>
လူချစ်လူခင်
အောက်တိုဘာ ၁၄၊ ၂၀၁၁

အလင်းတန်းဂျာနယ်၊ အောက်တိုဘာ ၁၀
စာရေးဆရာကြီး မောင်သာရက သူ့စာအုပ်တွေ ထုတ်ဝေမှာကို ခွင့်မပြုနိုင်ပါဘူးတဲ့။
စာပေစိစစ်ရေး ဆိုတဲ့ မကောင်းဆိုးဝါး ကာလနာ ဌာန ရှိနေသမျှ ခွင့်မပြုပါ တဲ့။
သူ့လက်ရေးနဲ့ ပေးစာကို အလင်းတန်းဂျာနယ်မှာ တွေ့ရပါတယ်။
၇ ရက်သတင်းဂျာနယ်ထဲမှာတော့ ဖတ်စရာ ကြည့်စရာ အများကြီးပါဘဲ။
ကိုကျော်သူ မကြာသေးခင်က ရိုက်ကူးထားတဲ့ပုံဖြစ်တယ်လို့ မသီတာ/facebook က ဆိုပါတယ်။ပြည်သူ့ဂုဏ်ရည်တီရှပ် ၀တ်ထားပါတယ်။
မင်းထင်ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာကို ကိုလံဘီယာ ကဗျာပွဲတော်မှာ ရွတ်ခဲ့ပါတယ် တဲ့။
မြန်မာပြည်သိန်းတန်နဲ့ အင်တာဗျူး
သူ့ရဲ့ ရှားရှားပါးပါး ပြည်တော်ပြန်ခရီးမှာ အသက် ၁၀၀ ပြည့် မိခင်နဲ့ တွေ့မယ်လို့ ဆိုပါတယ်။အဆိုတော်ကြီးက အင်းဝသားလို့ သိရပါတယ်။
ဂျပန်မှာ ရှေ့လထဲ တွေ့ရမယ့် စာပေဟောပြောပွဲချစ်ဦးညို၊ မောင်စိန်ဝင်းပုတီးကုန်း၊ နုနုရည်အင်းဝတို့ သွားကြမယ် တဲ့။
သူတို့ရဲ့ ခရီးစဉ်အကြောင်း သတင်းစာမှာ ပါပါတယ်။
facebook မှာလည်း ဒီခရီးစဉ်အကြောင်း မှတ်ချက် တခုကို ဒီလို တွေ့ရပါတယ်။
“တစ်ခုတော့ပြောချင်တယ်၊ ၂၀၁၀ ကစပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း၊ အခု ဖိလစ်ပိုင်စသည်ဖြင့် မီဒီယာပူးပေါင်းရေးအစီအစဉ်တွေအရ သွားနေကြတယ်။ ကြိုဆိုပါတယ်။ဒါပေမယ့် ဒီမျက်နှာတွေပဲတွေ့နေရတော့ မျိုးဆက်သစ်လေးတွေ၊ နောက်ပြီး စာပေစာနယ်ဇင်းအဖွဲ့ကို မ၀င်သေးတဲ့ ဂျာနယ်တွေများ လွှတ်လို့ မရဘူးလားလို့ တွေးမိပါတယ်။ မဆလခေတ်က နိုင်ငံခြားကို အားကစားအဖွဲ့ တွေလွှတ်တဲ့အခါ နိုင်ငံခြားသွားဖူးချင်လို့ အမျိုးတွေချည်းပဲ လက်ဝါးရိုက်ထည့်ရာကနေ မြန်မာ့အားကစားကမ္ဘာ့နင်းပြားဘ၀ရောက်ရတယ် လို့ လဲကြားဖူးတယ်။ ဟဲဟဲ အယ်ဒီတာချုပ်ကြီးများ စာနာနိုင်ဖို့ပါ။ တော်ပြီးသား အတွေ့အကြုံရှိပြီးသားတွေချည်းပဲ သွားနေတော့ နောက်လူတွေ လေ့လာစရာမကျန်မှာစိုးလို့ပါဗျာ”









