>SF Bay Area Burmese Literary Talk with U Win Pe, Maung Swan Yi, Cho Tu Zaw

>

ဘေးဧရိယာမြန်မာစာပေဟောပြောပွဲနှင့်အတူကဗျာနဲ့ အက်ဆေးပြိုင်ပွဲ စည်ကား
မိုးမခဓာတ်ပုံသတင်း၊အောက်တိုဘာ ၁၁၊ ၂၀၁၁
အောက်တိုဘာ ၈၊ စနေနေ့ကဆန်ဖရန်ဘေးဧရိယာမြန်မာစာပေချစ်သူများနှင့် BADA အဖွဲတို့ ပူးပေါင်းကျင်းပခဲ့သည့်၁၂ကြိမ်မြောက်မြန်မာစာပေဟောပြောပွဲကို ကျင်းပခဲ့သည်။ ဟောပြောပွဲတွင်ဆရာဦးဝင်းဖေ၊ ဆရာမောင်စွမ်းရည်တို့နှင့်အတူ မြန်မာပြည်မှ အိုင်အိုဝါတက္ကသိုလ်နိုင်ငံတကာစာရေးဆရာအစီအစဉ်ဖြင့် ရောက်ရှိနေသော ဧည့်သည် စာရေးဆရာ၊ ဒါရိုက်တာချိုတူးဇော်တို့ကို ဖိတ်ခေါ်ပြီး ဟောပြောခဲ့ကြသည်။ 

ဧည့်ပရိသတ် ၂၀၀ ခန့် တက်ရောက်သောပွဲတွင် ထူးခြားသော အစီအစဉ်အဖြစ် ကလေးသူငယ်များနှင့် ဆယ်ကျော်သက်လူငယ်များ၏ကဗျာရွတ်ပြိုင်ပွဲ ကျင်းပခဲ့ပြီး ဟောပြောပွဲအထိမ်းအမှတ်စာစီစာကုံးဖိတ်ခေါ်ပြိုင်ပွဲရလဒ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

နောက်တရက်တွင် Save Irrawaddy =Save Burma စကားဝိုင်းကို စာရေးဆရာ မောင်စွမ်းရည်၊ ဆရာချိုတူးဇော်တို့နှင့်အတူမေတ္တာနန္ဒကျောင်းတိုက်တွင် ဆရာတော်သံဃာတော်များ၊ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများက ဧရာဝတီအရေး စိတ်ဝင်စားသူများ တက်ရောက်ပြီးဆွေးနွေး ပြောဆိုကြသည်ကို တွေ့ရသည်။

မိုးမခက ရုပ်သံအစီအစဉ်ဖြင့်ဆရာများ၏ ဟောပြောချက်၊ စာချစ်သူများ ဆွေးနွေးမှု၊ ကလေးလူငယ်များ၏ပြိုင်ပွဲဝင်တင်ဆက်မှုများကို ထုတ်လွှင့်ပေးမည်ဖြစ်သည်။