Zaw Htet (Pyinmanar) – Poem

ကမ္ဘာဖျက်မဲ့ “ငါ” ကဗျာပျက်တစ်ပုဒ်
ဇော်ထက် (ပျဉ်းမနား)
မေ ၃၊ ၂၀၁၃


ငါနဲ့ မတု
ငါ့ရန်သူတဲ့
ငါနဲ့ ဘာသာမတူ
ငါ့ရန်သူတဲ့
ငါနဲ့ အသားရောင်မတူ
ငါ့ရန်သူတဲ့……။
ပြည်မြန်မာမြေမှာ တထိတ်ထိတ်နဲ့
ဒီ “ငါ” တွေ သိပ်သိပ်များနေခဲ့ပေါ့
ဒီကမ္ဘာမှာလေ သိပ် အဆိပ်များတဲ့
ငါ
ငါ
ငါ
ကမ္ဘာကိုဖျက်တဲ့ အလုပ်နဲ့
အဲဒီ…“ငါ” ဆိုတဲ့ ရမက်တစ်လုပ်ဟာ
ကဗျာတိုပျက် တစ်ပုဒ် ဖြစ်ခဲ့ရတာလား…။      ။