကွာလာလမ်ပူမြို့ပြင် Lenggeng လ၀က ထိန်းသိမ်းရေးစခန်းမှ မြန်မာပြည်သားများ (ဓာတ်ပုံ AP)


မလေးရှားနိုင်ငံ လဝက ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသော မြန်မာပြည်သားများကို အကျဉ်းသား လဲလှယ်ရေး အစီအစဉ်အရ နေရပ်ရင်းသို့ ပြန်ပို့မည်ဖြစ်သည်။

ဤအစီအစဉ်အရ မြန်မာပြည်တွင် ထိန်းသိမ်းခံနေရသော မလေးရှားတို့လည်း နေရပ်ရင်း ပြန်နိုင်မည်ဟု ပြည်ထဲရေးဝန်ကြီး Datuk Seri Hishammuddin Hussein က ပြောသည်။

“လောလောဆယ် ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာပြည်သားက တထောင်ဝန်းကျင်တော့ ရှိမယ်၊ ဒါပေမယ့်လည်း ပြန်ပို့မယ့် အရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။ ရှေ့တပတ်ထဲမှာ ၂ နိုင်ငံ အရာရှိတွေ ဆွေးနွေးကြပါဦးမယ်၊ လုပ်ငန်းစတင်နိုင်ဖို့အတွက် လဲလှယ်ရေးအစီအစဉ် အသေးစိတ်ကို ဆွေးနွေးကြမှာပါ” ဟု သူက သတင်းထောက်များကို ပြောသည်။

မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့် တွေ့ဆုံအပြီးတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာပြည်က ပြန်ပို့မည့် မလေးရှားနိုင်ငံသားအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလည်း သူက ပြောပြသည်။

ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိန်းသိမ်းရေးစခန်းများတွင် အကျဉ်းသားဦးရေ ပြည့်ကျပ်နေခြင်းကို ဖြေရှင်းနိုင်ပြီး ၂ နိုင်ငံ ဆက်ဆံရေး ပိုမို နီးကပ်စေမည်ဟု သူက ပြောပြသည်။

မူရင်း – The Star သတင်းစာ
ဘာသာပြန် – မိုးမခ